ဗြိတိသျှအင်ပါယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၂ -
== ဗြိတိန်၏ ဖွဲ့စည်းပုံ ==
ဗြိတိသျှတို့ရေးဆွဲခဲ့သော နယ်နိမိတ်များသည် တစ်သားတည်းဖြစ်သော လူမျိုးစုများ သို့မဟုတ် ဘာသာတရား များကို အမြဲတမ်းထင်ဟပ်ခြင်းမရှိခဲ့ပဲ ကက်ရှ်မီးယား၊ ပါလက်စတိုင်း၊ ဆူဒန်၊ နိုင်ဂျီးရီးယား နှင့် သီရိလင်္ကာ တို့တွင် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဗြိတိသျှအင်ပါယာသည် လူအများအကြီးအကျယ် ရွေ့ပြောင်း ခြင်းအတွက်လည်းတာဝန်ရှိသည်။ ဗြိတိသျှကျွန်းများကို စွန့်ခွာခဲ့ကြသူ သန်းပေါင်းများစွာတို့သည် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ နှင့် နယူးဇီလန် တို့ကိုထူထောင်ခဲ့ကြပြီး အခြေချနေထိုင်သူ လူဦးရေ အများစုမှာ အဓိကအားဖြင့် ဗြိတိန်နှင့် အိုင်ယာလန် တို့မှ လာကြခြင်းဖြစ်သည်။ တင်းမာမှုများသည် ထိုတိုင်း ပြည်များ၌ အခြေချနေထိုင်သူ လူဖြူများနှင့် ၎င်းတို့၏ လူနည်းစု ဒေသခံတိုင်းရင်းသားတို့အကြားတွင် လည်းကောင်း၊ တောင်အာဖရိကနှင့် ဇင်ဘာဘွေရှိ လူများစုဖြစ်သော ဒေသခံတိုင်းရင်းသားများနှင့် အခြေချနေထိုင်သူ လူနည်းစုတို့ အကြားတွင်လည်းကောင်း ဖြစ်ပွားနေဆဲဖြစ်သည်။ အိုင်ယာလန်တွင် ဗြိတိသျှ တို့အခြေချခြင်း သည် ၄င်း၏ အမှတ်အသားဖြစ်သော ကက်သလစ်နှင့် ပရိုတက်စတင့် လူအစုအဝေးများကို ခွဲခြားခြင်းအား အိုင်ယာလန် မြောက်ပိုင်း၌ ဖြစ်ပေါ်ကျန်ရစ်စေခဲ့သည်။ သန်းပေါင်းများစွာသေသူတို့သည် ဗြိတိသျှ ကိုလိုနီ နယ်မြေများ အတွင်း တစ် နေရာမှ တစ်နေရာဆီသို့ သွားလာကြပြီး များစွာသော အိန္ဒိယလူမျိုးတို့သည် အင်ပါယာ၏ အခြားအစိတ်အပိုင်း များသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ အဓိကအားဖြင့် တရုတ်နိုင်ငံ တောင်ပိုင်းမှ တရုတ်လူမျိုးများ ရွှေ့ပြောင်းနေ ထိုင်ခြင်းသည် တရုတ်လူမျိုးအများစုပါဝင်သော စင်ကာပူနှင့် တရုတ်လူမျိုးအနည်းစုပါဝင်သော ကာရေဘီယန် ကို ဖြစ်ပေါ်ခြင်းအား ဦးတည်ခဲ့သည်။ ဗြိတိန်၏ ဖွဲ့စည်းပုံ သည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် ၎င်း လွတ်လပ်ရေး ပေးခဲ့သော ကိုလိုနီနယ်မြေများမှ ယူနိုက်တက် ကင်းဒမ်းဆီသို့ ရွှေ့ပြောင်းနေထိုင်ခြင်းများနှင့်အတူ ပြောင်းလဲခြင်းခံခဲ့ရသည်။
 
 
 
<ref>http://en.wikipedia.org/wiki/British_Empire</ref>
==ကိုးကား==
<references/>
 
== ပြင်ပလင့်ခ်များ ==
* [http://www.ualberta.ca/~janes/EMPIRE.html The British Empire. An Internet Gateway]
* [http://www.britishempire.co.uk/ The British Empire]
 
[[Category:သမိုင်း]]