ဦးရာဇ်တော်ဓာတ်စေတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[ဖိုင်:ဦးရာဇ်တော် စေတီ မြစ်ကူးကြိုးတံတားမှ မြင်ကွင်း.jpg|thumb]]
[[ဖိုင်:ဦးရာဇ်တော်စေတီ.jpg|thumb|alt=|ဦးရာဇ်တော်ဓါတ်စေတီ]]
'''ဦးရာဇ်တော်ဓာတ်စေတီတော်'''သည် [[ရခိုင်ပြည်နယ်]]၊ [[ပုဏ္ဏားကျွန်းမြို့]] ကင်းချောင်းတစ်ဖက်ကမ်းရှိအမြင့် ၁၈၈ ပေမြင့်သည့် သေလာပိဋ္ဌိပဗ္ဗတောင်ထိပ်ပေါ်တွင် တည်ရှိပြီး၊ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၅၃ ပေနှင့် လုံးပတ် ၄၀၁ ပေရှိသည်။ စေတီတော်တွင်း ဌာပနာတိုက်ရှစ်ခန်းရှိသည်။ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် [[ကကုသန်]] မြတ်စွာဘုရားကို အရှေ့ဘက်ဌာပနာတိုက်၊ [[ကောဏာဂုံ]]မြတ်စွာဘုရားကို တောင်ဘက် ဌာပနာတိုက်၊ [[ကဿပ]]မြတ်စွာဘုရားကို အနောက်ဘက်ဌာပနာတိုက်၊ [[ဂေါတမ]] မြတ်စွာ ဘုရားကို မြောက်ဘက်ဌာပနာတိုက်၌ ရွှေစင်သွန်းလုပ်ရည်စူး တည်ထားသည်။ ဆုတောင်းပြည့်ဗျာဒိတ်တော်ရ စေတီတော်တစ်ဆူအဖြစ်ထင်ရှား၍ နှစ်စဉ်မတ်လတွင် ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်မှ ရေလမ်းဖြင့်သော်လည်းကောင်း၊ ကုန်းလမ်းဖြင့်သော်လည်းကောင်း ဖူးမြော်ရန်ရောက်ရှိလာသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများဖြင့် စည်ကားသည့် စေတီတော်တစ်ဆူဖြစ်သည်။ ယခုအခါ ဓါတ်လှေကားဖြင့်လဲ တက်ရောက်ဖူးမြော်နိုင်ပါသည်။ ဤ[[ဦးရာဇ်တော်ဓါတ်စေတီတော်ဓါတ်လှေကား]]မှာ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းဘုရား၊ စေတီတို့တွင် တည်ဆောက်ခဲ့သော ပထမဆုံး ဓါတ်လှေကား တစ်ခုလဲ ဖြစ်သည်။