လောင်ဗန်းပြောက်စေတီ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ် ပြုလုပ်ခဲ့သည်
 
No edit summary
စာကြောင်း ၁ -
{{Infobox religious building
| name = လောင်ဗန်းပြောက်စေတီ
| native_name =
| image = File:Laung Bwann Brauk pagoda (cropped).jpg
| image_size =
| alt =
| caption =
| map_type = မြန်မာနိုင်ငံ
| map_size =
| map_alt =
| map_caption = မြန်မာနိုင်ငံတွင်း တည်နေရာ
| location =
| coordinates = {{Coord|20.60204|93.19338|region:MM|display=inline,title|format=dms}}
| religious_affiliation = [[ထေရဝါဒ]] [[ဗုဒ္ဓဘာသာ]]
| deity =
| country = [[မြောက်ဦးမြို့]]၊ [[မြန်မာနိုင်ငံ]]
| functional_status =
| website =
| founded_by =
| year_completed =
}}
'''လောင်ဗန်းပြောက်စေတီ''' သည် [[ရခိုင်ပြည်နယ်]]၊ [[မြောက်ဦးမြို့]]တွင် တည်ရှိသော စေတီတစ်ဆူ ဖြစ်သည်။
 
ဤစေတီတော်ကြီးမှာ [[မုတ်ဆိတ်တော်စေတီ]]မှ အရှေ့ဘက်ပေ(၅၀၀၀)ခန့်အကွာ မြေပြန့်လွင်ပြင်တွင် တည်ရှိသည်။ စေတီတော်ကြီးမှာ ရှစ်မြှောင်ပုံဖြစ်သည်။ တစ်မြှောင့်လျှင် (၃၃)ပေရှိသည်။ ဘုရားသို့ဝင်ရန် အရှေ့နှင့်အနောက်ဘက်တို့တွင် ဂိတ်ပေါက်တစ်ခုစီကို မြေပြင်မှ ၆ပေခန့်မြင့်ပြီး ဖောက်ထားသည်။ ပထမပစ္စယံထောင့်များတွင် ရာဇပလ္လင် ပေါင်းကူးမုခ်ဦးများဖြင့် ဂူသွင်းဘုရားတစ်ဆူစီရှိသည်။ အရှေ့ဘက်မုခ်မှာ အလွန်လှပသော ကျောက်ဆစ်လက်ရာများဖြင့် ပြုလုပ်ထားသည်။ ပလ္လင်အောက်တစ်ဘက်တစ်ချက်တွင် စောင်းတီးနေသော လူရုပ်တစ်ရုပ်စီကို ရှေးခတ်အဝတ်အစားဖြင့် မြင်တွေ့နိုင်သည်။ ဂူထဲရှိ ရုပ်ပွားဆင်းတုတော်မှာ ဦးခေါင်းမုဏိတော်၌ ကြာဖူးပုံပါရှိသော ပဒုမ္မုတ္တရဘုရား ပုံတော်မျိုးဖြစ်သည်။ စေတီတော်၏အောက်ခြေပတ်လည်မှာ (၂၆၄)ပေရှိ၍ အမြင့်မှာယခင်က (၁၂၀)ပေရှိခဲ့သည်။ ယခုဉာဏ်တော်ထိပ်ပိုင်း ပြုတ်ကျနေပြီးဖြစ်ရာ ၇၅ပေခန့်သာရှိသည်။ ၎င်းအပြင် စေတီ၏သပိတ်မှောက်ကို မသမာသူများထွင်းဖောက်ထား၍ စေတီမှာအရှေ့ဘက်သို့အနည်းငယ်တိမ်းစောင်းနေသည်။ စေတီတော်၏အရှေ့မျက်နှာစာတွင် အာရုံခံသိမ်တစ်ခုရှိသည်။ သိမ်၏ရင်ပြင်တော်တွင် ပန်းပြောက်ပန်းနွယ်များပါရှိသော ကြွေရည်သုတ်အုတ်ချပ်များဖြင့် ခင်းထားသည်။ စေတီကို ကျောက်တံတိုင်းနှစ်ထပ်ဖြင့် ကာရံထားသည်။ အတွင်းဘက်တံတိုင်း နံရံပတ်လည်တွင် ကြွေရည်သုတ် အုတ်ခွက်ပန်းများဖြင့် အလှခြယ်ထားသည်။ ပန်းပွင့်တစ်ပွင့်စီမှာ တစ်ပေခွဲခန့်အချင်းရှိ၍ အလယ်ခေါင်တွင် စက်ဝိုင်းသဏ္ဌန် ဝတ်စုံအဖြူရှိပြီး ပွင့်လွှာ(၄)လွှာရှိသည်။ အရောင်ရှစ်မျိုးပါရှိသည်။ တံတိုင်းတစ်ဖက်စီတွင် ပန်းပွင့်ကြီး(၁၁၆)ပွင့်၊ ပန်းပွင့်ငယ်(၂၄၀)ရှိသည်။ ယခုအခါ အပြည့်အစုံမရှိတော့ပေ။
Line ၇ ⟶ ၂၈:
 
== ကိုးကား ==
{{reflist|
<ref>ရခိုင်မဟာရာဇဝင်ကြီး [ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)]</ref>
}}
 
{{မြန်မာနိုင်ငံရှိ စေတီပုထိုးများ}}
 
[[ကဏ္ဍ:ရခိုင်ပြည်နယ်ရှိ စေတီပုထိုးများ]]
[[ကဏ္ဍ:မြောက်ဦးမြို့]]