မဟာစည်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၆ -
ထိုသို့ပို့ချပေး၍ ပရိယတ္တိသာသနာကို ပြုနေစဉ်မှာပင် သမထဝိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ်ကျင့်သုံးလိုသောကြောင့် ၁၂၉၃ ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇဝန္တနှင့်အတူ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသမြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌နေရင်း ကမ္မဋ္ဌာန်းနည်းများကို စုံစမ်းလေ့လာပြီးနောက် [[သထုံမြို့]]မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံတော်၌ သတိပဋ္ဌာန်ဝိပဿနာရှုပုံကို နည်းခံကျင့်သုံးလျက်နေခဲ့ပါသည်။ နေရောညဉ့်ပါ မအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့ပါသည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့ရသောရက်တွေသာ များခဲ့ပါသည်။
 
ထိုသို့အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အသည်းအသန်ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄ ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက်မှ သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရပါသည်။ ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဉ့်၌ တိုက်ကျောင်းဆရာတော်ဘုန်းကြီး ပြန်လွန်တော်မူသဖြင့်ပျံလွန်တော်မူသဖြင့် အရှင်သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိမ်းသိန်းစောင့်ရှောက်နေခဲ့ရပါသည်။
 
ဇေတဝန်ဆရာတော်ဘုရားကြီးထံမှ သတိပဋ္ဌာန်ဝိပဿနာရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉ ဝါမျှသာ ရှိသေးသည်ဖြစ်၍ အရွယ်ငယ်သေးသောကြောင့် ကမ္မဋ္ဌာန်းတရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ်နေထိုင်ခဲ့ပါသည်။
 
ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် ကွယ်လွန်သွားသဖြင့် သံဝေဂပွားကာ ၁၃၀၀ ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန်ဝိပဿနာအလုပ်တရားကို စတင်ဟောပြောခဲ့ပါသည်။ ထိုစဉ်က ဆွေးမျိုးဖြစ်သူသုံးဦးစတင်တရားအားထုတ်၍ဆွေမျိုးဖြစ်သူသုံးဦးစတင်တရားအားထုတ်၍ အောင်မြင်ကြသဖြင့် အခြားလူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူးတရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန်ဝိပဿနာ တရားတော်သည် စတင်၍ ထင်ရှားပေါ်လာခဲ့ပါသည်။
 
===မဟာစည်ဆရာတော်===
စာကြောင်း ၆၀ -
ဝိပဿနာယောဂီတပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅ ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ဝိပဿနာရှုနည်းကျမ်းကို (ပ-ဒု ၂ တွဲ)ကို ရေးသားပြုစုတော်မူခဲ့ပါသည်။ စာမျက်နှာ (၉၅၀)ခန့်ရှိ ထိုကျမ်းကို ခုနစ်လအတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့ပါသည်။ ယနေ့အထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်‌ဝေပြီး ဖြစ်ပါသည်။
 
၁၃၁၁ ခုနှစ် တန်ဆောင်းမုန်းလတွင်တန်ဆောင်မုန်းလတွင် မဟာစည်ဆရာတော်ကို ရန်ကုန်မြို့ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော်လပြည့်မှစ၍ ဝိပဿနာတရားကို ဟောကြားပြသတော်မူပါသည်။
 
မဟာစည်ဆရာတော်ဘုရား၏ စနစ်ကျသော ဝိပဿနာရှုနည်းကို နှစ်ခြိုက်သဘောကျသူများ တစ်နေ့တစ်ခြား များပြားလာခဲ့ပါသည်။ စစ်ဖက်နယ်ဖက် အရာရှိများ၊ ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်မျာ၊းပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ ကုန်သည်ပွဲစားများမှစ၍ လူတန်းစားမရွေး သာသနာ့ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန်ဝိပဿနာတရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပင် မဟာစည်ဩဝါဒခံ ရိပ်သာပေါင်း ၂၀၀ ကျော်ရှိနေသဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ရှိသော သာသနာ့ရိပ်သာများ၌ တရားအားထုတ်ခွင့် ရခဲ့ပါသည်။ မဟာစည်ဆရာတော်၏နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသောမြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပြန့်နှံ့ခဲ့ပါသည်။ ယခုအချိန်အထိ ရန်ကုန်မြို့သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီးသူပေါင်း (သုံးသောင်းလေးထောင်ကျော်ရှိ၍) တစ်နိုင်ငံလုံး၌ တရားအားထုတ်ပြီးသူပေါင်း လေးသိန်းကျော်ရှိပါသည်။ သီဟိုဠ်၊ ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့၌လည်း မဟာစည်ဩဝါဒခံ ရိပ်သာပေါင်းများစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည်ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား မြတ်ဗုဒ္ဓတရားတော်၏ တရားအရသာကို တိုက်ကျွေးဝေငှနေသော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည့် ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူပါသည်။
 
==သာသနာပြုလုပ်ဆောင်ချက်များ==