ဆိုက်ကား: တည်းဖြတ်မှု မူကွဲများ

"၁၃၀၀ပြည့် အရေး..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
{{copyedit}}
၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်းထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်း ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့သူ မြို့သားတွေက အမျိုးသားလုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြတော့ ဓာတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင်ရှုံးလို့ အလုပ်ရပ်နားသွားရတာပေါ့။
မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများ စီးနင်းသွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓာတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာတော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ် ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာကြတယ်။