အံတော်သိမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
No edit summary
စာကြောင်း ၂၈ -
 
== သမိုင်းကြောင်း ==
မူလကုသိုလ်ရှင်သည် မင်းစောလှဖြစ်ပြီး[[မင်းစောလှ]]ဖြစ်ပြီး ခရစ် ၁၅၂၁ ခုနှစ်တွင် ကောင်းမှုပြုခဲ့သည်။ ၁၅၉၆ခုနှစ်တွင် [[မင်းရာဇာကြီး]]က ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့သည်။ သို့ဖြစ်၍ အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြသည်။
 
အဆိုပါအံတော်သည် [[သီဟိုဠ်ကျွန်း]]မှ ပင့်ဆောင်လာခဲ့ကာ [[သံတွဲမြို့]] အံတော်စေတီတွင် ဌာပနာခဲ့သည်။ [[မင်းဗာကြီး]]ဘုရင်သည် သံတွဲမှ အံတော်ကိုပင့်ဆောင်ကာ နန်းတော်တွင်း၌ ကိုးကွယ်ခဲ့သည်။ [[မင်းရာဇာကြီး]]လက်ထက်တွင် အဆိုပါအံတော်ဓာတ်ကို အံတော်သိမ်ပုထိုးတွင် ဌာပနာခဲ့သည်။ [[ကိုလိုနီခေတ်]]တွင် ဌာပနာတိုက် ဖောက်ထွင်းခံခဲ့ရသော်လည်း အံတော်ဓာတ်ကို ပြန်လည်ရရှိခဲ့သည်။ လက်ကောက်ဈေး ကျောင်းတိုက်၌ အပူဇော်ခံခဲ့ကြသည်။ နောက်ပိုင်းတွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံရာ တံတားကျိုးကျရာတွင် ပါသွားပြီး ပျောက်ဆုံးသွားပြန်သည်။ သို့သော်နောက်ပိုင်းပြန်လည်ရရှိကာ ဗန္ဒုလကျောင်း ယခု စန္ဒမုနိကျောင်း၌ ယနေ့တိုင် အပူဇော်ခံလာခဲ့လေသည်။