မတ္တရာမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၅၃ -
 
== လမ်းပန်းဆက်သွယ်ရေး ==
မတ္တရာနယ်သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းပေသည်။ [[မော်တော်ကားလမ်း]]၊ [[မီးရထားလမ်း]]၊ ရေလမ်းများဖြင့် ခရီးပေါက်သည်။ မတ္တရာမြို့မှ မန္တလေးသို့ မီးရထားလမ်း ဖောက်လုပ်ထားသည်။ ရွှေတချောင်း တူးမြောင်းတစ်လျှောက်မှလည်း မန္တလေးသို့ မော်တော်ကားလမ်းရှိသည်။ ထိုပြင် [[ရှမ်းပြည်နယ်]]သို့လည်း ခရီးပေါက်သည်။ ရေလမ်းအားဖြင့် ရွှေတစ်ချောင်းတစ်လျှောက် [[မတ္တရာမြစ်]] (ချောင်းမကြီး) တစ်လျှောက်တွင် လှေများ၊ ဖောင်များ အသွားအလာများသည်။ မတ္တရာနယ်တွင် ထင်ရှားသော ဘုရားများမှာ မတ္တရာမြို့ရှိ ရွှေကူကြီးစေတီ ၊မြို့ထောင့်ရွှေဂူဘုရား၊ ရွှေပုထိုးဘုရား၊ ရွှေဒါလီဘုရား၊ ပန်းယျရွာရှိ ရွှေသစ္စာရဘုရား၊ နှစ်ဆယ့်လေးဆူဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ရှစ်မျက်နှာစေတီနှင့် ရွှေညောင်တော် စေတီ၊[[လွန်းတောင်းရွာလွန်တောင်းရွာ]]ရှိ ရွှေမုဋ္ဌောစေတီနှင့် ရွှေဘုံသာစေတီ၊ [[တောင်ပြုန်းရွာ]]ရှိ ဆုတောင်းပြည့်စေတီ စသည်တို့ဖြစ်၏။ [[ဝါခေါင်လ]]တွင် [[တောင်ပြုန်းပွဲတော်|တောင်ပြုန်းနတ်ပွဲ]] ကျင်းပသောအခါ မြန်မာနိုင်ငံအနှံ့အပြားမှ လူအပေါင်းတို့ သွား ရောက်ကြလေသည်။
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>