ဂျာမေနီယမ်: တည်းဖြတ်မှု မူကွဲများ

အက်တမ်အမှတ်စဉ် ၃၂ ရှိသော ဓာတုဒြပ်စင်
"ဖိုင်:Polycrystalline-germaniu..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၂၇၊ ၁၁ မတ် ၂၀၂၀ ရက်နေ့က မူ

သန့်စင်သော ဂျာမေနီယမ် Germanium သည် ကြွပ်ဆတ်သော အဖြူရောင်သမ်းနေသည့် metalloid ဖြစ်ပါသည်။ ဖွဲ့စည်းပုံမှာ စိန်နှင့် တူနေပြီး ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိတို့တွင် ဆီလီကွန်နှင့် တူနေပါသည်။ ဂျာမေနီယမ်သည် လေထုထဲနှင့် ရေထဲတွင် မည်သူနှင့်မျှ ဓာတ်မပြုပဲ တည်မြဲသောပုံစံနှင့် နေနိုင်ပြီး နိုက်ထရစ်အက်ဆစ် မှလွဲပြီးမည်သည့် အက်ဆစ်တွင်မှ ဂျာမေနီယမ်အပေါ် သက်ရောက်နိုင်ခြင်း မရှိပါ။

ဂျာမေနီယမ်အား တွေ့ရပုံ

အသုံးပြုခြင်း

ဂျာမေနီယမ်သည် အရေးကြီးသော တစ်ပိုင်းလျှပ်ကူးပစ္စည်းဖြစ်ပြီး ထရန်စစ်စတာ (Tarnsistor) နှင့် ဆားကစ်ပြားများတွင် အဓိကအသုံးပြုပါသည်။ ထရန်စစ်စတာများ ဆားကစ်ပြားများတွင် ဂျာမေနီယမ်ကို အဓိကထားပြီး အာဆဲနစ်၊ ဂယ်လီယမ် နှင့် အခြားသတ္တုများကို အနည်းငယ်စီ ရောစပ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ဂျာမေနီယမ်ကို အခြားသော ဒြပ်ပေါင်းများ ပြုလုပ်ရာတွင်လည်း အသုံးပြုသည်။ ဂျာမေနီယမ် အောက်ဆိုဒ်ကို အလင်းယိုင်ညွန်းကိန်း တိုးမြင့်စေရန် ဖန်ထဲသို့ ပေါင်းထည့်ပါသည်။ သန့်စင်သော ဂျာမေနီယမ်ဖြင့် ပြုလုပ်ထားသော ရေဒီယိုသတ္တုကြွခြင်း (Radiation) စမ်းသပ်ကိရိယာများသည် တိကျစွာ စမ်းသပ်နိုင်သောကြောင့် ၎င်းကိုရိယာများကို လေဆိပ်လုံခြုံရေးတွင် အထူူးအသုံးပြုကြပါသည်။ ဂျာမေနီယမ်သည် သံဖြူနှင့် ခဲ တို့လောက်ပင် သဘာဝတွင် ပေါများခြင်းမရှိပါ။ ဂျာမေနီယမ်ကို သဘာဝတွင်းထွက် အနေဖြင့် အနည်းငယ်မျှသာ ထုတ်နိုင်သည့်အတွက် ထုတ်လုပ်မှု ပမာဏနည်းနေခြင်း ဖြစ်ပါသည်။ ဂျာမေနီယမ် အရိုင်းတုံးများသည် အလွန်ကိုရှားပါးပါသည်။ copper-iron-germanium sulfide (germanite) သည် ရှားပါးသောဂျာမေနီယမ် အရိုင်းတုံး ဖြစ်ပြီး ရှာပါးစွာ တူးဖော်ရရှိပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

ဂျာမေနီယမ်ကို နေ့စဉ်တစ်မီလီဂရမ် စားသုံးသင့်ပါသည်။ ဂျာမေနီယမ်ကို သိပ္ပံနည်းကျ သက်သေပြနိုင်မှု မရှိသေးသော်လည်း လူ့ကျန်းမားရေးကို ကောင်းကျိုး ဖြစ်ထွန်းစေနိုင်ပါသည်။ ဂျာမေနီယမ်သည် လူ့ခန္ဓာကိုယ် အတွက် အောက်ဆီဂျင် ရယူရာတွင်လည်း များစွာအထောက်အကူပေးနိုင်ပြီး လူ့ကျန်းမာရေး ကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ နောက်ပြီးဆိုးကျိုးဖြစ်စေသော free radicals များကိုလည်း ချေဖျက်ပေးပါသည်။ ဂျာမေနီယမ်သည် သုံးစွဲသူကို ဓါတ်ရောင်ခြည်သင့်ခြင်းမှ ကာကွယ်ပေးပါသည်။ Germaniumhydride နှင့် germaniumtetrahydride တို့သည် မီးလောက်လွယ်ပါသည်။ လေနှင့်တွေ့လျှင် ပေါက်ကွဲ စေနိုင်ပါသည်။ ရှူရှိုက်မိပါက ဗိုက်နာခြင်း၊ ချောင်ဆိုးခြင်း၊ အရေပြားနာကျင်ယားယံခြင်း၊ မျက်စိအောင့်ခြင်း တို့ဖြစ်စေနိုင်ပါသည်။

ပတ်ဝန်းကျင်သို့သက်ရောက်မှုများ

လေထုထက် ပိုမိုလေးလံသောကြောင့် မြေပြင်တွင် ပျံ့နှံ့တည်ရှိနေပါသည်။[၁]

ကိုးကား

  1. ဒြပ်စင်အလှည့်ကျဇယား ဘာသာပြန်ဆိုမှု ပရောဂျက်တွင် ပါဝင်သူ ကိုတင်ကျော်ဦး ဘာသာပြန်ဆိုသည်။