အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆၇ -
ဣတာလျံ ကလေးသူငယ်များမှာ ခြောက်နှစ်အရွယ်မှ ၁၄ နှစ်အရွယ်တိုင်အောင် စာသင်ကျောင်းများတွင် မသင်မနေရ ဥပဒေများကို အတိအကျ လိုက်နာအောင် မဆောင်ရွက်နိုင်သည်က များသည်။ သို့ဖြစ်၍ ဣတာလျံလူမျိုး သုံးပုံနှစ်ပုံခန့်မှာ စာရေးစာဖတ် မတတ်သူများ ဖြစ်ကြ၏။ မြို့ကြီးများတွင် နေထိုင်သူအားလုံးလိုလိုတွင် ပညာအခြေခံ အတော်အတန်ရှိသော်လည်း ကျောင်းများ ခပ်ကျဲကျဲတည်ရှိရာ တောင်ပိုင်းတွင်မူ အရေးအဖတ် မတတ်သူ ရာခိုင်နှုန်းမှာ ၉ဝ နီးပါးမျှ ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။ ခြောက်နှစ်မှ ကိုးနှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အက်ရှီလီခေါ် မူလတန်းကျောင်းများတွင် တက်ရောက်သင်ကြားရပြီးလျှင်၊ ကိုးနှစ်မှ ဆယ့်နှစ်နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အောက်တန်း ကျောင်းများတွင် သင်ကြားရကာ၊ ၁၂ နှစ်မှ ၁၄ နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာမူ အောက်တန်းလွန်တွင် ပညာသင်ကြားရလေသည်။ အလယ်တန်းကျောင်းများတွင် စာကြီးပေကြီး သက်သက်ကို ဖြစ်စေ သိပ္ပံပညာရပ်များသက်သက်ကိုဖြစ်စေ၊ ဆရာအတတ် သက်သက်ကိုဖြစ်စေ သင်ကြားပေးလေသည်။ ထိုပြင် စိုက်ပျိုးရေးအတတ်၊ ကုန်သွယ်ရေးအတတ်နှင့်စက်မှုလက်မှုအတတ်သင်အလယ်တန်းကျောင်း များလည်း ရှိသေး၏။ အီတလီနိုင်ငံတွင် အနုပညာနှင့် ဂီတပညာသင် ကျောင်းပေါင်း ၈ဝ ကျော်ခန့် ရှိသည်။ ကမ္ဘာကျော် တက္ကသိုလ်ကျောင်းများလည်း ရှိ၏။
 
၁၉၄၆ ခုနှစ် ဇွန်လတိုင်အောင် အီတလီနိုင်ငံမှာ ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်ခဲ့ပေသည်။ ထိုလတွင် သမ္မတနိုင်ငံအဖြစ် ကြေညာပြီးနောက် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်တင်မြှောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ရာ၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ယင်းကို နောက်ဆုံး အတည်ပြုခဲ့လေသည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော်တည်းဟူသော ဥပဒေပြုလွှတ်တော်နှစ်ရပ်ကို လျာထား၍၊ ထိုလွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးလျှင် အမျိုးသားလွှတ်တော်ဟုခေါ်ရမည်ဟု ဆိုထားလေသည်။ ထိုအမျိုးသားလွှတ်တော်မှာ သမ္မတရွေးနိုင်ခွင့်၊ စစ်ကြေညာနိုင်ခွင့်နှင့် စာချုပ်များချုပ်ဆိုနိုင်ခွင့် ရှိ၏။ ဒေသဆိုင်ရာကိုယ်ပိုင် လွပ်လပ်မှုအခွင့်အရေးများကိုလည်း ပေးထားသည်။ ဗရင်ဂျီဂိုဏ်းသည် နိုင်ငံတော်၏အယူဝါဒဖြစ်၍၊ တစ်နိုင်ငံလုံးရှိ လူ ၉ဝ ရာခိုင်နှုန်းက သက်ဝင်ယုံကြည်သည်။ ရောမမြို့သည် တစ်ကမ္ဘာလုံးရှိ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ဌာနချုပ် ဖြစ်ပေသည်။ အီတလီနိုင်ငံ၏အလယ်ပိုင်းတွင်ကား မြို့တော်ဖြစ်သော ရောမမြို့တည်ရှိ၏။ အလယ်ပိုင်းတွင် နေထိုင်သူများမှာ များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသူများ ဖြစ်ကြ၏။ စက်မှုလက်မှုလုပ်ငန်းမှာ မရှိသလောက်ပင် နည်းပါးသည်။ အလယ်ပိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဂီတမှအစ အနုပညာကျော်များ အများဆုံး ပေါ်ထွက်ရာအရပ်ဖြစ်သည်။ အီတလျံတို့သည် အလှအပနှင့် သာယာမှုကို ခုံမင်သူများဟု ထင်ရှား၏။ အားလပ်သောနေ့များတွင် စုတ်စုတ်နုတ်နုတ် ဝတ်ဆင်ထားသော ဣတလျံအလုပ်သမားများကို အနုပညာပြတိုက်များတွင်လည်းကောင်း၊ တီးမှုတ်နေသည့် နေရာများတွင် စိတ်ပါဝင်စားစွာ နားထောင်နေကြသည်ကို လည်းကောင်း တွေ့မြင်ရတတ်သည်။ တောင်ပိုင်းသားများမှလည်း အလယ်ပိုင်းသားများထက်ပင် ခေတ်နောက်ကျသူများ ဖြစ်ကြ၏ များသောအားဖြင့် လယ်သမားများ သိုးထိန်းများသာ ဖြစ်ကြသည်။ တစ်နိုင်ငံလုံးရှိ မြေသုံးပုံနှစ်ပုံကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ များမကြာမီ နှစ်များအတွင်း လူဦးရေ တိုးတက်လာ၍၊ ပိုးမြစ်ဝှမ်းမှတစ်ပါး အခြားနေရာများတွင် နေထိုင်မှုအဆင့်အတန်းမှာ နိမ့်ကျလှသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားရာ မြောက်ပိုင်းရှိ မြို့များတွင်ကား နေထိုင်မှုအဆင့်အတန်းသည် အတော်မြင့်တက်လာပြီ ဖြစ်သည်။

အီတလီနိုင်ငံသည် ဥရောပတိုက်သမိုင်းတွင် ခေတ်တိုင်း၌ ထင်ရှားခဲ့သော နိုင်ငံဖြစ်သည်။ ရောမနိုင်ငံတော်ကြီး ထွန်းကားစဉ်အခါက အီတလီသည် ကမ္ဘာအနောက်ပိုင်း၏ ဗဟိုဌာနကြီးတစ်ခု ဖြစ်ခဲ့၏။ အီတလီယဉ်ကျေးမှုသည် ဥရောပတိုက် တစ်တိုက်လုံးကိုသာမက အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့ ပိုင်းဘက်သို့ပင် ပျံ့နှံ့ခဲ့လေသည်။ အီတလီသည် ဥရောပတိုက်၏ အမှောင်ခေတ်ကြီးကို ဖြိုခွင်းရာတွင် ခေါင်းဆောင် နိုင်ငံ ဖြစ်၍၊ ခေတ်ဆန်းချိန် စတင်ရာဒေသလည်း ဖြစ်ခဲ့၏။ သမိုင်းတင်စခေတ်တွင် အီတလီနိုင်ငံအလယ်ပိုင်း၌ အီထရပ်လစကန်လူမျိုးတို့ နေထိုင်ခဲ့ကြသည်။ ထိုနောက် ဂရိလူမျိုးတို့နှင့် နောင်အခါတွင် သွေးနှောကာ ဣတလျံလူမျိုးဟု ဖြစ်လာသောလူမျိုးစုတို့သည် အီတလီတောင်ဘက်ပိုင်းနှင့် စစ္စလီကျွန်းသို့ တက်ရောက်အခြေစိုက်ခဲ့ကြ၏။ ထိုနောက် တစ်ဖန် ဥရောပတိုက် အလယ်ပိုင်းမှ ဂေါ့လလူမျိုးတို့သည် အီတလီနိုင်ငံမြောက်ပိုင်းမှ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြပြီးလျှင် ပိုးမြစ်ဝှမ်းတွင် အိုးအိမ်ထူထောင်နေထိုင်ကြလေသည်။ နောက်ဆုံး အီတလီနိုင်ငံလုံးကို ရောမဘုရင်များ ကြီးစိုးလွှမ်းမိုးသည့် အချိန်တွင်ကား ဂျာမန်သွေးပါသည့် ဂေါ့သလူမျိုးတို့သည် အင်အားကြီးမားသောလူစုလူဝေးဖြင့် အီတလီမြောက်ပိုင်းသို့ ဝင်ရောက်လာကြလေသည်။ ထိုနောက် နှစ်ပေါင်းလေးရာခန့် ကြာမြင့်သောအခါ အီတလီတောင်ဘက်ပိုင်းတွင် မွတ်စလင်များ ဖြစ်ကြသော အာရပ်လူမျိုး တို့ ဝင်ရောက်လာကြပြန်သည်။ ရောမနိုင်ငံတော်ကြီး ထူထောင်ခဲ့သည့်ခေတ်က အီတလျံလူမျိုးတို့သည် ထင်ရှားကျော်ကြားလာလေသည်။ သို့ရာတွင် အီတလီနိုင်ငံသမိုင်းဟူ၍ သီးခြားမရှိခဲ့ဘဲ၊ ရောမနိုင်ငံတော်သမိုင်း၏ တစ်စိတ်တစ်ဒေသမျှ ဖြစ်ခဲ့သည်။ ရောမနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးချိန် တိုင်မှသာလျှင် အီတလီနိုင်ငံသမိုင်းဟူ၍ မှတ်သားနိုင်ခဲ့ပေသည်။
 
အေဒီ ၄၇၆ ခုနှစ်တွင် ရောမနိုင်ငံတော်ကို တိုက်ခိုက်သိမ်း ယူခဲ့သော အိုဒိုးဇားဘုရင်သည် မိမိကိုယ်မိမိ အီတလီဘုရင်