ဂွေးကုန်းရွာ၊ တံတားဦးမြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး deleted image
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၈ -
 
==သမိုင်းကြောင်း==
ဂွေးကုန်းရွာသည် သက္ကရာဇ် ၅၂၃တွင် တမ္ပဒီပ(ပုဂံ)ဘုရင် အလောင်းစည်သူမင်းတည်ခဲ့သော ကျေးရွာဖြစ်သည်။ အလောင်းစည်သူမင်းသည် တမ္ပဒီပတိုင်းတစ်ခွင် တိုင်းခန်းလှည့်လည်ရင်း ယခု ဂွေးကုန်းရွာတောင်ဘက်အနီးရိ မိုးဇာတောင်(ဒေသအခေါ် မိုးဇက်တောင်)ဒေသသို့ ရောက်ရှိခဲ့သည်။ မိုးဇာတောင်ဒေသသည် ပူပြင်းခြောက်သွေ့၍ ခေါင်ပါးသည်။ မင်းကြီးနှင့် အခြွေအရံတို့သည် ငတ်မွတ်မှုကို ပြင်းထန်စွာ ခံစားခဲ့ရပြီး မင်းကြီးသည် မိမိပြုလုပ်ခဲ့သော ကောင်းမှုတို့ကို သစ္စာပြုကာ မြေ၌ လှံစိုက်ကာ သစ္စာဆိုခဲ့သည်။ ယင်းနောက် လှံတော်ကိုပြန်နှုတ်ရာ သစ္စာရေချိုများထွက်လာ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး မိမိတို့ အလိုရှိသလောက် သုံးဆောင်ကာ ရေတွင်းကိုပိတ်၍ ဘုရားတည်ခဲ့သည်။ ခေါင်ပါးသော မိုးဇာ(မိုးဆာဒေသ)တွင် သစ္စာတရားကြောင့် အငတ်ဘေးမှလွတ်မြောက်ခြင်း၊ ရေချိုများပေါများခြင်းတို့ကြောင့် ဘုရား၏အမည်အား "ရေမြိုဘုရားရေမြိုဝ်ဘုရား"ဟု အမည်ထိုးခဲ့သည်။ ထို့နောက် ဘုရားအား ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားအနီးတွင် ရွာငယ်တစ်ရွာ ဖွဲ့စည်းခဲ့ရာ ယင်းရွာသည် မိုးဇာတောင်၏ ဥတ္တရအရပ်တွင် တည်ရှိခြင်း၊ ဧရာဝတီမြစ်ကွေ့၏ ဒက္ခိဏအရပ် ယွန်းတွင် တည်ရှိခြင်းတို့ကြောင့် "အကွေ့ကုန်းရွာ" ဟု အမည်ပေးခဲ့သည်။ ခေတ်ကာလကြာမြင့်သောအခါ အကွေ့ကုန်းမွအကွေ့ကုန်းမှ ကွေ့ကုန်း၊ ကွေ့ကုန်းမွကွေ့ကုန်းမှ ဂွေ့ကုန်း၊ ဂွေ့ကုန်းမွ ဂွေးကုန်းဟု အမည်ကွဲလွဲရာမွအမည်ကွဲလွဲရာမှ ယနေ့တွင် ဂွေးကုန်းကျေးရွာအုပ်စုအဖြစ် တရားဝင်အမည်ဖြစ်လာသည်။<ref>သမိုင်းဝင် ရေမြိုဝ်ဘုရား ကျောက်စာ</ref>
 
၁၈၈၆ အင်္ဂလိပ်အစိုးရလက်ထက်တွင် လယ်သစ်ကုန်းရွာ၊ တပင်ရွာ၊ ဥသျှစ်ကုန်းရွာ၊ ဒက္ခိဏ ကွေ့ကုန်းရွာနှင့် ဥတ္တရ ကွေ့ကုန်းရွာ တို့ကို ယခုလက်ရှိ ဂွေးကုန်းရွာနေရာသို့ ပြောင်းရွေ့ကာ တစ်ရွာတည်းဖွဲ့စည်း၍ ဂွေးကုန်းရွာသစ်ကို ဖွဲ့စည်းခဲသည်။ အင်္ဂလိပ်အစိုးရ နယ်ထောက်ဝန်များ ရုံးစိုက်ခဲ့႔သော်လည်းရုံးစိုက်ခဲ့သော်လည်း ယနေ့အထိ ဂွေးကုန်းကျေးရွာအုပ်စု အဖြစ်သာ တည်ရှိသည်။
 
== လူမှုပထဝီဝင်==