ရွှံ့စေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အိုးမြေ စာမျက်နှာကို ရွှံ့စေး သို့ Aungookingofcelestialsက ရွှေ့ခဲ့သည်: clay သည် အိုးမြေထက် ရွှံ့စေး(မြေစေး) နှင့်ပို၍ ကိုက်သည်။
အရေးမကြီးNo edit summary
စာကြောင်း ၄ -
 
သဘာဝတွင်တွေ့ရှိရသောနုန်းအနယ်တင်ခြင်းများ၌ နုန်းနှင့်ရွှံ့ နှစ်မျိုးလုံးပါဝင်သော်လည်း ရွှံ့စေးကို ဓါတ်သတ္တုပညာနှင့် အမှုန်အရွယ်အစားကွဲပြားခြားနားချက်များဖြင့် ခွဲခြားနိုင်သည်။ ရွှံ့စေးရှိ ဓာတ်သတ္တုများ မပါဝင်သည့် အသေးစားမြေဆီလွှာများဖြစ်သည့် နုန်း၏ အမှုန်အရွယ်အစားမှာ ရွှံ့များထက်ပိုကြီးသည်။ သို့သော်အမှုန်အရွယ်အစားနှင့် အခြားရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများနှင့်ထပ်တူကျမှုလည်း ရှိပါသည်။ နုန်း နှင့်ရွှံ့စေးအကြားခြားနားချက်ကို ပညာရပ်လိုက်၍ ကွဲပြားသည်။ ဘူမိဗေဒပညာရှင်များနှင့်မြေဆီလွှာသိပ္ပံပညာရှင်များသည် ထိုနှစ်ခုကွဲပြားချက်ကိုစဉ်းစားရာတွင် အမှုန်အရွယ်အစား ၂ μm (ရွှံ့စေးသည် နုန်းထက်ပိုမိုကောင်းမွန်) တွင်ဖြစ်ပေါ်လေ့ရှိသည်၊ အနည်ထိုင်ခြင်းဆိုင်ရာပညာရပ် ကျွမ်းကျင်ရှင်များသည် 4-5 μmကိုအသုံးပြုကြပြီး (ငွေ့/ရည်/ခဲ တစ်ခုခု၌)ရောနှော အနုစိတ်အမှုန်များအကြောင်းလေ့လာသော ဓာတုဗေဒပညာရှင်များသည် 1 μmကိုအသုံးပြုကြသည်။ ဘူမိနည်းပညာအင်ဂျင်နီယာများသည်မြေဆီလွှာတွင်ရေပါဝင်ခြင်းတိုင်းတာမှုစနစ်ဖြင့် တိုင်းတာသောမြေဆီလွှာ၏ပျော့ပျောင်းပုံသွင်းနိုင်ခြင်း ဂုဏ်သတ္တိများအပေါ် အခြေခံ၍ နုန်း နှင့်ရွှံ့စေးများခွဲခြားသည်။ ISO 14688အဆင့် ရွှံ့စေးအမှုန်များကို ၂ μmထက်သေးငယ်ပြီး နုန်းအမှုန်များသည် ပိုမိုကြီးမားသည်ဟုမှတ်ယူသည်။ (သဲ၊ နုန်းနှင့် ၄၀%အောက်ရွှံ့) အရောအနှောများကို သဲနုန်းမြေနု ဟုခေါ်သည်။
{{stub}}
[[ကဏ္ဍ:သဘာဝ ပစ္စည်းများ]]
[[ကဏ္ဍ:ပန်းပု ပစ္စည်းများ]]