ဆင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
|||
စာကြောင်း ၂၉ -
ဆင်အုပ်ထဲမှ ခွဲ၍နေတတ်သည်။ မုန်ယိုသော ဆင်သည် လူကို ရန်မူတတ်၏။
ဆင်သည် အများအားဖြင့် ရာသီအပြောင်းအလဲကိုလိုက်၍ အစာရှာရန် ကောင်းမည့်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။ ဆင်သည် မြင်းကဲ့သို့ မတ်တတ်သော်၎င်း၊ ဝပ်လျက်သော်၎င်း အိပ်နေနိုင်သည်။ ညသန်းကောင်အချိန်နှင့် အပူပြင်းသည့်နေ့ဖက် အချိန်တို့တွင်သာ အများအားဖြင့် အိပ်လေ့ရှိသည်။ လူတို့၏ အချုပ်အနှောင်ကို ခံနေရသည့် အချိန်တွင် ဆင်သည် ရက်သတ္တပတ်ပေါင်းများစွာ မလဲမလျောင်းဘဲ နေတတ်သည်။ ငါးနှစ်မျှ မလဲလျောင်းဘဲနေနိုင်သောဆင်များရှိသည်ဟုသိရသည်။
ဆင်သည် ရေကူးကျင်လျင်သည်။ ပေ ၃ဝ ကျော်မျှနက်သော ရေထဲတွင် ၆ နာရီမျှ နေနိုင်ကြောင်းအမှတ်အသားများရှိသည်။ ဆင်သည်ခြေ ၄ ချောင်းစလုံး မြေကြီးမှကြွအောင် မခုန်နိုင်ချေ။ သို့သော်လည်းပြေးလွှားရာတွင်အံ့ဩဖွယ်ကောင်း လောက်အောင် မြန်ဆန်ပေသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆင်ကို လေးလံသော ဝန်ကို သယ်ဆောင်ရသည့် အလုပ်များလုပ်ကိုင်စေရန်ရွေးချယ်၍ ခိုင်းစေသည်။ ခိုင်းစေသောအလုပ်တွင် ဆင်သည် တာဝန်ကျေပြွန်အောင် ဆောင်ရွက်နိုင်သည်။ ဆင်ကို သစ်တုံးများ ဆွဲစေရန်၎င်း၊ လေးလံသော ဝန်တို့ကိုမတင်သယ်ဆောင်စေရန်၎င်း အသုံးပြုသည်။ မျက်နှာပြင် ညီညာသောအရပ်ဒေသများတွင် ဆင်သည် အလေးချိန်တတန်ခွဲမျှကိုသက်သာလွယ်ကူစွာသယ်ဆောင်သွားနိုင်ပေသည်။ အလွန်လေးလံသောဝန်ကို
ဆွဲရန်အတွက် ဆင်လည်ပင်းတွင် သားရေကြိုးပြားကြီးရစ်ပတ်ပေးရသည်။ ထိုသားရေကြိုးပြား၌ ဝန်ကိုဆွဲယူရန် လွန်ကြိုးတစ်ချောင်း တပ်ထားရသည်။ အချို့ဒေသတို့၌ ဆင်ကို သစ်ဆွဲရန်သာမဟုတ်ဘဲ၊ တစ်ခါတစ်ရံ လယ်ထွန်ရန်၊ တစ်ခါတစ်ရံ ကုန်တွဲကြီးများ ဆွဲဆောင်ရန် စေခိုင်းကြသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းတွင် ဆင်မပါလျှင်မပြီးနိုင်သလောက်ပင် ဖြစ်သည်။
ဆင်ကို ယာဉ်အဖြစ်ဖြင့်လည်း အသုံးချနိုင်သေးသည်။ ဆင်၏ ကျောက်ကုန်းပေါ်တွင် ကုန်းနှီးတွဲကိုတပ်ဆင်ရ၏။ ထိုကုန်းနှီးတွဲပေါ်တွင် လူစီးနင်းလိုက်ပါနိုင်ရန်လေးဖက်လေးတန် အကာအရံပါသော ထိုင်စရာကို လုပ်ပေးရသည်။ ဆင်ဦးစီးသည် ဆင်၏လည်ပင်းပေါ်တွင်ထိုင်လျက်လိုက်တတ်သည်။ အိန္ဒိယနိုင်ငံ၌ မဟာရာဇာများသည်ကျားပစ်ထွက်သောအခါ ဆင်စီး၍ တောကစားကြသည်။ ရှေးအခါက စစ်တိုက်ရာတွင် ဆင်ကို များစွာအသုံးပြုသည်။ မြန်မာသမိုင်းတွင် ကျော်ကြားသော စီးချင်းတိုက်ပွဲများ ရှိခဲ့သည်။ ဆင်ကိုအိန္ဒိယ၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများ၌ မင်းခမ်းမင်းနားများတွင် ရှေးကသုံးခဲ့သည်။
အများအားဖြင့် ဆင်မှာ မည်းညိုသော အရောင်ရှိသော်လည်း၊ ဆင်ဖြူများရှိသေး၏။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် [[ဆင်ဖြူတော်|ဆင်ဖြူ]]ကို အတွေ့ရများသည်။ ဆင်ဖြူကို ဆင်မည်းနှင့် တန်းတူမထားဘဲ၊ မြင့်မြတ်သည်ဟူ၍ ယူဆယုံကြည်ကြသည်။ 'မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆင်ဖြူကို အထွတ်အမြတ်ထားကြသည်။ မြန်မာဘုရင်တို့သည်ဆင်ဖြူရှင်ဟူသော ဘွဲ့ကို အလွန်နှစ်သက် လိုလားကြသည်။
ထို့ကြောင့် မြန်မာမင်းတို့၏ ရာဇဝင်၌ ဆင်ဖြူတော်ကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားကြသည်များ ရှိ၏။ ဆင်သည် သူ့နဂိုသဘာဝအတိုင်း နေရလျှင် ရုတ်တစ်ရက်
မသေဘဲ၊ အတော်ပင်အသက်ရှည်သည်။ နှစ်တစ်ရာကျော်လောက်အထိ နေနိုင်သည်။ ဆင်မသည်သားမွေးလျှင်အရေအတွက် ခပ်နည်းနည်းမွေးသည်။ ထို့ကြောင့် ဖမ်းဆီးခံရသော ဆင်တို့ အသေအဆုံးများလာလျှင် အစားထိုးရန် ၁ဝ နှစ် တစ်ကြိမ်၊ သို့မဟုတ် ၁၂ နှစ်တစ်ကြိမ်ခန့် ထပ်မံ၍ဖမ်းဆီးရန်စီစဉ်ရသည်။ ဆင်ဖမ်းမည့်လူစုသည် ဆင်များကိုမဖမ်းဆီးမီ ရက်သတ္တပတ်ပေါင်း များစွာကပင်ကြိုတင်၍တောနက်ထဲတွင် လှည့်လည်ကာ ဆင်များကို လိုအပ်သည့်နေရာသို့ရောက်အောင်ကြံဆောင်၍ မောင်းယူကြရသည်။
နောက်ဆုံး၌ ကျုံးသွင်းရန် အဆင်သင့်ဖြစ်သောအခါ ဆင်များကို ရုတ်တစ်ရက် လန့်ဖျပ်သွားအောင် ကျယ်လောင်စွာ ညာသံပေး၍၊ လိုသောနေရာသို့စုရုံးရောက်ရှိစေရသည်၊ မကြာမီပင် ဆင်ရိုင်းကြီးများသည် ချောင်ထဲပိတ်မိနေ၍ ကြိုးကြီးများဖြင့် အချည်အနှောင်ခံကြရသည်။ ဤနည်းဖြင့် ဆင်ရိုင်းကြီးများကို ဖမ်းဆီးပြီးနောက်၊ ဆင်ယဉ်များဖြင့် ရောပြွမ်းထားကာ တစ်ဖြည်းဖြည်း ယဉ်ပါးလာအောင် လုပ်ယူကြသည်။ ရှေးအခါကတည်းကပင် ဆင်များကို ဆင်စွယ်အလို့ငှာ အများအားဖြင့် သတ်ဖြတ်ခဲ့ကြသည်။
မကြာသေးမီအချိန်လောက်အထိ၊ အာဖရိကဆင်များကို တစ်နှစ်လျှင်အကောင် ၄ဝဝဝဝ ကျော်မျှ သတ်ဖြတ်ခဲ့ကြသည်။ ယခုအခါ၌မူ ဆိုင်ရာနိုင်ငံအစိုးရတို့သည် ဆင်များအား စည်းကမ်းမဲ့သတ်ဖြတ်ခြင်းကို တားမြစ်ထားကြသည်။
=== ကျမ်းဂန်လာ မြန်မာဆင် ===
မြန်မာကျမ်းဂန်တို့တွင် ဆင်များကို အစွယ်ပေါက်ပုံသို့ လိုက်၍ -
# အစွယ် လုံးဝမရှိသော ဟိုင်းမျိုး၊
# သေးသွယ်သောအစွယ်၊ တိုသောအစွယ်ရှိသည့် ဟံမျိုး၊
Line ၁၂၉ ⟶ ၇၃:
ရှေးလွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းသည် ဟိမဝန္တာတောကြီးအလယ်၌ တောတဆယ့်ခြောက်ထပ်၊ တောင် စဉ်ခုနစ်ထပ် ရံထားသော ဆဒ္ဒန်အိုင်ကြီး၏ အနောက်မျက်နှာ တွင် တဆယ့်နှစ်ယူဇနာရှိသော ရွှေဂူ၌ ဆဒ္ဒန်ဆင်အမျိုးပေါင်း ရှစ်သောင်းခြံရံလျက် ဆဒ္ဒန်ဆင်မင်း ဖြစ်တော်၏။ ထိုဆဒ္ဒန်ဆင်မင်း၏ အရပ်ကား တဆယ့်ရှစ်တောင်၊ အလျားကား အတောင်တစ်ရာ့နှစ်ဆယ်၊ နှာမောင်းကား အလျား ငါးဆယ့်ရှစ်တောင် အစွယ်ကား လုံးပတ်အားဖြင့် တဆယ့်ငါးတောင်၊ အလျားအားဖြင့် အတောင်သုံးဆယ်ဟူ၍ အသီးသီးရှိ၏။ခြေဖျား၊ လက်ဖျား၊ နှုတ်ဖျားတို့သည် ချိပ်ရည်သွေးကဲ့သို့ နီမြန်း၏။ ကိုယ်အလုံးသည် ငွေလမင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ၏။ အစွယ်သည် ညိုရွှေနီစက်၊ ပြိုးပြက်ဖြူမောင်းသော အရောင်ခြောက်ပါးနှင့် ပြည့်စုံ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးအခါ၌ ရွှေဂူတွင်စံလျက် နွေအခါတွင်မူ ညောင်နန်းတွင် စံနေတော်မူတတ်၏။ ဆဒ္ဒန်ဆင်မင်း၌ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါဟူ၍ မိဘုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆဒ္ဒန်ဆင်မင်းသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ပျိုအောက်၌ ခိုလှုံရပ်နားနေခိုက်၊ လက်ျာတော်လေအောက်က မဟာသုဘဒ္ဒါ၊ လက်ဝဲတော်လေညာက စူဠသုဘဒ္ဒါတို့ ခစားနေစေလျက်၊ အင်ကြင်းပင်ကို ဦးကင်းဖြင့်ဝှေ့၍ ပန်းမိုးရွာစေ၏။ ထိုအခါ သစ်ခြောက်ကိုင်းတို့နှင့်တကွ ပရွက်ခါချဉ်တို့သည် စူဠသုဘဒ္ဒါအပေါ်သို့ လှုပ်တိုင်းကျလာ၏။ မဟာသုဘဒ္ဒါအပေါ်၌ကား ပန်းပွင့်ပန်းမှုန်တို့မှာ လေညာမှလွင့်၍ စုပုံကျလာကုန်၏။ ထိုအခြင်းအရာကြောင့် စူဠသုဘဒ္ဒါသည် ဆင်မင်းသည် ချစ်ခြင်းမညီဟု သဘောထားကာ အငြိုးကြီးစွာ ထားလေ၏။ တစ်ဖန် အိုင်အတွင်းသို့ သက်ဆင်း၍ ရေကစားသည်တွင် ပဒုမ္မာကြာမှုန်တို့၏ဝတ်ဆံတို့ကို ကြဲဖြန့်ကစားတော်မူ၍၊ ကြွင်းသောကြာပန်းတို့ကို မဟာသုဘဒ္ဒါ တစ်ဦးတည်းကိုသာ ပေးမိပြန်သဖြင့် ဒုတိယအကြိမ် ရန်ငြိုးဖွဲ့ပြန်၏။ ထို့နောက် စူဠသုဘဒ္ဒါသည် ရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကြာစွယ်ကြာရင်းတို့ကို ဆက်ကပ်လှူဒါန်း၍ 'အကျွန်ုသည် ယခုဘဝမှ စုတေခဲ့သော်၊ ဧကရာဇ်မင်း၏ ရှုမငြီးသော မိဘုရားကြီးဖြစ်လျက် ဇာတိဿရဉာဏ်ကိုလည်း ရပါစေသော။ ထိုအခါ ဤဆဒ္ဒန်ဆင်မင်း၏စွယ်တော်အစုံကို ဖြတ်ပိုင်း၍ ယူနိုင်ပါစေသော' ဟု ဆုတောင်း၏။
ထို့နောက် အစာရေစာ မစားဘဲ၊ အားပြတ် စုတေ့လေသော်၊ ဆုယူသည့်အတိုင်း မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်လာ၏။ ထိုသမီးတော် အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဘုရားဖြစ်လာ၏။ မိဘုရားလည်း မိမိ၏ အတိတ်ဘဝကို အောက်မေ့၍ မိမိဆုတောင်းခဲ့သည့်အတိုင်း ဖြစ်မြောက်စေရန် ညှိုးငယ်သော အသွင်ကိုဆောင်၍နေလေ၏။ ထိုအခြင်းအရာကို မြင်လတ်သော် မင်းကြီးက မေးမြန်းလေ၏။ မိဘုရားလည်း မင်းကြီးအား ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကို နားတောင်းအဖြစ်
ပန်ဆင်လို သည်ဟု တင်လျှောက်လတ်သော်၊ မင်းကြီးသည် ဆဒ္ဒန်ဆင်မင်းကို ရှာဖွေစေရန် သောနုတ္တရမုဆိုးကို ဆင့်ဆိုတော်မူ၏။ မိဘုရားလည်း ထိုမုဆိုးအား မိမိကိုယ်တိုင်လမ်းညွှန်၍ ဆင်မင်းကို အဆိပ်လူးသောများဖြင့် ပစ်သတ်လျက် အစွယ်တော်ကိုဖြတ်ယူခဲ့ရန် စေလွှတ်လေ၏။ မုဆိုးလည်း ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်ကြာမှ ဆဒ္ဒန်ဆင်အိုင်သို့ ရောက်လေ၏။ ထို့နောက် ဆင်မင်း၏နေရာ အသွားအလာလမ်းများကို မှတ်သား၍ ဆင်မင်းရပ်တည်မည့်နေရာ တည့်တည့်၌ ဥမင်တူးကာ၊ ဆင်မင်း၏ ချက်နှင့်ချိန်လျက် မြားပစ်ရန် အပေါက်ဖေါက်ထား၏။ မိမိကိုယ်ကိုလည်း သင်္ကန်းဝတ်ရုံထားလေသည်။ နောက်တစ်နေ့ ဆင်မင်းနှင့် ဆင်မိဘုရားတို့ ယင်းအရပ်၌ ရေစစ်ရန် ရပ်တန့်ခိုက်တွင်ပင် မုဆိုးက ဆိပ်လူးမြားဖြင့်ပစ်လတ်သော် ဆင်မင်းသည် တောတောင်အလုံး ပဲ့တင်ဟီးမျှ သုံးကြိမ် ဟစ်အော်ညည်းညူတော်မူရာ၌ ဆင်အပေါင်းကလည်း ရန်သူကို ချေမှုန်းပစ်အံ့ဟု တောတောင်ပတ်လည် လှည့်လည်ရှာဖွေကြ၏။
ဘုရားလောင်းသည် မြားလာရာလမ်းကို ကြည့်သဖြင့် သိတော်မူရကား၊ မဟာသုဘဒ္ဒါအား ထပ်မံထိခိုက်မည်စိုး၍ အခြားသို့ ဖယ်ရှားစိမ့်သောငှါ အမျက်ထွက်လေဟန်ဖြင့် ရန်သူကိုရှာစေလေ၏။ ဆင်မင်းသည် မြားလာရာ အောက်အရပ်သို့ ခွာတော်နှင့်ရှပ်သဖြင့် ဥမင်ထဲရှိမုဆိုးကို မြင်သောအခါ နှာမောင်းဖြင့် ဆွဲယူတော်မူ၏။ မုဆိုးလည်း မိမိကိုယ်မှ သင်္ကန်းကိုခွာလျက် နှာမောင်းပေါ်သို့ တင်လိုက်၏။ ဆဒ္ဒန်ဆင်မင်းသည် သင်္ကန်းကိုမြင်ရုံမျှနှင့်ပင် အမျက်ပွားမိသည်ကို ချုပ်တည်း၍မုဆိုးအား အကြောင်းအရင်းကို မေးမြန်းလေ၏။ ထိုအခါ မုဆိုးသည် သုဘဒ္ဒါမိဘုရားက ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကိုအလိုရှိ၍ စေခိုင်းကြောင်းကို လျှောက်ထားလေရာ၊ ဘုရားလောင်းဆင်မင်းသည် မိမိ၏အစွယ်ကို မိမိဖြတ်၍၊ သဗ္ဗညုတဉာဏ်၏ ရရာရကြောင်း အထောက်အပံ့ဖြစ်စေသတည်းဟု ဆုတောင်းလျက်၊ မုဆိုးအားပေးလှူပြီးသော် 'အဆွေတော် သောနုတ္တိုရ်၊ မောင်မင်းသခင်၊ ပလ္လင်ညာရံ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်းပြောပါလေ။ တောဟေဝန်ချောင်၊ မြိုင်သာခေါင်တွင်၊ ငွေတောင်ကြီးသွင်၊ ခင်မလင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍သတ်ခဲ့ပြီ။ စွယ်တော်ဓာတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေခင်ဖြတ်လှီး၍၊ သွေးစီးသံထွက်၊ နာကျင်စွာနှိပ်စက်ပြီးမှ၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို ရွှေဘုံသူ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် သပါမည်။ အားရစိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါတော့ ဘုရားဟူ၍၊ မောင်မင်းသခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်သည့်၊မုဆိုးတစ်ပိုင်း၊မိန်းမရိုင်းကြီးကို၊ငါမှာ တိုင်းပြောပါလေ' ဟု မှာကြားလေ၏။ထို့နောက် ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မယားဟောင်းလက်ချက်နှင့် အသက်ဆုံးတော်မူလေသတည်း။
မုဆိုးကား ဗာရာဏသီသို့ပြန်၍၊ စွယ်တော်ကို သုဘဒ္ဒါ မိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါ သုဘဒ္ဒါမိဘုရားသည် 'စကားရှေ့နောက်၊ ပြန်လှန်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကိုပိုက်ပြန်၍၊ တစိုက်စိုက်ရှုယင်းပင်၊ ပြုမိသည့်ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊
ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရနီခိုင်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လုလျက်၊ ကယုကယင်၊ ချစ်တုံ့တင်သဖြင့်၊ ကြင်ကြင်လည်လည်၊ ပျော်ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ဝေ၊ လှိုင်းဘောင်ဘင်မွှေသောကြောင့်၊ မဖြေနိုင်မဆည်နိုင်၊ သည်းဆိုင်မှာလောင်ခြစ်၍၊ ကျမည်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ်တော်ဖေါက်လဲ၍၊ ဗာရာမင့်လည်ဆွဲသည် ရင်ကွဲနာနှင့်
နတ်ရွာစံတော်မူလေ၏။' <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
Line ၂၃၉ ⟶ ၉၂:
=== ဆင်အမျိုးအစားများ ===
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။ ဆင်မ များတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။
==== အခြားကြည့်ရန် ====
[[ဆင်အမျိုးအစားများ (မြန်မာ)]]
|