သျှင်မြဝါ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၆ -
 
==စွမ်းဆောင်ချက်များ==
သျှင်မြဝါသည် [[သျှစ်သောင်းပုထိုးတော်သျှစ်သောင်းပုထိုးတော်ကြီး]] တည်ထားပြီးမြောက်လျှင် မြို့တော်၌ လုပ်သင့်သည့်ကိစ္စများကို လုပ်ဆောင်ခဲ့သည်။ အကာကြီးတစ်ရာ၊ အကာငယ်တစ်ထောင်တို့ကို ပြုလုပ်စေသည်။ မဟာပညာကျော်၊ [[အဂ္ဂစိန္တေယျ]]ဆရာတော်တို့နှင့် ညှိနှိုင်းပြီး ရှေးဟောင်းဓမ္မသတ်ကျမ်းများကို မှီးပြီး "ရွှေမျဉ်းဓမ္မသတ်ကျမ်းကြီး"ကို ပြုလုပ်ခဲ့သည်။ ၎င်းကျမ်းမှာ အလွန်နက်နဲခက်ခဲသဖြင့် သာမန်လူများဖတ်ရှု၍ နားမလည်နိုင်ချေ။
 
သျှင်မြဝါသည် မြို့အတွက် အကာကြီး အကာငယ်တို့ကို စီမံခဲ့လေသည်။ နောက်ဆုံးတွက် မြို့သက် တစ်ထောင် ရှည်စေရန် အတွက် မိမိအသက်ကိုစတေးသွားခဲ့သည်။ သျှင်မြဝါသည် မိမိတွက်ချ၍ အချိန်စေ့ရောက်သောအခါ ကြာသပတေးသားကိုစတေး ရမည်ဖြစ်နေ၍ အခြားလူအသက်ကိုမသတ်လိုသည်ကတစ်ကြောင်း ၊ စတေးရမည့်သူ ကို အချိန်မရဖြစ်နေသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် မိမိဝမ်းဗိုက်ကိုဓားဖြင့်ထိုးပြီးအူ ကို မြို့ချာတိုင်၌ ရစ်ပတ် ကာ ၊ သူသေ ဆုံးသောနေရာတွင် မြေမြုပ်သဂြိုဟ်ရန်မှာထားခဲ့လေသည်။ အူရစ်ပတ်ခြင်း ကုန်ဆုံးသည်နှင့်မြေပြင်ပေါ်သို့လဲကျသေဆုံးခဲ့သည်။ သျှင်မြဝါသည် သက်တော် ၄၅ နှစ် သက္ကရာဇ် (၈၉၉ )ခုနှစ်တွင် တိုင်းပြည်အတွက်အသက်ကို စတေးခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပေသည်။ မင်းဗာဘုရင်မှာ ပညာရှိတစ်ဦး ဆုံးရှုံးသဖြင့် ယူကြုံးမရ ဝမ်းနည်းခဲ့ရသည်။ ရခိုင်နိုင်ငံ၏ ကျေးဇူးသျှင် ပညာရှိကြီးအား မြေတွင်မြုပ်၍ သာမန် လူတစ်ဦး ကဲ့သို ့သဂြိုဟ်မှုကိုမပြုလိုပေ၊ ယင်းကြောင့် မင်းဗာဘုရင်က ပညာရှိတစ်ဦးအား သင့်တင်လျှောက်ပါတ်သောနေရာ၌ အခမ်းအနားကြီးကျယ်ဖြင့် သဂြိုဟ်မည်ဖြစ်ကြောင်း အမိန် ့ထုတ်၍ မီးသဂြိုဟ်ပြီး သျှစ်သောင်းဘုရား၏တောင်ဘက် ၊ [[ဘုရားပေါင်းတောင်စွယ်]]တွင်အရိုးပြာကိုဂူသွင်းထားခဲ့လေသည်။ ထိုနေရာကို [[သျှင်မြဝါသင်္ချိုင်း]]ဟုခေါ်သည်။ သျှင်မြဝါသေဆုံးသောအခါ သျှင်မြဝါအားလှူဒါန်း၍ ရရှိသော ရွှေငွေ ပစ္စည်းတို့နှင့်သျှင်မြဝါ ၌ ကျန်ခဲ့သော ပစ္စည်းမျာကိုဌာပနာပြီး မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် [[သျှင်မြဝါစေတီ]]ကိုတည်ထားခဲ့သည်။ စေတီရှိသောတောင်ကိုလည်း [[သျှင်မြဝါတောင်]]ဟု ခေါ်တွင်ခဲ့လေသည်။