အသုံးပြုသူ:သူထွန်း/sandbox: တည်းဖြတ်မှု မူကွဲများ

ရွှေယင်မျှော်ဘုရားသမိုင်းကြောင်း စာအုပ်မှ ထုတ်နှုတ်ထားခြင်းဖြစ်သည်။
စာတွဲ: ပြန်ညွှန်းကို ဖယ်ရှားခဲ့သည်
စာကြောင်း ၅၂ -
 
==ကျန်စစ်မင်း(ထီးလှိုင်ရှင်မင်း)==
သက္ကရာဇ် ၄၂၆ ခုနှစ်တွင် ထီးနန်းတက်ခဲ့လေသော ကျန်စစ်မင်းသည် တိုင်းခန်းလှည့်လည်လာစဉ် ရွှေယင်မျှော်ဘုရားကြီးတောင်ဘက် ၁၆ ကီလိုမီတာခန့် အကွာ ၌ ယာယီစံမြန်းနေတော်မူသည်။ ညအခါ မင်းဦးကိုးကွယ်လျက်ဆောင်ယူလာသော ဓါတ်တော်(၃)ဆူ (ဦးခွံတော်ဓာတ်၊ လကျ်ာနားသွေးဓာတ်၊ မွေရှင်တော်ဓာတ်) တို့သည် ဖျာကြီးအရွယ်မျှ တန်ခိုးရောင်ခြည်တို့သည် တဲနန်းအထက် တက်ကာ မြောက်အရပ်သို့ ပြန်တက်သွားသည်ကို မြင်တော်မူသည်။ ထိုစဉ်မင်းကြီးသည် "[[မီး|မီး မီး]]" ဟု ရောင်ရမ်းတော်မူသည်ကို အစွဲပြု၍ ထိုအရပ်ကို ရောင်ရမ်း ဟုခေါဆိုခဲ့လေသည်။ဟုခေါ်ဆိုခဲ့လေသည်။<br> ခေတ်ကာလ ကြာမြင့်လာသော် ယခု အခါ ညောင်ရမ်းဟု ခေါ်တွင်လာခဲ့သည်။
<br>ကျန်စစ်မင်းသည် မိမိကိုကွယ်လျက်ရှိသောမိမိကိုးကွယ်လျက်ရှိသော ဓါတ်တော်တို့သည် ရွှေယင်မျှော်ဘုရားတွင် အနော်ရထာမင်းကြီး၏ ကောင်းမှုတော်တို့နှင့် အတူ ကိန်းဝပ်လိုသည်ဟု ယူဆကာ စေတီတော်သို့သွားရောက်ပြီး ဌာပနာတိုက်အား တူးဖောက်ကာ ဓါတ်တော်များကို ဌာပနာ၍ လှူဒါန်းခဲ့လေသည်။ ထို့အပြင် သံတိုင်ကြီးတစ်တိုင် ထောက်ကာ ရွှေစင်အတိပြီးသော ဇေတဝန်ကျောင်းတော် ပုံ ကျောင်းတော်၊ မြတ်စွာဘုရား အား မြ၊ သန္တာတို့ဖြင့် အရှေ့အရပ်သို့ မျက်နှာမူလျှက် အဘိဓမ္မာတရား ဟောလေဟန် ပူဇော်ပြီး၊ မင်းကြီးနှင့် မိဖုရား ၄ ပါး တရားနာဟန်အရုပ်တို့ကို ရွှေစင်တစ်သိန်း စီဖြင့် ပြုလုပ် ဌာပနာခဲ့လေသည်။
 
==အလောင်းစည်သူမင်း==