ဘီယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၂ -
 
==မြန်မာနှင့် ဘီယာ==
မြန်မာတွင် ရှေးက ဘီယာကဲ့သို့သော အရည်ကို ဗြစ်ရည်ဟု[[ဗြစ်ရည်]]ဟု ခေါ်ဆိုခဲ့ကြသည်။ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဝီစကီ၊ ဘရန်ဒီ၊ ဘီယာ စသော နိုင်ငံခြားဖြစ် ယမကာများသည် ရတနာပုံ နေပြည်တော်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မြင်းခြံမြို့သို့ တာဝန်နှင့် သွားယောက်စဉ်အတွင်း ဗြစ်ရည်ကို ဆေးဝါးအမှတ်ဖြင့် အနည်းငယ် သောက်သုံးလျှင် သူရာမေရယကံ မမြောက်သောကြောင့် အပြစ်မရှိဟု ထင်မြင်ချက် ပေးခဲ့ဘူးသည်။
 
ဤအကြောင်းကို အထောက်တော် ဦးရွှေတိုး (နောင် တောင်ထားဝယ်ဗိုလ် ဖြစ်လာသူ)၏ တင်လျှောက်ချက်အရ မင်းတုန်းမင်းတရားကြီး၏ ရွှေနားတော်အထိ ပေါက်ကြားခဲ့သည်။ မင်းတုန်းမင်းတရား ခေါ်ယူစစ်ဆေးတော်မူရာတွင် ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မကွယ်မထောင့် ဟုတ်မှန်ကြောင်း ဖြောင့်ဆိုပါသည်။
 
မင်းတုန်းမင်းတရားကြီးက "'မောင်မင်းလျှောက်တင်သော စကားသည် မောင်မင်းကဲ့သို့သော ပညာရှိများ အတွက်မူ ဟုတ်မှန်တန်ရာပါသည်။ သို့သော် တိုင်းသူပြည်သား၊ အများကမူ မောင်မင်းကဲ့သို့ ပညာရှိများ မဟုတ်ကြသောကြောင့် မောင်မင်း၏စကားကို လိုရာဆွဲပြီး အဓိပ္ပါယ်ကောက်ယူကာ သောက်စားမူးယစ်နေကြလျှင် မခက်ပေလော"' ဟု အမိန့်တော်ရှိပြီးနောက် ယောအတွင်းဝန် ဦးဖိုးလှိုင်အား ရာထူးချထားခဲ့ပါသည်။ <ref>မန္တလေးမြို့ အနှစ်တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်၊ စာ-၄၇</ref>
 
== ရည်ညွှန်းကိုးကား ==
"https://my.wikipedia.org/wiki/ဘီယာ" မှ ရယူရန်