"အီတလီနိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၇၄ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
၁၉၁၅ ခုနှစ် မေလတွင် အီတလီနိုင်ငံသည် ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံများကို စစ်ကြေညာလိုက်လေသည်။ ထိုနောက်တွင် ဆက်လက်၍ ဗူလဂေးရီးယား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့ကိုလည်းလည်း စစ်ကြေညာခဲ့၏။ ယင်းသို့ အီတလီနိုင်ငံ ပါဝင်လာသည့်အတွက် မဟာမိတ်နိုင်ငံများမှာ များစွာ အထောက်အကူ ရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားဘက်မှစစ်ရေးမသာခိုက် ဂျာမန်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတလီတို့သည် မိုင်ပေါင်းများစွာ ဆုတ်ခဲ့ရလေသည်။ သို့ရာတွင် နောက်တစ်နှစ်၌ အားသစ်အင်သစ်ဖြည့်တင်းပြီးဖြစ်သော အီတလီစစ်တပ်များက ဩစတြီးယားကို အပြုတ်တိုက်ထုတ်နိုင်ခဲ့လေသည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကြီးပြီးဆုံးနိုင်ခဲ့ခြင်းမှာ အီတလီတို့၏ လျင်မြန်လှသော အောင်မြင် မှုများကြောင့်လည်း ဖြစ်ပေသည်။ စစ်ကြီးအပြီးတွင် အီတလီသည် ဝေစုအဖြစ် ဗီနီးရှား၊ ထရိုင်ဒင်ရှား၊ ဂေါရိဇားနှင့် ဂရေဒစ်စကား၊ ထရိယက်စဘီ၊ အစ္စတြီးယား ဇာရာ၊ ဒါလမေရှားပြည်နယ်တွင် ပါဝင်သော ကျွန်းကလေးများနှင့် ဖီးယမ်းနယ်မြေများကို ရရှိခဲ့သည်။ စစ်ပွဲတွင် လူပေါင်း ခြောက်သိန်းကျော်သေ၍ တစ်သန်းကျော် ဒဏ်ရာရခဲ့လေသည်။ မူဆိုလီနီသည်လည်း စစ်ထဲသို့ ပါဝင်ခဲ့၍ ဒဏ်ရာရရှိခဲ့၏။ စစ်ကြီး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးနှင့် စက်မှုလက်မှု အလုပ်သမားများအရေးသည် ရှုပ်ထွေးလာခဲ့လေသည်။ အခက်အခဲများမှာ ကုန်ဈေးများ အဆမတန်ကြီးခြင်း၊ စစ်ပြန်အလုပ်လက်မဲ့များ ပေါများခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် စစ်ပြေငြိမ်းရေး အစီအစဉ်နှင့် စပ်လျဉ်း၍ မကျေနပ်မှုတို့ပင် ဖြစ်၏။ ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် အလုပ်သမား၊ လယ်သမားများ အနှံ့အပြား သပိတ်မှောက်ကြလေရာ၊ အလုပ်ရုံအချို့တွင် ဆိုရှယ်လစ်အလုပ်သမားအဖွဲ့က လူစားထိုးနိုင်ခဲ့သော်လည်း၊ နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ဆိုရှယ်လစ်တို့ မအောင်မြင်ခဲ့ချေ။ ၁၉၁၉ ခုနှစ် မတ်လတွင် မူဆိုလီနီသည် နောက်လိုက်များကို စုရုံးကာ ဖက်ဆစ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။
 
နိုင်ငံဆူပူလျက် ရှိသော ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များအတွင်း ဖက်ဆစ်အစည်းအရုံးသည် လူအင်အားစုဆောင်းခြင်း၊ ဆိုရှယ်လစ်နှင့် ဗရင်ဂျီ အလုပ်သမားအဖွဲ့များကို တိုက်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အချိန်ကုန်ခဲ့လေသည်။ မူဆိုလီနီသည် သူ၏တပ်ဖွဲ့ကို ''ရှပ်နက် အပျော်ထမ်းတပ်ဖွဲ့ ဟုအမည်ပေးခဲ့၏။ ဆိုရှယ်လစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သော မူဆိုလီနီသည် ယခုအခါတွင် ဆိုရှယ်လစ်တိုက်ဖျက်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးကို စနစ်တကျ စီစဉ်လေသည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့၏ လုပ်ငန်းစဉ်များကို အစွမ်းကုန်တိုက်ဖျက်ကြ၍၊ နောက်ဆုံးတွင် အရေးပါအရာရောက်သော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် နှိမ်နင်းကြလေသည်။ ထိုအချိန်တွင် အီတလီလူငယ် အများအပြားသည် တဖြည်းဖြည်း တန်ခိုးကြီးလာသော ဖက်ဆစ်အစည်းအရုံးသို့ အင်တိုက်အားတိုက် ဝင်ခဲ့လေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် အီတလီဥပဒေပြုလွှတ်တော်သို့ ဖက်ဆစ်ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်နိုင်သည်အထိ အင်အားကြီးမားလာခဲ့လေသည်။ ၁၉၂၁ ခုနှစ်နှင့် ၁၉၂၂ ခုနှစ် များတွင် အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ အတော်ပင် ဆိုးရွားခဲ့သည်။ ထိုအချိန်တွင် ဖက်ဆစ်တို့၏ မတရား ဖိနှိပ်ခြင်း ခံနေကြရသော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့သည် တနိုင်ငံလုံးတွင် သပိတ်မှောက်မှုများ ပေါ်ပေါက်အောင် လှုံဆော်ခဲ့ရာ အောင်မြင်ခဲ့ကြလေသည်။ အစိုးရတွင် ပြည်လုံးကျွတ်သပိတ်ကြီးကို ဖြိုခွင်းရန် အစွမ်းမရှိသည့်အဖြစ်ကို အခွင့်ကောင်းယူကာ အင်အားစုပြီးဖြစ်သော ဖက်ဆစ်တို့သည် သပိတ်သမားများကို အပြင်းအထန် နှိပ်ကွပ်ပြီးလျှင် တစ်နိုင်ငံလုံးကို ဖက်ဆစ်အာဏာဖြင့် လွှမ်းမိုးလိုက်လေသည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် မူဆိုလီနီ၏အမိန့်အရ လေးသောင်းခန့်ရှိသော ရှပ်နက် တပ်ဖွဲ့ဝင်တို့သည် နေပယ်မြို့တွင် ညီလာခံကြီးတစ်ခု ကျင်းပပြီးနောက် မြို့တွင်းသို့ လှည့်လည် အင်အားပြကာ ရောမ မြို့တော်သို့ လက်နက်စွဲကိုင်၍ ချီတက်ခဲ့ကြလေသည်။ ဖက်ဆစ်များ ရောမမြို့တော်အတွင်းသို့ ရောက်သည်နှင့် တပြိုင်နက် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် မူဆိုလီနီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်၍၊ အစိုးရအဖွဲ့ ဖွဲ့စည်းရန် လွှဲအပ်လေသည်။ အုပ်ချုပ်ရေး အာဏာကို ရရှိသည်နှင့်တပြိုင်နက် မူဆိုလီနီသည် သူ၏အာဏာများကို ပျံ့နှံ့လွှမ်းမိုးစေလေတော့သည်။ နိုင်ငံတွင်း၌ ပြောင်းလဲမှုများစွာ ပြုလုပ်စီမံ၍၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း လုံးဝအာဏာပိုင်အဖြစ် ကြိုးကိုင်လေသည်။ ၁၉၂၅ ခုနှစ်တွင် မူဆိုလီနီသည် အီတလီတနိုင်ငံလုံး၏ အချုပ်အခြာအာဏာကို အရယူလိုက်၏။ ဘုရင်နှင့်ဒီမိုကရေစီ စနစ်များလည်း ပျောက်ကွယ်လျက် အုပ်ချုပ်မှုအကြံပေးနှင့် ဥပဒေပြုလုပ်ငန်းများကို ဖက်ဆစ် ကောင်စီအဖွဲ့ကြီးက ဆောင်ရွက်သွားသည်။ မူဆိုလီနီအား သတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း၊ မအောင်မြင်ရုံသာမက မူဆိုလီနီအား ပို၍ပင် ထင်ရှားလာစေလေသည်။ ၁၉၄၃ ခုနှစ်တွင် မူဆိုလီနီသည် သူ၏စနစ်သစ်များအရ ဥပဒေပြုလွှတ်တော်ကို ပြန်လည်ဖွဲ့စည်းခဲ့၏။ လွှတ်တော်သို့ တက်ရောက်ရန် ကိုယ်စားလှယ်များကို ရှေးကကဲ့သို့ နယ်ပယ်အလိုက်မဟုတ်စေပဲ၊ အလုပ်အကိုင်အလိုက်ရွေးချယ်ခြင်းဖြစ်၏။ အလုပ်အကိုင်အလိုက် ဖွဲ့စည်းထားသော တရားဝင်အဖွဲ့အစည်းပေါင်း ၂၂ ခုကို အသိအမှတ်ပြု၍ ထိုအဖွဲ့ ၂၂ ဖွဲ့မှ ကောင်စီဝင်များ ပါဝင်သော အမျိုးသားကောင်စီကို ပြည်သူ့လွှတ်တော်အတွက် အစားထိုးခြင်းပင် ဖြစ်သည်။ မူဆိုလီနီသည် အီတလီနိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံတစ်ခု ဖြစ်စေရန်၊ လူဦးရေ တိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စက်မှုလက်မှု ထွန်းကားရေးတို့ကို အာဏာဖြင့် စီမံဆောင်ရွက်ခဲ့လေသည်။ လယ်ယာစိုက်ပျိုးရေးတွင် ယခင်က မြေလပ်များကို တစ်ကွက်မကျန် ထွန်ယက်စိုက်ပျိုးစေ၍ ရေမိုးမလုံလောက်သော ဒေသများတွင် ဆည်မြောင်းများဖောက်လုပ်စေ၏။ ကျောက်မီးသွေး ရှားပါးမှုကြောင့် တောင်ကျရေအားဖြင့်လည်သော စက်ရုံများကို တည်ဆောက်ကာ ကုန်ပစ္စည်းထုတ်လုပ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်စေ လေသည်။ ဤသို့လျှင် အီတလီနိုင်ငံတွင် တိုးတက်မှု များစွာရှိခဲ့သော်လည်း၊ ကုန်ရိုင်းအထွက် နည်းပါးသောကြောင့် ဝယ်ယူသုံးစွဲရလေရာ အဝင်နှင့်အထွက် မျှတရုံသာ ရှိ၍ စီးပွားရေး တိုးတက်မှုမှာ ထင်သလောက် ခရီးမရောက်နိုင်ခဲ့ချေ။ ထိုသို့ရှိစဉ်ပင် မူဆိုလီနီသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို တိုးချဲ့ လိုက်ပြန်သဖြင့် အီတလီနိုင်ငံမှာ အကြွေးထူသော နိုင်ငံတစ်ခု ဖြစ်လာလေသည်။ ထိုအခါတွင် မူဆိုလီနီသည် ကုန်ရိုင်းများစွာ ထွက်မည့် အာဖရိကတိုက်တွင် နယ်ချဲ့ရန် စီစဉ်ရလေတော့သည်။ ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် အီတလီစစ်တပ်များသည် အာဖရိကအရှေ့ပိုင်းရှိ အီသီအိုးပီးယားနိုင်ငံကို တိုက်ခိုက်လေသည်။
[[ အီသီအိုးပီးယားနိုင်ငံ။]]
 
အီသီအိုးပီးယားနိုင်ငံသည် နိုင်ငံပေါင်းချုပ်အသင်းဝင် နိုင်ငံတစ်ခုဖြစ်၍ အီတလီတို့၏ ကျူးကျော်စော်ကားမှုကို နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ တိုင်တန်းလျက်၊ လိုအပ်သည့် အကာအကွယ်များကို တောင်းခံခဲ့၏။ သို့ရာတွင် ထိရောက်သော အကာအကွယ် တစ်စုံတစ်ရာ မရရှိသောကြောင့် အီသီအိုးပီးယားနိုင်ငံသည် အီတလီ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ အီသီအိုးပီးယားနိုင်ငံကို ရရှိပြီးနောက် မူဆိုလီနီ၏ နယ်ချဲ့ခြေလှမ်းသည် သွက်လက်ခဲ့လေသည်။ စပိန်သူပုန်အရေးတွင် မူဆိုလီနီသည် ဂျာမနီအာဏာရှင် [[ဟစ်တလာ]]နှင့်ပူးပေါင်း၍ သူပုန်တို့အား လူအားလက်နက်အားဖြင့် ကူညီခဲ့လေသည်။ ဤသို့ ဂျာမနီနှင့်ပူးပေါင်းမိသောအခါ၊ အရှေ့တိုင်းမှ အင်အားကြီးမားလာသော ဝါဒတူ[[ဂျပန်နိုင်ငံ]]နှင့်လည်း စကားကမ်းလှမ်းကား အီတလီ၊ ဂျာမနီနှင့် ဂျပန် သုံးနိုင်ငံတို့သည် ကွန်မြူနစ် ဆန့်ကျင်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်။ ၁၉၃၆ ခုနှစ်တွင် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကို အနိုင်အထက် သိမ်းယူပြီးနောက် ဗော်လကန်နိုင်ငံများအထိ လွှမ်းမိုးရန် ကြံစည်ဆဲတွင် [[ဒုတိယ ကမ္ဘာစစ်|ဒုတိယကမ္ဘာစစ်]]ကြီး ဖြစ်ပွားခဲ့လေ သည်။
၁၉၂၉

တည်းဖြတ်မှုများ