ဒီပင်္ကရာဘုရား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၉ -
 
=== ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း ===
တစ်နေ့တွင် ဒီပင်္ကရာ ဘုရားရှင်သည် နောက်ပါရဟန္တာ လေးသိန်း ခြံရံလျက် ရမ္မာဝတီပြည်သို့ ကြွတော်မူလာခဲ့ရာ လမ်းခရီးတွင် ဂေါတမဘုရား အလောင်းသုမေဓာ ရှင်ရသေ့အား “နောက်လာမည့် ဘဒ္ဒကမ္ဘာတွင် ဂေါတမမည်သော ဘုရားဖြစ်လတံ့”ဟုဘုရားဖြစ်လတ္တံ”ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့သည်။ ဒီပင်္ကရာဘုရားရှင်သည် ဗျာဒိတ်စကား မြွက်ကြားတော်မူပြီးနောက် ဆွမ်းပင့်ရာ ဌာနသို့ ကြွတော်မူပြီးလျှင် ရမ္မာဝတီပြည်သူတို့၏ ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူနေသောအခါ သုမေဓာရှင်ရသေ့သည် ပါရမီတော် တို့ကို ဆင်ခြင်တော်မူခဲ့သဖြင့် တရား၏တန်ခိုး အာနုဘော်အားဖြင့် မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ခဲ့လေသည်။ ထိုသို့မြေလှုပ်သဖြင့် ဆွမ်းကျွေးမွေးနေသူ လူအပေါင်းတို့သည် ကြောက်ရွံ့ကြ၍ ဒီပင်္ကရာဘုရားရှင်အား လျှောက်ထား ကြရာ “ကြောက်ရွံ့ဖွယ်မရှိ၊ သုမေဓာရှင်ရသေ့၏ တရားတော်ကို ဆင်ခြင်ခြင်းအတွက် မြေလှုပ်ခြင်း ဖြစ်သည်”ဟု ဟောတော်မူခဲ့၏။ လူအများတို့သည် သုမေဓာရှင်ရသေ့ထံသို့ သွားကာ ကောင်းချီးပေးကြကုန်၏။
 
=== ဒီပင်္ကရာဘုရားရှင်၏ တပည့်သာဝကများ ===