မြန်မာ့အသံနှင့်ရုပ်မြင်သံကြား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 103.85.105.240 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို 103.116.12.202 ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၄၈ -
 
== သမိုင်းကြောင်း ==
မြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်းကို လွတ်လပ်ရေးမရမီ ၁၉၃၆ ခုနှစ်တွင် စတင်ပြီး ၁၉၃၇ ခုနှစ်၌ [[ရန်ကုန်မြို့]]၊ မင်္ဂလာဒုံ (ဝါယာလက်) တွင်စမ်းသပ်အသံလွှင့်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်မြို့ ယခု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဗဟိုကြေးနန်းရုံးကြီး အောက်ထပ်ရှိ အခန်းအချို့ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လွှင့်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဖိုက်ချ်လမ်း (ယခင်ရှမ်းလမ်း၊ ယခုဗဟိုလမ်း)ရှိ [[လူမှုဝန်ထမ်းဦးစီးဌာန]] မူလတန်းကြိုကျောင်း၊ အမှတ်(၄)နှစ်ထပ်တိုက် ([[လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန]]၊ ဝန်ကြီးရုံး) မှ အသံလွှင့်ခဲ့သည်။ ဖိုက်ချ်လမ်း (ယခုအခေါ် ဗဟိုလမ်း) အသံလွှင့်ရုံထက် နေရာပိုမိုကျယ်ဝန်းသော ကမ္ဘာအေးစေတီလမ်းရှိ ချင်းချောင်းနန်းတော်နေရာ (အနုပညာဦးစီးဌာနရုံး အဆောက်အအုံပရဝုဏ်) သို့ ရွှေ့ပြောင်းအသံလွှင့်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို All Burma Broadcasting Station (ခေါ်) ရန်ကုန်မြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန ဟုခေါ်တွင်ခဲ့သည်။
www.xnxx.com
 
၁၉၄၅ ခုနှစ် မတ်လဆန်းမှ မေလဆန်းအထိ ရန်ကုန်မြို့၊ ပတ်လမ်း (ယခုနတ်မောက်လမ်း) ရှိ အဆောက်အအုံနေရာ (ယခုဂျာမနီသံရုံး) နေရာတွင် မြန်မာ့တော်လှန်ရေး တပ်မတော်အသံလွှင့်ဌာန အမည်ဖြင့် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော တော်လှန်ရေးရဲဘော်များက လျှို့ဝှက်တည်ဆောက်ကာ အသံလွှင့်ခဲ့သည်။ မြန်မာ၊ အင်္ဂလိပ်ဘာသာများနှင့် ဟိန္ဒူစတန်နီ ဘာသာများဖြင့် အသံလွှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မေလဆန်း၌ ရန်ကုန်မြို့ ရွှေတောင်ကြားရပ် လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း) ရှိ နှစ်ထပ်တိုက်ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လုပ်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို Rangoon Radio (ခေါ်) ရန်ကုန်ရေဒီယို ဟု အမည်ပေး အသံလွှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် “ရန်ကုန်ရေဒီယို” မှ Burma Broadcasting Service (BBS) (ခေါ်) ဗမာ့အသံ အမည်သို့ နာမည်ပြောင်းလဲ အသံလွှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် လောင်းဝစ္စလမ်း (ယခုအင်းလျားမြိုင်လမ်း) အသံလွှင့်ရုံမှ ဝင်ဒါမီယာကရက်ဆင့် (ယခုပန်းဝါလမ်း) အသံလွှင့်ရုံသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ဝင်ဒါမီယာအသံလွှင့်ရုံဟု ခေါ်တွင်ခဲ့သည်။
 
၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ဗမာ့အသံ အမည်မှ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး၏ ကိုယ်စားပြုရာ မြန်မာ့အသံ အမည်သို့ နာမည်ပြောင်းလဲအသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဝင်ဒါမီယာ အသံလွှင့်ရုံမှ [[ပြည်လမ်း]] “မြန်မာ့အသံ” အသံလွှင့်ရုံသစ်ကြီးသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်အရ အသံလွှင့်ဌာနခွဲ ညွှန်ကြားရေးဝန်ရုံး အမည်မှ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန အမည်သို့ ပြောင်းလဲခေါ်တွင်ကာ ပြန်ကြားရေးဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။
 
၁၉၈၀ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ရောင်စုံရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဤဌာနကို ဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းကာ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန Myanma Television and Radio Department (MTRD) ဟု အမည်ပေးခဲ့သည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန အမည်မှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Myanma Radio and Television (MRTV) ဟုပြောင်းလဲဖွဲ့စည်း ခေါ်ဆိုခဲ့သည်။
 
၂၀ဝ၈ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့တွင် [[နေပြည်တော်]]၊ [[တပ်ကုန်းမြို့|တပ်ကုန်း]]ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ထုတ်လွှင့်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား (MRTV) အစီအစဉ်အား ၁၉၈၀ ခုနှစ်၊ ဇွန်လတွင်လည်းကောင်း၊ MRTV-3 အစီအစဉ်အား ၂၀ဝ၁ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင်လည်းကောင်း၊[[MRTV-4]] အစီအစဉ်အား ၂၀ဝ၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ MRTV-3 အစီအစဉ်အား အသွင်သဏ္ဌာန်ရော အနှစ်သာရပါပြောင်းလဲ၍ [[မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း|Myanmar International Television]] (MITV) အစီအစဉ်အဖြစ် ၂၀၁၀ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှစ၍ ဂြိုဟ်တုများထပ်မံငှားရမ်းပြီး ကမ္ဘာ့နိုင်ငံပေါင်း(၂၂၄) နိုင်ငံများသို့ လည်းကောင်း၊ ပိတောက်‌မြေအသံလွှင့် အစီအစဉ်အား ၂၀ဝ၇ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်မှစတင်၍လည်းကောင်း၊ ဒေသဆိုင်ရာ FM များအား ၂၀ဝ၈ ခုနှစ်၊ ဧပြီ (၁၇) ရက်နေ့မှ စတင်၍လည်းကောင်း ထုတ်လွှင့်ပေးလျက်ရှိသည်။
<ref>{{cite web|url=http://www.mrtv.gov.mm/?q=about-mrtv|title=About MRTV|accessdate=၂၀၁၄-၁၀-၂၀|Publisher=MRTV}}</ref>
 
== မြန်မာ့ရုပ်မြင်သံကြား ==