မြန်မာကျပ်ငွေ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၃ -
ပျူခေတ်၊ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာခေတ်တို့တွင် ဟန်လင်းဒင်္ဂါးများကို ကျပ်စေ့၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့ဟူ၍၎င်း၊ နွားလားဥဿဘ၊ သပြေညွှန့်နှင့် မင်းအမည်ခပ်နှိပ်ထားသော ရခိုင်ဒင်္ဂါးများနှင့် ဟင်္သာရုပ်ပါ ရှိသည့် မွန်ဒင်္ဂါးများကို၎င်း ငွေကြေးအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်ကို အထောက်အထားများ တွေ့ရှိရပြီး ပုဂံခေတ်၊ အင်းဝခေတ်တို့တွင် ငွေတုံးငွေခဲများကိုသာ အစိတ်သား၊ နှစ်ဆယ်သား၊ တဆယ်သား စသည်ဖြင့် ပြုလုပ်သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်ခေတ်၏ ဘိုးတော်ဘုရားလက်ထက်တွင် ခေတ်မီ မြန်မာ့ဒင်္ဂါးများကို ကာလကတ္တားမြို့တွင် သွန်းလုပ်သုံးစွဲခဲ့သည်။ ၎င်းတို့မှာ မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးတို့ ဖြစ်သည်။ ဘကြီးတော် သာယာဝတီနှင့် ပုဂံမင်းတို့လက်ထက်တွင်လည်း ထိုလေးမျိုးကိုပင် သုံးစွဲခဲ့ကြသည်။
=== ပထမဆုံးကျပ်ငွေ (၁၈၅၂-၁၈၈၉ ခုနှစ်) ===
[[မင်းတုန်းမင်း]]လက်ထက်တွင် ဒင်္ဂါးသွန်းစက်ကို အင်္ဂလန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် -ရက်နေ့တွင် မန္တလေးနေပြည်တော်၌ မြန်မာဒေါင်းဒင်္ဂါးများကို စတင်သွန်းလုပ်ခဲ့သည်။ ဒေါင်းဒင်္ဂါးများကို ရွှေဖြင့် တမတ်စေ့၊ တပဲစေ့များ ထုတ်လုပ်ပြီး ငွေဖြင့် တကျပ်စေ့၊ ငါးမူးစေ့၊ တမတ်စေ့၊ တမူးစေ့နှင့် တပဲစေ့ဟူ၍ ငါးမျိုး သွန်းလုပ်ခဲ့သည်။ ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅-ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါး စတာလင်တပေါင်ဖြစ်သည်။
 
=== ဗြိတိသျှခေတ် ===
စာကြောင်း ၄၉ -
၁၉၄၇-ခုနှစ် မတ်လ ၃၁-ရက်နေ့တွင် အိန္ဒိယရီဇတ်ဘဏ်နှင့် ဆက်သွယ်မှုကို ရပ်စဲပြီး မြန်မာငွေစက္ကူ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်များအဖြစ် -
 
# ဘုရင်ခံက ခန့်အပ်သည့် သဘာပတိတဦး။သဘာပတိတစ်ဦး။
# မြန်မာနိုင်ငံတွင် မွေးဖွားသူ အဖွဲ့ဝင် ၂-ဦး။
# မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှအဖွဲ့ ဝန်ကြီးက ခန့်အပ်သည့်အဖွဲ့ဝင်တဦး။ခန့်အပ်သည့်အဖွဲ့ဝင်တစ်ဦး။
# အင်္ဂလန်ဘဏ်ဥက္ကဋ္ဌ (Governor) က ခန့်အပ်သည့်အဖွဲ့ဝင်တဦးတို့ခန့်အပ်သည့်အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်သည်။
 
=== ယနေ့ခေတ်ကျပ်ငွေ ===