ကတ်မီယမ်: တည်းဖြတ်မှု မူကွဲများ

အက်တမ်အမှတ်စဉ် ၄၈ ရှိသော ဓာတုဒြပ်စင်
" ကတ်မီယမ် Cadmium သည..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၃၉၊ ၁၅ မတ် ၂၀၂၀ ရက်နေ့က မူ

ကတ်မီယမ် Cadmium သည် ငွေဖြူရောင်ရှိပြီး ပျော့ပြောင်းသော သတ္တုဖြစ်ပါသည်။ အစိမ်းရောင်ရှိသော မျက်နှာပြင်မှာ ဓါးနှင့် ဖြတ်နိုင်သည့် အထိ ပျော့ပျောင်းပါသည်။ အက်စစ်ထဲတွင် ပျော်ဝင်နိုင် သော်လည်း အယ်လ်ကာလီ များထဲတွင် ပျော်ဝင်နိုင်ခြင်းမရှိပါ။ ၎င်းအား ဒြပ်ပေါင်းများ အသွင်ဖြင့်သာ တွေ့ရှိနိုင်ပါသည်။

အသုံးပြုခြင်း

ကဒ်မီယမ် လေးပုံ သုံးပုံသည် Ni-Cd ဘက်ထရီများတွင် ထည့်သွင်း အသုံးပြုနိုင်ပြီး ကျန်သော တစ်ပုံသည် ပလပ်စတစ်များ ကြာရှည်ခံစေရန် ထည့်သွင်းအသုံးပြုပါသည်။ အများစုမှာ electroplate steel အဖြစ် အသုံးပြုပါသည်။ နျူထရွန် စုပ်ယူနိုင်စွမ်းရှိသောကြောင့် အနုမြူ ကွဲထွက်ခြင်းများတွင် များစွာအသုံးဝင်ပါသည်။

သဘာဝတွင် တွေ့ရှိမှုအခြေအနေ

ကဒ်မီယမ်အား သဘာဝတွင် သွပ်သတ္တုများနှင့် ရောနှောတွေ့ရှိရပါသည်။ သွပ်၊ ကြေးနီ နှင့် ခဲ များ သန့်စင်သည့် လုပ်ငန်းများတွင် ဘေးထွက်များအဖြစ် တွေ့ရှိရပါသည်။ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် တန်ချိန် (၂၅၀၀၀)ခန့် ထုတ်လုပ်ပါသည်။ ၎င်းထဲမှ တစ်ဝက်ခန့်သည် ကျောက်များ ရေတိုက်စားခြင်းမှ ရရှိခြင်းဖြစ်ပြီး ကျန်ထက်ဝက်ခန့်အား တောမီးလောင်ကျွမ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းနှင့် စက်မှုလုပ်ငန်းများမှ ရရှိပါသည်။ကဒ်မီယမ်အား အဓိက ထုတ်လုပ်သော နိုင်ငံများမှာ ဂျပန်၊ အမေရိကား၊ ပီရူး၊ ကနေဒါ နှင့် မက္ကဆီကို တို့ဖြစ်ပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

လူသားများအတွက် ကဒ်မီယမ် လိုအပ်ချက်အား ပင်လယ် အစားအစာများမှ ရရှိပါသည်။ ဥပမာအားဖြင့် အခွံမာသော ပင်လယ်အစားအစာများ၊ ကိုကိုးမှုန့်၊ ကျောက်ပွင့်များ၊ ပင်လယ် ရေညှိအခြောက်များမှ ရရှိနိုင်ပါသည်။ ဆေးလိပ်သောက်သောအခါ ကိုယ်တွင်းရှိသွေးများသည် ကဒ်မီယမ်အား အဆုတ်ဆီသိ့ို သယ်ဆောင်ပေးခြင်းအားဖြင့် ကိုယ်အတွင်းတွင် ရှိသော ကဒ်မီယမ် ပါဝင်မှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ ဆေးရွက်ကြီးတွင် ကတ်ထ်မီယံဓါတ် အပေါများဆုံး ပါဝင်ပါသည်။ သတ္ထုသန့်စင်စက်ရုံမှ စွန့်ပစ်သော စွန့်ပစ်ပစ္စည်းများ အနီးတွင်နေထိုင်သူများသည် ကဒ်မီယမ်များကို ရှူရှိုက်မိခြင်းကြောင့် အဆုတ်ကို ပျက်စီးစေနိုင်ပါသည်။ ကဒ်မီယမ်သည် ကိုယ်တွင်းရှိ သွေးများကို ဖြတ်ပြီး အသည်းမှ တစ်ဆင့် ကျောက်ကပ် ဆီသို့ ရောက်ရှိ သွားနိုင်ပါသည်။ ကျောက်ကပ်ထဲတွင် လိုအပ်သော ပရိုတိန်းဓါတ် နှင့် သကြားဓါတ်များ အား ဟန့်တားစေခြင်းအားဖြင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါသည်။ အခြားသော ကျန်းမာရေး ဆိုင်ရာ သက်ရောက် မှုများမှာ- ၁။ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် အလွန်အမင်း ဗိုက်အောင့်ခြင်း၊ ၂။ အရိုးဆတ်ခြင်းနှင့် အရိုးကြိုးလွယ်ခြင်း၊ ၃။ ဗဟိုအာရုံကြောစနစ်ပျက်စီးခြင်း၊ ၄။ ကိုယ်ခံအားစနစ်ပျက်စီးခြင်း၊ ၅။ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ၆။ DNA စနစ်ပျက်စီးခြင်း နှင့် ကင်ဆာဖြစ်စေခြင်း တို့ဖြစ်ပါသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

သွပ်ထုတ်လုပ်ခြင်းနှင့် ဇီဝဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း လုပ်ငန်းများမှ ထုတ်လွှတ်သော ကတ်ထ်မီယံများသည် အညစ်အကြေးများအဖြစ် ပတ်ဝန်းကျင်ကို ရောက်ရှိနိုင်ပါသည်။ ဖော့စဖိတ် ဓာတ်မြေသြဇာ ထုတ်လုပ်သော စက်ရုံများတွင် ပိုမိုအန္တရာယ်ရှိနိုင်ပါသည်။ ဖော့စဖိတ် ဓာတ်မြေသြဇာအား အသုံးပြုပြီးနောက် အပေါ်ယံမြေဆီလွှာများတွင် တင်ကျန်စေနိုင်သကဲ့သို့ စက်ရုံများမှ အညစ်အကြေးများ ရေထဲသို့ စွန့်ပစ်ခြင်း အားဖြင့်လည်း ရေမျက်နှာပြင် ပေါ်တွင် တင်ကျန်စေနိုင်ပါသည်။ မြေဆီလွှာအတွင်းမှ ကဒ်မီယမ် များသည် အော်ဂဲနစ် ပစ္စည်းများကို စုပ်ယူခြင်းအားဖြင့် မြေဆီလွှာထဲတွင် ကဒ်မီယမ် ပါဝင်မှု မြင့်တက်လာပြီး အသီးအရွက်များအားလည်း ပါဝင်မှု မြင့်တက်စေနိုင်ပါသည်။ တိရစ္ဆာန် ကိုယ်တွင်းသို့ ရောက်ရှိခြင်းသည် ထိုတိရစ္ဆာန်များစားသော အစားအစာများ၏ ကဒ်မီယမ်ပါဝင်မှု အပေါ်တွင် မူတည်ပါသည်။ မြေဆီလွှာတွင် ကဒ်မီယမ် များလာစေခြင်းအားဖြင့် မြေဆီလွှာ ပျက်သုဉ်းခြင်းကို ဖြစ်ပေါ် စေနိုင်ပါသည်။ တိရစ္ဆာန်များ ကဒ်မီယမ်ဓာတ်များစွာပါဝင်သော အစားအစာများကို စားသောက်မိခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်နိုင်ခြင်း၊ အသဲရောဂါ ဖြစ်ပွားနိုင်ခြင်းနှင့် ဦးနှောက်နှင့် သက်ဆိုင်သည့် အကြောများ ပျက်စီးစေနိုင်ပါသည်။

ကိုးကား