မဟာဗောဓိတထောင်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - ပျောက်နေသော <references /> စာတွဲ ပေါင်းထည့်
Removing Maha_Bodhi_Tahtaung_Sayadaw.png, it has been deleted from Commons by JuTa because: No source specified since 9 March 2020.
စာကြောင်း ၁ -
[[Image:Maha Bodhi Tahtaung Sayadaw.png|thumb|[[မဟာဗောဓိတထောင်]]ဆရာတော်ဘုရားကြီး၏ပုံတော်]]
'''မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး'''သည် [[မဟာဗောဓိတထောင်]]သာသနာ့နယ်မြေကြီးကို စတင်တည်ထောင်တော်မူသော သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သည်။ မဟာဗောဓိတထောင်ဆရာတော်သည် ဘာဝနုဿတိ ကမ္မဋ္ဌာန်း(၄ဝ)မှ ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကို အထူးစီးဖြန်းတော်မူခဲ့သည့် မထေရ်မြတ်တစ်ပါးဖြစ်သည်။ '''မဟာဗောဓိတထောင်ဆရာတော်''' ဘဒ္ဒန္တနာရဒ မထေရ်သည် မိမိကိုယ်တော်တိုင် ဗုဒ္ဓါနုဿတိပွားများသည့်အပြင် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့အားလည်း ဗုဒ္ဓဂုဏ်တော် ထုံမွှမ်းပွားများကြရန် ဆိုဆုံးမတော်မူခဲ့သည်။ ဘုရားဖူးလာသူ ဝေနေယျပရိသတ်တို့အားလည်း လောကအမြတ်ဆုံးရတနာ ဗုဒ္ဓဂုဏ်တော် ပွားများအားထုတ်နိုင်ကြရန် ဘုရားရုပ်ပွားတော်များ၊ ပုတီးများကို ဝေငှလျက် နှလုံးသားတွင် ဘုရားတည်တတ်ကြရန် လမ်းညွှန်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်လည်း တွေ့ကြုံသမျှ လောကဓံတရားတို့ကို ဗုဒ္ဓါနုဿတိအစွမ်းဖြင့် မတုန်မလှုပ် မဖြုံမလှုပ် ကျော်လွှားအောင်မြင်တော်မူခဲ့သည်။ ပြည်တွင်းပြည်ပ ဗုဒ္ဓအဆုံးအမ သာသနာတော်မြတ်များ ရောက်ရှိပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သည့် ကမ္ဘာသိ ဗုဒ္ဓသားကောင်း အာဇာနည်တစ်ပါးဖြစ်သည်။ မြတ်ဗုဒ္ဓသာသနာ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ဖြစ်သော '''မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား'''ဟူသော ဆုံးမဩဝါဒစကားကို မကြာခဏ ဆုံးမတော်မူလေ့ရှိသော ဆရာတော်ဘုရားကြီးဖြစ်သည်။