"သျှင်မြဝါ" ၏ တည်းဖြတ်မှု မူကွဲများ

၇၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
(အကြောင်းအရာထပ်ဖြည့်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
 
==တိုင်းပြည်အကျိုးသယ်ပိုးခြင်း==
သျှင်မြဝါမြောက်ဦးသို့ရောက်ချိန်တွင် အသက်(၃၉)နှစ်ရှိခဲ့ပြီး၊ ထိုစဉ် သစောသီရိမှာ[[သစောသီရိ]]မှာ မြောက်ဦးရွှေနန်းကို အုပ်စိုးနေချိန်ဖြစ်ပေသည်။ ဘိဿေကမင်္ဂလာဆင်ယင်ကျင်းပသောအခါ သီရိသူရိယ စန္ဒာမဟာဓမ္မရာဇာ ဟူသောဘွဲ့တော်ခံယူတော်မူခဲ့သည်။ မြတ်သာထွန်းအား[[မြတ်သာထွန်း]]အား မဟာပညာကျော်ဘွဲ့ကိုပေးပြီး[[မဟာပညာကျော်ဘွဲ့]]ကိုပေးပြီး ပညာရှိအမတ်အရာဖြင့်ခစားစေခဲ့သည်။ တစ်ခါသော် မင်းဗာဘုရင်သည် ညီလာခံခေါ်ယူကျင်းပခဲ့သည်။ ရခိုင်ဘုရင်များသည် ညီလာခံ သဘင်ကို နံနက်အာရုံတက်ချိန်ကျင်းပလေ့ရှိသည်။ ထိုသို့ ညီလာခံကျင်းပရန် စည်တော်နရီမူးကအချက်ပေးပြီးများမကြာမှီတွင် သျှင်မြဝါသည် မောက်ကလိန်တောင်ဝှေးကိုထောက်ကာ လှံစွပ်သူရဲတစ်ဦး ၊ဓားကိုင်သူ ရဲတစ်ဦး စောင့်နေသော ညီလာခံ ပထမ တံခါးကို တားမြစ်ခြင်းမရှိပဲဝင်လာသည်ကို မင်းဗာဘုရင်သည် ပလ္လင်ထက်မှမြင်တော်မူသည်။ ဒုတိယတံခါး ကိုရောက်သောအခါလည်း အစောင့်သူရဲကောင်းများက တားဆီးမှု မရှိပဲ တကြောင်းချင်းဝင်လာသည်ကိုမြင်နေရသည်၊ နောက်ဆုံးတံခါးသို့ ရောက်သောအခါ မင်းဗာဘုရင်သည် ပလ္လင်ထက်မှဆင်းပြီးရှိခိုးလျှက်ဆီးကြိုနေလေသည်။ အစောင့်များအတားအဆီးမရှိပဲ ဝင်လာသည်ကို တွေ့သဖြင့်ရန်သူမဟုတ်သည်ကိုလည်း ဘုရင်ကြီးသိရှိနေခဲ့သည်။ သျှင်မြဝါသည် ပလ္လင်ပေါ်သို ့တက်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ပလ္လင်ရှေ့တွင် ထိုင်၍ရှိခိုးနေသော မင်းဗာဘုရင်အား နဖူးတည့်တည့်ကို တောင်ဝှေးဖြင့်ချိန်ရွယ်ပြီး “ဟေ့ မဟာရာဇာ – သင်သည် မိန်းမလော ၊ ယောက်ကျားလော၊ ငါက သင်အား မိန်းမဟူ၍မြင်သည်၊ မိန်းမ မိန်းမ မိန်းမ ” ဟု သုံးကြိမ်ပြောဆိုပြီးပလ္လင်မှ ဆင်းကာ လာလမ်းအတိုင်း ပြန်သွားခဲ့လေသည်။
 
ညီလာခံတစ်ခုလုံး တိတ်ဆိတ်ညိုးငယ်သောမျက်နှာဖြင့် ဘုရင်မင်းကိုသာငေးကြည့်နေကြလေသည်။ မင်းဗာဘုရင်၏ မျက်နှာတော်မှာလည်း ရှက်စိတ်ကြောင့် နီမြန်းနေပေသည်။ ထိုအထဲတွင် မဟာပညာကျော် တစ်ယောက်သာ ရွှင်သောမျက်နှာဖြင့် ဘုရင်အား ကြည့်နေလေသည်။ မင်းဗာဘုရင်သည် ညီလာခံကို ရုပ်သိမ်းစေပြီး စိတ်မအီမသာဖြင့် လျောင်းတော်ဦးဆောင်သို့သွားကာ သလွန်ညောင်စောင်း၌ လဲလျောင်းအနားယူ ခဲ့သည်။ မဟာပညာကျော်သည် ညီလာခံရုပ်သိမ်းပြီးလျှင်ပြီးချင်း အိမ်သိုပြန်ကာ အမတ်ကြီးအဆောင်အယောင်အဝတ်အစားများကိုချွတ်ပြီး သူဆင်းရဲ အဝတ်အစားများကိုဝတ်၍ ဘုရင်ထံခစားဝင်လေသည်။ မဟာပညာကျော် လျောင်းတော်ဦးဆောင်သို့ဝင်ရောက်သောအခါ မင်းဗာဘုရင်မှာမျက်စိကိုမှိတ်ပြီး တွေးနေခိုက်ဖြစ်သည်။
အခန်းသို့ဝင်သံကြား၍ မျက်စေ့ကိုဖွင့်ကြည့်လိုက်သောအခါ မဟာပညာကျော်ကို ယခင်တစ်ခါမျှ မဝတ်ဘူးသော ထူးဆန်းသောအဝတ်အစားဖြင့်မြင်တွေ့ရ၍စိုက်ကြည့်နေခဲ့သည်။ မင်းဗာဘုရင်သည် လျောင်းနေရာမှထပြီး သလွန်ပေါ်ထိုင်သောအခါ မဟာပညာကျော်သည် မင်းဗာဘုရင်အား ဤသို့ လျှောက်တင်လေသည်။ ဘုန်းတော်ကြီးလှစွာသော အရှင်မင်းမြတ် ယနေ့နံနက်ညီလာခံသဘင်တွင် ရောက်လာခဲ့သောပုဂ္ဂိုလ်မှာအခြားသူမဟုတ်ပါ၊ အရှင်မင်းမြတ်၏ နောင်တော် သျှင်မြဝါဖြစ်ပါသည်။ ရသေ့အသွင်ပြောင်းနေ၍ မမှတ်မိခြင်းသာ ဖြစ်ပါသည်။ ၎င်းဆိုသောစကားမှာ အလွန်မင်္ဂလာရှိသောစကားဖြစ်ပါသည်။ ရခိုင်အမျိုးကို ချစ်လွန်းသဖြင့် ပြောဆိုသော စကားဖြစ်ပါသည်။ အလွန်လည်းကျေးဇူးတင်စရာကောင်းလှပါသည် ဟု လျှောက်ထားလေသည်။
 
မင်းဗာဘုရင်က မဟာပညာကျော်လျှောက်ထားချက်ကို ပြည့်စုံအောင် နောက်ထပ်လျှောက်တင်ခိုင်းလေသည်။ မဟာပညာကျော်က သျှင်မြဝါ သည် အရှင်မင်းကြီးကို မိန်းမ ဟုခေါ်ရခြင်းမှာ အရှင်မင်းကြီးသည် လင်ယောက်ျား၏ဧည့်သည်တာဝန်ကို တာဝန်ကျေအောင် ဧည့်ခံနေသော မိန်းမနှင့်တူနေပါသည်။ ယခုလည်း အရှင်မင်းကြီးသည် စလတ္တာစောမွန်လက်ထက်ကပင် သာသနာပြုရန်ရောက်နေသော မော်လဝီများ ဖြစ်ကြသည့် –ကာဒီ၊ ဆာဒူခန်၊ မူရှား တို့အား ဧည့်ဝတ်ကျေပွန်စွာ ထားခဲ့သည်။ ၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ ဗလီများဆောက်၍ မူဆလင်သာသနာပြုနေကြပါသည်။ အိမ်ရှင်တစ်ယောက်အနေဖြင့် မည်သို့မျှ မကန့်ကွက်လျှင် သဘောတူရာရောက်ပြီး အိမ်ရှင်၏ မယားဝတ် ကျေသလိုဖြစ်နေ၍ သျှင်မြဝါက အရှင်မင်းကြီးအားမိန်းမဟုခေါ်ဆိုခြင်းဖြစ်ပါသည်။အရှင်မင်းကြီးအား မိန်းမဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ ထိုအခါ မင်းဗာ ဘုရင်က မဟာပညာကျော်အား သို့ဖြစ်လျှင်မည်သို့ဆောင်ရွက်ရမည်ကိုလျှောက်တင်စေသည်။သို့ဖြစ်လျှင် မည်သို့ဆောင်ရွက်ရမည်ကိုလျှောက်တင်စေသည်။
 
 
မဟာပညာကျော်က[[မဟာပညာကျော်]]က ဘေးလောင်းတော် မင်းစောမွန်လက်ထက်က[[မင်းစောမွန်]]လက်ထက်က သူရတန်မင်းအား[[သူရတန်]]မင်းအား ပေးအပ်ခဲ့ရသော ရခိုင်ဒေသဖြစ်သည့် ဘင်္ဂလားနယ်ကိုပြန်လည် သိမ်းယူရရှိအောင်ကြံဆောင်ရပါမည်။ “ကုလားပုစွန် တဆယ့်နှစ်တန်ကိုမကျော်ရ”ဟူ၍ စကားရှိပါသည်။ အရှင်မင်းကြီးသည် မင်းစောမွန်မှ စ၍ရေတွက်သော် တစ်ဆယ့်နှစ်ကိုရောက်နေပါသည်။ ယင်းကြောင့် ဘင်္ဂလား ၁၂ မြို့ကို ရရန်သင့်တော်ပြီဖြစ်ကြောင်း တင်လျှောက်ခဲ့သည်။ ထိုအခါ မင်းဗာဘုရင်သည်[[မင်းဗာ]]ဘုရင်သည် သျှင်မြဝါပြောသောစကားကို သဘောပေါက်နားလည်လက်ခံကာ မဟာပညာကျော်အား[[မဟာပညာကျော်]]အား စစ်ချီတက်ရန် စီမံခန့်ခွဲစေပြီး [[မဟာနန္ဒသူရ]] ဘွဲ့ရာထူးဖြင့် သက္ကရာဇ် ၈၉၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၉)ရက်နေ့တွင် စစ်ချီတက်တော်မူပြီး မောက်သူဇာ၊ ဒက္ကာ၊ ဂန်ဘီလာ၊ သီလတ်၊ ပဋိတ္တရား၊ ဂင်္ဂါသာရ၊ စစ်တကောင်း၊ ဂေဏတော်ပလ္လင်၊ ကံသာ၊ တိလိင်္ဂါ၊ ဘာရီဆာရ်၊ ရောင်ပုရ် စသော ဘင်္ဂါလား ၁၂ မြို့ကိုချီတက် သိမ်းပိုက်ခဲ့လေသည်။ စစ်အောင်နိုင်၍ ဘင်္ဂါလား ၁၂ မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အပြန်တွင် ဗုဒ္ဓဂါယာတွင် ကုသိုလ်ကောင်းမှုပြုခဲ့လေသည်။ မဟာဗောဓိ စေတီတော်ကြီးကိုပြန်လည်ပြုပြင် ခဲ့သည်၊ ပြိုပျက်နေသော စေတီပုထိုးတို့မှ မရေတွက်နိုင်အောင် များပြားလှသော ဓာတ်တော် မွေတော်တို့ကို ယူဆောင်ပြီး မြောက်ဦး သို့ယူဆောင်ပြီးပြန်ခဲ့လေသည်။
 
==သျှစ်သောင်းဘုရားကိုတည်ထားခြင်း==
မင်းဗာဘုရင်[[မင်းဗာ]]ဘုရင် မြောက်ဦးမြို့သို့ရောက်၍ များမကြာမှီ ပေါ်တူဂီတို့သည် ရေတပ်အင်အားများစွာဖြင့် မြောက်ဦးကိုတိုက်ခိုက်ရန် ရောက်လာခဲ့ကြသည်။ ၎င်းပေါ်တူဂီရန်ကိုလည်း ရခိုင်ပညာရှိ အရက်သေမဆရာတော်က အသက်ကိုစွန့်ပြီး ကြံဆောင်သဖြင့် အောင်မြင် ခဲ့လေသည်။ မင်းဗာဘုရင်သည် မဇ္စိုမဒေသမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာထည့်၍ စေတီဆောက်ရန် သျှင်မြဝါအားတိုင်ပင်ခဲ့လေသည်။ ဖိုးခေါင်တောင်ကိုညှိလျှက် မဏ္ဍိုင်ငါးရပ်ကို ဓာတ်တော် မွေတော်ပေါင်း သျှစ်သောင်း ၊ အရွယ်အစားအမျိုးမျိုးရှိသော ဘုရားဆင်းထုတော်ပေါင်း သျှစ်သောင်း ကိုဌာပနာ၍ သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ နေထွက်ချိန်တွင် တကမ္ဘာလုံးအေးချမ်းမှုရှိရန်ရည်ရွယ်ပြီးပန္နက်ရိုက်ခဲ့သည်။ နောင်လာ သျှစ်သောင်းဘုရားများကို ရည်စူး၍ ဓာတ်တော်မွေတော်ပေါင်း အရွယ်အစားအမျိုးမျိုးရှိသည့် ဘုရားဆင်းတုတော်ပေါင်း သျှစ်သောင်းကိုဌာပနာ၍ တည်ထားသောကြောင့် သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်စေသည်။
 
==စွမ်းဆောင်ချက်များ==
သျှင်မြဝါသည် [[သျှစ်သောင်းပုထိုးတော်]] တည်ထားပြီးမြောက်လျှင် မြို့တော်၌ လုပ်သင့်သည့်ကိစ္စများကို လုပ်ဆောင်ခဲ့သည်။ အကာကြီးတစ်ရာ၊ အကာငယ်တစ်ထောင်တို့ကို ပြုလုပ်စေသည်။ မဟာပညာကျော်၊ အဂ္ဂစိန္တေယျဆရာတော်တို့နှင့်[[အဂ္ဂစိန္တေယျ]]ဆရာတော်တို့နှင့် ညှိနှိုင်းပြီး ရှေးဟောင်းဓမ္မသတ်ကျမ်းများကို မှီးပြီး "ရွှေမျဉ်းဓမ္မသတ်ကျမ်းကြီး"ကို ပြုလုပ်ခဲ့သည်။ ၎င်းကျမ်းမှာ အလွန်နက်နဲခက်ခဲသဖြင့် သာမန်လူများဖတ်ရှု၍ နားမလည်နိုင်ချေ။
 
သျှင်မြဝါသည် မြို့အတွက် အကာကြီး အကာငယ်တို့ကို စီမံခဲ့လေသည်။ နောက်ဆုံးတွက် မြို့သက် တစ်ထောင် ရှည်စေရန် အတွက် မိမိအသက်ကိုစတေးသွားခဲ့သည်။ သျှင်မြဝါသည် မိမိတွက်ချ၍ အချိန်စေ့ရောက်သောအခါ ကြာသပတေးသားကိုစတေး ရမည်ဖြစ်နေ၍ အခြားလူအသက်ကိုမသတ်လိုသည်ကတစ်ကြောင်း ၊ စတေးရမည့်သူ ကို အချိန်မရဖြစ်နေသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် မိမိဝမ်းဗိုက်ကိုဓားဖြင့်ထိုးပြီးအူ ကို မြို့ချာတိုင်၌ ရစ်ပတ် ကာ ၊ သူသေ ဆုံးသောနေရာတွင် မြေမြုပ်သဂြိုဟ်ရန်မှာထားခဲ့လေသည်။ အူရစ်ပတ်ခြင်း ကုန်ဆုံးသည်နှင့်မြေပြင်ပေါ်သို့လဲကျသေဆုံးခဲ့သည်။ သျှင်မြဝါသည် သက်တော် ၄၅ နှစ် သက္ကရာဇ် (၈၉၉ )ခုနှစ်တွင် တိုင်းပြည်အတွက်အသက်ကို စတေးခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ မင်းဗာဘုရင်မှာ ပညာရှိတစ်ဦး ဆုံးရှုံးသဖြင့် ယူကြုံးမရ ဝမ်းနည်းခဲ့ရသည်။ရခိုင်နိုင်ငံ၏ဝမ်းနည်းခဲ့ရသည်။ ရခိုင်နိုင်ငံ၏ ကျေးဇူးသျှင် ပညာရှိကြီးအားမြေတွင်မြုပ်၍ပညာရှိကြီးအား မြေတွင်မြုပ်၍ သာမန် လူတစ်ဦး ကဲ့သို ့သဂြိုဟ်မှုကိုမပြုလိုပေ၊ ယင်းကြောင့် မင်းဗာဘုရင်က ပညာရှိတစ်ဦးအား သင့်တင်လျှောက်ပါတ်သောနေရာ၌ အခမ်းအနားကြီးကျယ်ဖြင့် သဂြိုဟ်မည်ဖြစ်ကြောင်း အမိန် ့ထုတ်၍ မီးသဂြိုဟ်ပြီး သျှစ်သောင်းဘုရား၏တောင်ဘက် ၊ ဘုရားပေါင်းတောင်စွယ်တွင်အရိုးပြာကိုဂူသွင်းထားခဲ့လေသည်။[[ဘုရားပေါင်းတောင်စွယ်]]တွင်အရိုးပြာကိုဂူသွင်းထားခဲ့လေသည်။ ထိုနေရာကို သျှင်မြဝါသင်္ချိုင်းဟုခေါ်သည်။[[သျှင်မြဝါသင်္ချိုင်း]]ဟုခေါ်သည်။ သျှင်မြဝါသေဆုံးသောအခါ သျှင်မြဝါအားလှူဒါန်း၍ ရရှိသော ရွှေငွေ ပစ္စည်းတို့နှင့်သျှင်မြဝါ ၌ ကျန်ခဲ့သော ပစ္စည်းမျာကိုဌာပနာပြီးမင်းဗာဘုရင်သည်ပစ္စည်းမျာကိုဌာပနာပြီး မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် သျှင်မြဝါစေတီကိုတည်ထားခဲ့သည်။[[သျှင်မြဝါစေတီ]]ကိုတည်ထားခဲ့သည်။ စေတီရှိသောတောင်ကိုလည်း သျှင်မြဝါတောင်ဟု[[သျှင်မြဝါတောင်]]ဟု ခေါ်တွင်ခဲ့လေသည်။
 
==ကိုးကား==
၈၃

တည်းဖြတ်မှုများ