ကချင်လွတ်မြောက်ရေးတပ်မတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၃ -
 
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၂၀၁၁-ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။ စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး [[ဂွမ်မော်]] ဖြစ်သည်။
 
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ရက်တွင် ရှမ်းပြည်မြောက်ပိုင်း တွင် စတည်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်း တွင်ထားရှိခဲ့သည်။ ပထမဆုံး KIA စစ်ဦးစီးချုပ်မှာ လထော်ဇော်ဆိုင်း ဖြစ်သည်။ ၁၉၇၀ အစောပိုင်း ကာလများ၌ KIAသည် ဗကပ၊ မဆလ များနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဗကပနှင့် မဟာမိတ်ဖွဲ့ပြီး တရုတ်ပြည် ကွန်မြူနစ်ထံမှ လက်နက်အကူအညီ ရယူကာ တပ်မတော်အား တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲပြီးနောက် ဒေသတွင်း ဖွံဖြိုးရေးများ၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၉ခုနှစ်တွင် အစိုးရ၏ လက်နက်ကိုင်များ နယ်ခြါးစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းခြင်းတွင် သဘောတူညီမှု မရခဲ့ပေ။ ထိုစဥ်မှ စစ်​ရေး တင်းမာမှုများ ရှိခဲ့ကြပြီး ၂၀၁၁တွင် ၁၇နှစ်ကြာ အပစ်ခတ်ရပ်စဲရေး မှာ ပျက်သုန်းခဲ့ပြီး ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
 
== တပ်ဖွဲ့ခွဲများ ==