ဦးသာထွန်း၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး needs cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁၂ -
၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှု လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် တူးဖော် ဆောင်ရွက်ခဲ့သည်။
 
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ [[ဦးရာဇ်တော်ဓါတ်စေတီဦးရာဇ်တော်ဓာတ်စေတီ]] ဘုရား သမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ - ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ - ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္သေပကျမ်း (၁၉၅၄ - ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော်ဘုရား စေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားများ၊ သမိုင်း ကျမ်းစာများကို ရေးသား ပြုစုပြီး ဘဏ္ဍာရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်ခဲ့သည်။
 
အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းများကို လင်္ကာ စကားပြေ မော်ကွန်း စသည့်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။