ကြည်အောင် (အဆိုတော်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာကြောင်း ၂၇ -
သီချင်းရေးဆရာ ဒဂုန်ဆရာတင်၏ တရုပ်ပြည်မြကျောက်လွှာ သီချင်းမှာ ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီတွင် မကြည်အောင် ပထမဦးဆုံး သီဆိုဓာတ်ပြားသွင်းခဲ့သော သီချင်းဖြစ်သည်။ နာမည်ကျော် သီချင်းရေးဆရာကြီးများဖြစ်ကြသော လှည်းတန်းဦးလူကလေး၊ အရှေ့ပိုင်းဆရာချစ်၊ နန်းတော်ရှေ့ဆရာတင်၊ ဒဂုံဆရာတင်၊ ရွှေဂုံညွန့်၊ ရွှေတိုင်ညွန့်၊ သဟာယဆရာတင်တို့၏ သီချင်းများကို သီဆိုခဲ့ရသည်။
 
၎င်းတို့အနက် နန်းတော်ရှေ့ဆရာတင်နှင့် ရွှေတိုင်ညွန့်၏ သီချင်းများကို အများဆုံး သီဆိုခွင့်ရခဲ့သည်။ ဤသို့ဖြင့် ကိုလံဘီယာကုမ္ပဏီတွင် နာမည်အကျော်ဆုံး အဆိုတော်ကြီးဖြစ်လာခဲ့ရသည်။ ဓာတ်ပြားချပ်ရေ (၁၀၀)ကျော် သွင်းခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ဓာတ်ပြားလုပ်ငန်းပျက်ပြားသွား၍ မကြည်အောင်၏ ခေတ်သစ်ရာဇဝင်ပြဇာတ် အမည်ဖြင့် နယ်စုံလှည့်၍ ပြဇာတ်အဖွဲ့တည်ထောင်ကာ ကပြခဲ့သည်။ ကိုလံဘီယာ ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစ၍ နောက်ဆုံး ဒုတိယကမ္ဘာစစ်တွင် ကုမ္ပဏီပျက်သည်အထိ ဒေါ်ကြည်အောင်သည် အသက်အရှည်ဆုံး၊ အအောင်မြင်ဆုံး အဆိုတော်ဖြစ်လေသည်။ စစ်ပြီးခေတ် ရန်ကုန်ပန်တျာကျောင်း ဖွင့်လှစ်ရာတွင် မကြည်အောင်သည် အမျိုးသမီး အကနည်းပြအဖြစ် အမှုထမ်းခဲ့သည်။

==ဘဝနိဂုံး==
အသက်(၅၆)နှစ်အရွယ် ၁၉၅၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ပုဇွန်တောင် စက်ဆန်း (၅)လမ်း၊ အိမ်အမှတ် (၃၇၈)တွင် ကွယ်လွန်သွားခဲ့သည်။<ref>ဗိုလ်ကလေးဦးတင့်အောင်၏ ရေးသားချက်</ref>
 
==ရည်ညွှန်းချက်==