အမေရိကန်ပြည်ထောင်စု: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
link with ဆဒမ် ဟူစိန်→‎လက်ရှိခေတ်
စာကြောင်း ၁၆၂ -
သမ္မတ ဂျော့ခ် အိတ်ချ် ဒဗလျူ ဘုရှ် လက်ထက်တွင် အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂမှ တရားဝင် ခွင့်ပြုချက် ပေးထားသော [[ပင်လယ်ကွေ့ စစ်ပွဲ]] ကို ဦးဆောင်ခဲ့သည်။ ခေတ်သစ် အမေရိကန် သမိုင်းကြောင်းတွင် ကာလ အရှည်ကြာဆုံး စီးပွားရေး ဖွံ့ဖြိုးမှု အဖြစ် ၁၉၉၁ မတ်လမှ ၂၀၀၁ ခုနှစ် မတ်လ အထိ ဖြစ်ပေါ်ခဲ့ပြီး သမ္မတ [[ဘီလ် ကလင်တန်]] အုပ်ချုပ်သော ကာလအားလုံး ပါဝင်ပြီး [[ဒေါ့ကွန်း ဘပ်ဘယ်လ်]] ကဲ့သို့သော စီးပွားရေး တိုးတက်မှုများကြောင့်လည်း ဖြစ်သည်။<ref>{{cite web|author=Voyce, Bill|url=http://iwin.iwd.state.ia.us/iowa/ArticleReader?itemid=00003700&print=1|title=Why the Expansion of the 1990s Lasted So Long|publisher=Iowa Workforce Information Network|date=2006-08-21|accessdate=2007-08-16}}</ref> လိင်ကိစ္စနှင့် ပတ်သက်သော အရှုပ်အထွေးကြောင့် ၁၉၉၈ တွင် သမ္မတ [[ဘီလ် ကလင်တန်]] တရားရင်ဆိုင် ခဲ့ရသော်လည်း သမ္မတရာထူးမှ ထုတ်ပယ်ခြင်း မရှိခဲ့ပေ။ <ref>{{cite web|author=Voyce, Bill|url=http://iwin.iwd.state.ia.us/iowa/ArticleReader?itemid=00003700&print=1|title=Why the Expansion of the 1990s Lasted So Long|publisher=Iowa Workforce Information Network|date=2006-08-21|accessdate=2007-08-16}}</ref> အမေရိကန် သမိုင်းတွင် အကြိတ်အနယ် နီးနီးကပ်ကပ် ယှဉ်ပြိုင်ခဲ့သော ၂၀၀၀ ခုနှစ် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို အမေရိကန် တရားရုံးချုပ် မှ အဆုံးအဖြတ် ပေးခဲ့ရပြီး ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် ၏ သား [[ဂျော့ချ် ဒဗလျူ ဘုရှ်]] သမ္မတ ဖြစ်လာခဲ့သည်။
 
[[စက်တင်ဘာ ၁၁ တိုက်ခိုက်မှု|၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁]] တွင် [[အယ်လ်ကေးဒါး]] အကြမ်းဖက် သမား အဖွဲ့မှ [[နယူးယောက်မြို့]]တော် ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ နှင့် ဝါရှင်တန်ဒီစီ အနီးရှိ ပင်တဂွန် စစ်ဌာနချုပ် တို့အား အကြမ်းဖက် တိုက်ခိုက် ခဲ့သဖြင့် ပြည်သူ ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ လက်စားချေ တုံ့ပြန်မှု အနေနှင့် ဘုရှ် ဦးဆောင်သော အစိုးရအဖွဲ့သည် ကမ္ဘာတဝှမ်းလုံးတွင် အကြမ်းဖက်သမားတို့အား စစ်ကြေငြာ တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် စစ်တပ်တို့သည် [[အာဖဂန်နစ္စတန်နိုင်ငံ]] ကို ဝင်ရောက်စီးနင်းပြီး တာလီဘန် အစိုးရ နှင့် အယ်လ်ကေးဒါးတို့၏ လေ့ကျင့်ရေး စခန်းများကို ဖယ်ရှားပစ်ခဲ့သည်။ တာလီဘန် သူပုန် တို့က ပြောက်ကျားစနစ်ဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲပင် ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ဘုရှ် အစိုးရသည် အငြင်းပွားစရာ ရှိသည့် အကြောင်းပြချက်များဖြင့် [[အီရတ်နိုင်ငံ]] အစိုးရကို ဖယ်ရှားနိုင်ရန် စတင်လှုံ့ဆော်ခဲ့ကြသည်။ <ref>{{cite news|title=Many Europeans Oppose War in Iraq|work=USA Today|url=http://www.usatoday.com/news/world/2003-02-14-eu-survey.htm|date=2003-02-14|accessdate=2008-09-01}}{{cite web|author=Springford, John|title='Old’ and ‘New’ Europeans United: Public Attitudes Towards the Iraq War and US Foreign Policy|publisher=Centre for European Reform|url=http://www.cer.org.uk/pdf/back_brief_springford_dec03.pdf|month=December|year=2003|accessdate=2008-09-01|archiveurl=http://web.archive.org/web/20040328182510/http://www.cer.org.uk/pdf/back_brief_springford_dec03.pdf|archivedate=2004-03-28}}</ref> စစ်ရေးဆိုင်ရာ ကျူးကျော်မှုအတွက် [[နေတိုးအဖွဲ့]] ၏ထောက်ခံမှု နှင့် ကုလသမဂ္ဂ မှ တရားဝင်သဘောတူညီချက် မရသဖြင့် ဘုရှ်သည် စိတ်အားထက်သန်သော မဟာမိတ်များကို စုစည်းကာ ၂၀၀၃ ခုနှစ်တွင် မဟာမိတ်တပ် တို့သည် အီရတ်ကို ၂၀၀၃ တွင် လက်ဦးမှု ရယူ တိုက်ခိုက်ခဲ့ကြကာ အာဏာရှင် [[ဆဒမ် ဟူစိန်]] ကို ဖယ်ရှားခဲ့ကြသည်။ ၂၀၀၅ ခုနှစ်တွင် ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းသည် ပင်လယ်ကွေ့ ကမ်းရိုးတန်း (Gulf Coast) တလျှောက်ကို ပြင်းပြင်းထန်ထန် တိုက်ခတ် ဖျက်စီးခဲ့ပြီး နယူးအော်လင်းပြည်နယ် ကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၄ရက်တွင် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုများ ကြားတွင် [[ဘာရတ်အိုဘားမား]] သည် ပထမဆုံး အာဖရိကန် အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်နှင့် ငွေကြေးစနစ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထိုနှစ်အတွင်း မက္ကဆီကို ပင်လယ်ကွေ့တွင် ဖြစ်ပွားခဲ့သော ဒိ(ပ်) ဝါးတား ဟော်ရီဇုန် ရေနံဖိတ်စင်မှုသည် စစ်ပွဲမရှိသော ကာလတွင် အကြီးအကျယ်ဆုံးသော ကပ်ဘေးဆိုက်မှုပင် ဖြစ်ပေသည်။<ref>{{cite news|author=|title=BP Oil Spill Is Now The Largest Ever In Gulf|publisher=CBS/Associated Press|url=http://www.cbsnews.com/stories/2010/07/01/national/main6636406.shtml|date=2010-07-01|accessdate=2010-07-01}}</ref>
 
== အစိုးရ နှင့် ရွေးကောက်ပွဲ ==