အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၇ -
အီတလီနိုင်ငံမြောက်ပိုင်းတွင် အိုင်များ ပေါလှသည်။ ထင်ရှားသော အိုင်များတွင် ကော်မို၊ လူဂါနို၊ မက်ဂျိုရီနှင့် ဂါဒါအိုင်များ ပါဝင်သည်။ ထိုပြင် မီးသေတောင်များတွင် ရေတင်ရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးများလည်း ရှိသေး၏။ အလယ်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း မြင့်တက်လာ၏။ အချို့ တောင်ထွတ်များမှာ ပေ ၈ဝဝဝ ကျော် ၉ဝဝဝ မြင့်သည့်ပြင် အချို့မှာ ၉ဝဝဝ ကျော်ကျော်ပင် မြင့်သေး၏။ တောင်တန်း၏ တစ်ဖက်တစ်ချက်ရှိ ဆင်ခြေလျှောများတွင် မြေဩဇာကောင်း၍ မိုးကောင်းစွာ ရွာသွန်းသဖြင့် စိုက်ပျိုးလုပ်ကိုင် အောင်မြင်သည်။ တောင်တန်း၏အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းပေါ်ရှိ နေပယ်ပင်လယ် ကွေ့သည် ကမ္ဘာပေါ်တွင် အသာယာဆုံးသောအရပ် ဖြစ်လေသည်။ ဤဒေသတွင် အရေးပါဆုံးသော မြစ်ကြီးနှစ်သွယ်မှာ အာနိုနှင့် တိုင်ဗာမြစ်တို့ ဖြစ်၏။
 
အာနိုမြစ်ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍ တိုင်ဗာမြစ်ပေါ်တွင် အီတလီနိုင်ငံ၏မြို့တော်ရောမမြို့တော်ကြီးအီတလီနိုင်ငံ၏မြို့တော်[[ရောမမြို့]] တည်ရှိလေသည်။
 
တိုင်ဗာမြစ်နှင့် တပ်စကန်နီနယ်စပ်ကြားတွင် မီးမြုံတောင်များ ထူထပ်ပေါများ၏။ ရှေးအခါက ဤမီးတောင်တို့သည် ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးသည်။ အီတလီနိုင်ငံ အလယ်ပိုင်းသို့ အက်ပင်းနိုင်း တောင်တန်းကြီးမှ ခွဲထွက်လာသော ကာရားရာတောင်မှ ကျောက်ရုပ်တုများ ထုလုပ်ရာတွင် အသုံးပြုသည့် စကျင်ကျောက်များကို တူးဖော်ရရှိသည်။ အီတလီနိုင်ငံ တောင်ဘက်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ အလယ်ပိုင်းကဲ့သို့ တောတောင်မထူထပ်သဖြင့် အက်ပင်းနိုင်းတောင်တန်း၏ အနောက်ဘက်တွင် ကမ်ပါနီယာလွင်ပြင်ကြီးနှင့် အရှေ့ဘက်တွင် ကျွဲနွား အကြီးအကျယ် မွေးမြူနိုင်သော အပျူလီယာမြက်ခင်းလွင်ပြင်ကြီး ရှိလေသည်။ နေပယ်ပင်လယ်ကွေ့ ကမ်းပေါ်တွင်ကား ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့် ဗီဆူဗီးယတ် မီးတောင်ကြီး ရှိသည်။