အောင်ဆန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဉီး +ဦး)
အရေးမကြီးNo edit summary
စာကြောင်း ၅၅ -
}}
 
'''ဗိုလ်ချုပ်အောင်ဆန်း''' ({{lang-en|General Aung San}})သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်|စစ်သေနာပတိ]]တစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးသမားလည်း ဖြစ်သည်။

အ​ောင်ဆန်းသည် မြန်မာသက္ကရာဇ် ၁၂၇၆-ခု၊ တပ​ေါင်းလဆန်း (၁)ရက် (ခရစ်သက္ကရာဇ် ၁၉၁၅-ခု၊ ဖ​ေဖေါ်ဝါရီလ ၁၃ ရက်) စန​ေနေ့ နံနက်လင်းအားကြီးချိန်တွင် နတ်မ​ောက်မြို့၌ အဖဦးဖာနှင့် ဒ​ေါ်စုတို့မှ ဖွားမြင်သည်။ ဦးအ​ောင်သန်း ရ​ေး အ​ောင်ဆန်းမိသားစု စာအုပ်မှ၊ ပဉ္စမအကြိမ်၊ ၂၀၂၀-ခုနှစ်၊ ဖ​ေဖော်ဝါရီလ၊ စာ-၉


မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုဉ်းစေပြီး မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။
 
ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ ဗိုလ်လရောင် ခေါ် ဦး[[မင်းရောင်၊ ဗိုလ် (မြို့လုလင်သူကြီး)|မင်းရောင်]] အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။