ဘိတ်ကလာတဲ့ငံပြာရည်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁ -
[[File:Myanmar Director u kyaw Soe.jpg | thumb | 220x124px | right]]
 
ဒါရိုက်တာကြီး ဘိတ်ကလာတဲ့ ငံပြာရည်၏ အမည်ရင်းမှာ ဦးစိုးမောင် (ခ) ဦးကျော်စိုး ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး, မြိတ်မြို့ဇာတိ အဖ - ဦးရွှေကြာ၊ အမိ - ဒေါ်ထူးမေတို့က (၂၈-၄-၁၉၂၄) ရက် တနင်္လာနေ့တွင်မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံး သား၊ ၁ဝ တန်းအောင်မြင်ခဲ့ပြီး ကျောင်းဆက်မတက်ဖြစ်၊ နိုင်ငံ့ဝန်ထမ်း အမြတ်ခွန်အရာရှိအဖြစ် ထမ်းဆောင်ခဲ့သည်။ တာဝန်အရ အခွန်ကြီးကြပ်ရာမှ ရုပ်ရှင်လောက သားတု့ိနှင့် ဆုံတွေ့ခဲ့ပြီး ပဲရော့ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒါရိုက်တာပဲရော့ ဖေကြိုင်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ ဦးဖေကြိုင်ကို လက်ဦးဆရာအဖြစ် ဦးထိပ်ထားလျက် ဆရာထံမှ ရုပ်ရှင်ရိုက်ကူးရေး ပညာများသင်ယူခဲ့သည်။ ဦးကျော်စိုးသည် ပန်းချီ ကာတွန်းရေးဆွဲမှု ဝါသနာပါသည့်အတွက် အနုပညာဓာတ်ခံရှိသူပီပီ ရုပ်ရှင်ပညာများ လေ့လာရာတွင် တတ်သိလွယ်သည်။ ထို့နောက် ရုပ်ရှင်နှင့်ပတ်သက်၍ ဝါသနာဆန္ဒပြင်းပြသည့်အတွက် ဝန်ထမ်းဘဝမှ နုတ်ထွက်၍ ရုပ်ရှင်လောကသို့ ခြေစုံပစ် ဝင်ရောက်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။