စောလူးမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အချက်လက် ဖြည့်စွက်ခြင်း
စာကြောင်း ၁ -
==စောလူးမင်း(အေဒီ၁၀၇၈-၁၀၈၄)==
မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဘွဲ့အမည်မှာ''' ၐြီဝဇြာဗရဏ တြိဘုပတိ''' ဖြစ်သည်။ ဖခင်ဖြစ်သူ [[အနော်ရထာ]] တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။ ငယ်ရွယ်သူဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေးတွင်အားနည်းပြီး၊ အပျော်အပါးတွင် ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။ တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် မှူးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့်[[ကျန်စစ်သား]] အားပြန်လည်ခေါ်ယူခဲ့သည်။ သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူပဲခူးစား [[ငရမန်ကန်း]]နှင့်စစ်ပြုရာ ၎င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။ ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှကယ်ရန် ကြိုးပမ်းသော်လည်း ယုံကြည်ခြင်းမရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန်သူလက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီးကွယ်လွန်ခဲ့သည်။ ၎င်းလွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။ ၅ မတ်လ ၂၀၂၀ တွင် လွှတ်တော်၌တပ်မတော်သား ကိုယ်စားလှယ်က အရည်ချင်းမဲ့သောအမျှော်မြင်နည်းသောမင်းအဖြစ် တင်စား ဆွေးနွေးခြင်းခံရသူဖြစ်သည်။
 
==စောလူးမင်း(မြန်မာ ၄၃၉-၄၄၆)==