အမျိုးသမီးများ၏ အခွင့်အရေး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
 
အမျိုးသမီးများ၏ အခွင့်အရေး ဆိုသည့် ဝေါဟာရသည် အသက်အရွယ်မရွေး အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးတို့၏ လွတ်လပ်ခွင့်နှင့် ခံစားပိုင်ခွင့်ရှိသည့် အရာများအား ရည်ညွှန်းသည်။ တစ်ခုသော လူမှုအဖွဲ့အစည်းတွင် ဥပဒေ၊ ဒေသဆိုင်ရာ ဓလေ့ထုံးစံနှင့် အပြုအမူအားဖြင့် ဤအခွင့်အရေးကို သဘောတူညီချက်အဖြစ် ပြဋ္ဌာန်းခြင်း၊ လျစ်လျူရှုခြင်း သို့မဟုတ် ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကို ပြုကောင်းပြုနိုင်သည် သို့မဟုတ် မပြုနိုင်ပါ။ ဤလွတ်လပ်ခွင့်များကို အတူစုစည်းထားပြီး ပိုမိုကျယ်ပြန့်သော လူ့အခွင့်အရေး၏ အယူအဆများမှ ခွဲခြားထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအခွင့်အရေးတို့သည် အမျိုးသားများနှင့် ယောက်ျားလေးများ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်သော သို့မဟုတ် ၎င်းတို့အတွက်ဟု အသိအမှတ်ပြုထားသော လွတ်လပ်ခြင်းနှင့် မကြာခဏ ကွဲလွဲခြင်းကြောင့် လည်းကောင်း၊ ဤကိစ္စကို လှုပ်ရှားပြောင်းလဲရေးဝါဒီများက အမျိုးသမီးများနှင့် မိန်းကလေးများ ကျင့်သုံးသော အခွင့်အရေးများအပေါ် အမွေဆက်ခံမှု သမိုင်းကြောင်း သို့မဟုတ် ဓလေ့ထုံးစံ တစ်ဖက်သတ်အမြင်များဟုဆိုသောကြောင့် လည်းကောင်း ဖြစ်သည်။
အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဆိုင်သော အယူအဆများနှင့် အများအားဖြင့် ဆက်စပ်လျက်ရှိနေသော ကိစ္စများတွင် ကိုယ်ခန္ဓာဆိုင်ရာ ရိုးသားဖြောင့်မတ်ခွင့်နှင့် မိမိကိုယ်မိမိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ မဲပေးခွင့် (မဲဆန္ဒပေးခြင်း)၊ အရာရှိလုပ်ခွင့်၊ အလုပ်လုပ်ခွင့်၊ မျှတသော လုပ်ခ သို့မဟုတ် တန်းတူညီမျှသော လုပ်ခ ရရှိခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ ပညာသင်ယူခွင့်၊ စစ်တပ်တွင် အမှုထမ်းခွင့် သို့မဟုတ် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရခွင့်၊ တရားဝင် ပဋိညာဉ်စာချုပ်များ ချုပ်ဆိုနိုင်ခွင့်နှင့် အိမ်ထောင်ရေး၊ မိဘ၊ ဘာသာရေး တို့နှင့်ဆိုင်သော အခွင့်အရေးတို့ ပါဝင်သော်လည်း ဤအချက်များသာဟု ကန့်သတ်မထားပါ။အမျိုးသမီးများနှင့် ၎င်းတို့ကို ပံ့ပိုးသူများသည် စည်းရုံးလှုံ့ဆော် လှုပ်ရှားခဲ့ကြပြီး အမျိုးသားများကဲ့သို့ အခွင့်အရေးတန်းတူရရန် အချို့သော နေရာဒေသများတွင် ဆက်လက် လှုပ်ရှားတိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
 
==ကုလသမဂ္ဂနှင့် အမျိုးသမီးများ၏ အခွင့်အရေး==
[[image:Zainab_Salbi.jpg|right|thumb150px]]
1946 ခုနှစ်တွင် [[ကုလသမဂ္ဂ]]သည် အမျိုးသမီးများရေးရာ ကော်မရှင်အဖွဲ့ကို တည်ထောင်ခဲ့သည်။မူလက လူမှုရေးရာဌာန၏ လူ့အခွင့်အရေးဌာနခွဲတွင် အမျိုးသမီးများရေးရာ ဌာနစိတ်အဖြစ် ရှိခဲ့ပြီး ယခုအခါ စီးပွားရေးနှင့် လူမှုရေးကောင်စီ(ECOSOC)၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ 1975 ခုနှစ်မှ စတင်၍ ကုလသမဂ္ဂသည် အမျိုးသမီးများနှင့်ဆိုင်သော ကိစ္စများအတွက် မက္ကဆီကိုစီးတီးတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှစ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှစတင်၍ ကမ္ဘာလုံးဆိုင်ရာ ညီလာခံများကို စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်။ ဤညီလာခံများသည် အမျိုးသမီးများ၏ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ စုပေါင်းဆွေးနွေးမှုတစ်ခုကို ဖန်တီးပေးခဲ့သည့်အပြင်၊ ယဉ်ကျေးမှုမတူညီသော အမျိုးသမီးများအကြား ကွဲပြားမှုများနှင့် အခြေခံမူများကို တစ်ကမ္ဘာလုံး အသုံးပြုဖို့ ကြိုးစားရာတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်း ထင်ရှားစေခဲ့သည်။[42]
ကမ္ဘာ့ညီလာခံလေးခုကို ကျင်းပခဲ့ပြီးဖြစ်ရာ ပထမညီလာခံကို မက္ကဆီကိုစီးတီး( အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှစ်၊ 1975)၊ ဒုတိယညီလာခံကို [[ကိုပင်ဟေဂင်မြို့|ကိုပင်ဟေဂင်]](1980) နှင့် တတိယညီလာခံကို နိုင်ရိုဘီ(1985)တို့တွင် ကျင်းပခဲ့သည်။ ဘေဂျင်း(1995)တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးများ ညီလာခံတွင် အရေးယူဆောင်ရွက်မှုလမ်းစဉ် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤလမ်းစဉ်တွင် “ကျားမ တန်းတူရေးနှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်အာဏာပေးရေး” အောင်မြင်ဖြစ်မြောက်ရန် ကတိကဝတ်ပြုခြင်း ပါဝင်ပါသည်။