ထန်းပင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၀ -
| diversity_link = list of Arecaceae genera
}}
===ထန်းမျိုးစိတ်===
 
----
 
ထန်းသည် ရုက္ခဗေဒအလိုအားဖြင့် '''ပါလမေစီအေး''' [http://en.wikipedia.org/wiki/Palmaceae (Palmaceae)] သို့မဟုတ် '''ပါမီ''' (Palmy) မျိုးရင်းတွင် ပါဝင်သည်။ ထိုမျိုးရင်းတွင် ထန်းပင်အပြင် အပင်မျိုးပေါင်း ၁၅၀၀ ကျော် ရှိလေသည်။ ပေပင်၊ အုန်းပင်၊ [[ကွမ်းသီးပင်]]၊ ဓနိပင်၊ စလူပင်၊ စွန်ပလွန်ပင်၊ ဆပ်သားဖူးပင် စသည်တို့သည် ထန်းပင်နှင့် မျိုးချင်းစပ်အပင်များ ဖြစ်ကြသည်။
 
===ပုံပန်းသဏ္ဍာန်===
 
----
 
ထန်းအမျိုးဝင်အပင်တို့အား အရွက်ကိုလိုက်၍ နှစ်မျိုးခွဲခြားထားသည်။ တစ်မျိုးမှာ ငှက်မွေးပုံဖြစ်ပြီး ကျန်တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်လေသည်။ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွန်ပင်တို့သည် ငှက်မွေးပုံအရွက်ရှိသော အပင်မျိုးများဖြစ်ကြ၏။ ပေပင်နှင့် ထန်းပင်တို့မှာမူ ယပ်တောင်ပုံအရွက်များ ရှိကြလေသည်။ ထိုယပ်တောင်ပုံအရွက်ရှိသော ထန်းတို့ကို ကော်ရီဖာ ထန်း (Corypha Palm) နှင့် တော့ဒီ ထန်း [http://en.wikipedia.org/wiki/Toddy_palm (Toddy Palm)] ဟူ၍ ခေါ်သည်။
 
Line ၃၈ ⟶ ၃၂:
ထန်းပင်၏ ပျမ်းမျှအမြင့်ပေမှာ ၆၀ မှ ၈၀ အထိရှိသည်။ ထိုထက်ပိုမို၍ မြင့်မားသော ထန်းပင်များလည်း ရှိပေသည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၀ မှ ၂၀၀ ကျော်အထိ ရှိမည်ဟု ယူဆရလေသည်။
 
===ပေါက်ရောက်ရာဒေသ===
 
----
 
ထန်းပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသ၏ ဇာတိအမျိုးရိုးဖြစ်သည်။ [[အာရှတိုက်]]၊ [[အာဖရိကတိုက်]]၊ [[အမေရိကတိုက်]]နှင့် [[ပစိဖိတ်သမုဒ္ဒရာ]]အတွင်းရှိ ကျွန်းများတွင် ထန်းနှင့် ထန်းအမျိုးတူအပင်များကို တွေ့နိုင်လေသည်။
 
===မြန်မာနိုင်ငံအတွင်း တွေ့ရှိနိုင်သည့်ဒေသ===
 
----
 
ထန်းပင်သည် မိုးရေချိန် လက်မ ၂၀ မှ ၄၀ အတွင်း ရွာသွန်း၍ ပူပြင်းခြောက်သွေ့သော ရာသီဥတုမျိုးကိုနှစ်သက်သည်။ [[မြန်မာနိုင်ငံ]]၊ [[အိန္ဒိယနိုင်ငံ]]ကဲ့သို့သော ပူပြင်းသည့် နိုင်ငံများတွင် ထန်းပင်အများအပြားတွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ရေဝပ်ရာဒေသမှလွဲ၍ နေရာအနှံ့အပြား ပေါက်ရောက်နိုင်၏။ အထူးသဖြင့် မြန်မာနိုင်ငံ မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံး တွေ့ရလေ့ရှိသည်။ [[တနင်္သာရီတိုင်း]]နှင့် [[ဧရာဝတီတိုင်း]]တို့တွင် အလေ့ကျပေါက်သော ထန်းပင်အနည်းအပါးကို တွေ့ရှိနိုင်လေသည်။
 
<ref>၁၉၈၆ ခုနှစ်၊ စာပေဗိမာန်မှ ချီးမြှင့်တဲ့ သုတပဒေသာ - (ဝိဇ္ဇာပညာရပ်) စာမူဆုရ တဲ့ မောင်လင်းသူ (ညောင်ဦး) ရဲ့ “ထန်း”</ref>
 
===ကျမ်းကိုး===
 
----
 
<references/>