ရတနာ့မာရ်အောင်စေတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရတနာ့ မာရ်အောင်စေတီ မှ ရတနာ့မာရ်အောင်စေတီ သို့ စာမျက်နှာကို ပြန်ညွှန်းချန်မထားဘဲ Ninjastrikers က ရွှေ့ခဲ့သည်
No edit summary
စာကြောင်း ၁ -
[[ဖိုင်:Ratanamanaung.jpg|thumb]]
မာရ်ငါးပါးဟုခေါ်သော [[သကျမာရ်အောင်စေတီ]]၊ [[ဇိနမာရ်အောင်စေတီ]]၊ ရတနာ့မာရ်အောင်စေတီ၊ [[လောကမာရ်အောင်စေတီ]]၊ [[မင်္ဂလာမာရ်အောင်စေတီ]]တော်တို့ အနက် '''ရတနာ့မာရ်အောင်စေတီတော်'''သည် [[မြောက်ဦးမြို့]]၏ မြောက်ဘက်တွင်ရှိသည်။ [[ရတနာသိင်္ဃစေတီ]]တော်မှ အရှေ့ဘက်ကိုက် အနည်းငယ်အကွာတွင် ရတနာ့မာရ်အောင် စေတီတော်ကြီးတည်ရှိသည်။ စေတီမှာ ကျောက်သားပကတိဖြင့် ထုလုံးပုံတည်ဆောက်ထားသည်။ အောက်ခြေမှထိပ်ထိ ရှစ်မြှောင့်ပုံရှိသည်။ အရပ်ရှစ်မျက်နှာနှင့် မဂ္ဂရှစ်ပါးကို ညွှန်းသည်။ ပစ္စယံကိုးဆင့် ရှိသည်။ ခေါင်းလောင်း၊ ရင်ဖွဲ့၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ရွေးလုံး(ပုတီးစေ့)၊ ကြာလန်၊ ငှက်ပေျာဖူး၊ သံထီး၊ ငှက်မြတ်နား၊ စိန်ဖူးတော်စသည်ဖြင့် အဆင့်ဆင့် အင်္ဂါစုံတည်ဆောက်ထားသည်။ စေတီလုံးပတ် (၃၅၅)ပေရှိပြီး ဉာဏ်တော်(၁၈၀)ပေခန့် ရှိသည်။ ဂူပေါက်များမရှိခေျ။ စေတီတော်မြောက်ဘက်နားတွင် အလျား ၅၄ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ၁၀ ပေရှိသော ဘုရင်၏ဥပုသ်ဆောင်ရှိသည်။ ဂူဖြူဟုခေါ်သည်။ ဘုရားရင်ပြင်တော်တွင် ရှေးအခါက စေတီပုထိုးများ၊ ဘုရားများ၏ အပျက်အစီး အဟောင်းရာများကို တွေ့ရသည်။ အရှေ့ဘက်တွင် ကျောက်ဂူတစ်ခုနှင့် ဂူထဲတွင် ကျောင်းဆင်းတုတော်များရှိသည်။ ဂူ၏အရှေ့တွင် သိမ်တော်ဟောင်းတစ်ခုရှိသည်။