"အီတလီနိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
၁၉၁၅ ခုနှစ် မေလတွင် အီတလီနိုင်ငံသည် ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံများကို စစ်ကြေညာလိုက်လေသည်။ ထိုနောက်တွင် ဆက်လက်၍ ဗူလဂေးရီးယား၊ တူရကီနှင့် ဂျာမနီနိုင်ငံတို့ကိုလည်းလည်း စစ်ကြေညာခဲ့၏။ ယင်းသို့ အီတလီနိုင်ငံ ပါဝင်လာသည့်အတွက် မဟာမိတ်နိုင်ငံများမှာ များစွာ အထောက်အကူ ရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားဘက်မှစစ်ရေးမသာခိုက် ဂျာမန်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတလီတို့သည် မိုင်ပေါင်းများစွာ ဆုတ်ခဲ့ရလေသည်။ သို့ရာတွင် နောက်တစ်နှစ်၌ အားသစ်အင်သစ်ဖြည့်တင်းပြီးဖြစ်သော အီတလီစစ်တပ်များက ဩစတြီးယားကို အပြုတ်တိုက်ထုတ်နိုင်ခဲ့လေသည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စစ်ကြီးပြီးဆုံးနိုင်ခဲ့ခြင်းမှာ အီတလီတို့၏ လျင်မြန်လှသော အောင်မြင် မှုများကြောင့်လည်း ဖြစ်ပေသည်။ စစ်ကြီးအပြီးတွင် အီတလီသည် ဝေစုအဖြစ် ဗီနီးရှား၊ ထရိုင်ဒင်ရှား၊ ဂေါရိဇားနှင့် ဂရေဒစ်စကား၊ ထရိယက်စဘီ၊ အစ္စတြီးယား ဇာရာ၊ ဒါလမေရှားပြည်နယ်တွင် ပါဝင်သော ကျွန်းကလေးများနှင့် ဖီးယမ်းနယ်မြေများကို ရရှိခဲ့သည်။ စစ်ပွဲတွင် လူပေါင်း ခြောက်သိန်းကျော်သေ၍ တစ်သန်းကျော် ဒဏ်ရာရခဲ့လေသည်။ မူဆိုလီနီသည်လည်း စစ်ထဲသို့ ပါဝင်ခဲ့၍ ဒဏ်ရာရရှိခဲ့၏။ စစ်ကြီး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးနှင့် စက်မှုလက်မှု အလုပ်သမားများအရေးသည် ရှုပ်ထွေးလာခဲ့လေသည်။ အခက်အခဲများမှာ ကုန်ဈေးများ အဆမတန်ကြီးခြင်း၊ စစ်ပြန်အလုပ်လက်မဲ့များ ပေါများခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် စစ်ပြေငြိမ်းရေး အစီအစဉ်နှင့် စပ်လျဉ်း၍ မကျေနပ်မှုတို့ပင် ဖြစ်၏။ ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် အလုပ်သမား၊ လယ်သမားများ အနှံ့အပြား သပိတ်မှောက်ကြလေရာ၊ အလုပ်ရုံအချို့တွင် ဆိုရှယ်လစ်အလုပ်သမားအဖွဲ့က လူစားထိုးနိုင်ခဲ့သော်လည်း၊ နိုင်ငံရေး သဘောကွဲလွဲမှုများကြောင့် ဆိုရှယ်လစ်တို့ မအောင်မြင်ခဲ့ချေ။ ၁၉၁၉ ခုနှစ် မတ်လတွင် မူဆိုလီနီသည် နောက်လိုက်များကို စုရုံးကာ ဖက်ဆစ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။
 
==== ကိုလိုနီနယ်ချဲ့ခြင်း ====
နိုင်ငံဆူပူလျက် ရှိသော ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ ပြည့်နှစ်များအတွင်း ဖက်ဆစ်အစည်းအရုံးသည် လူအင်အားစုဆောင်းခြင်း၊ ဆိုရှယ်လစ်နှင့် ဗရင်ဂျီ အလုပ်သမားအဖွဲ့များကို တိုက်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အချိန်ကုန်ခဲ့လေသည်။ မူဆိုလီနီသည် သူ၏တပ်ဖွဲ့ကို ရှပ်နက် အပျော်ထမ်းတပ်ဖွဲ့ ဟုအမည်ပေးခဲ့၏။ ဆိုရှယ်လစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သော မူဆိုလီနီသည် ယခုအခါတွင် ဆိုရှယ်လစ်တိုက်ဖျက်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးကို စနစ်တကျ စီစဉ်လေသည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့၏ လုပ်ငန်းစဉ်များကို အစွမ်းကုန်တိုက်ဖျက်ကြ၍၊ နောက်ဆုံးတွင် အရေးပါအရာရောက်သော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် နှိမ်နင်းကြလေသည်။ ထိုအချိန်တွင် အီတလီလူငယ် အများအပြားသည် တဖြည်းဖြည်း တန်ခိုးကြီးလာသော ဖက်ဆစ်အစည်းအရုံးသို့ အင်တိုက်အားတိုက် ဝင်ခဲ့လေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် အီတလီဥပဒေပြုလွှတ်တော်သို့ ဖက်ဆစ်ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်နိုင်သည်အထိ အင်အားကြီးမားလာခဲ့လေသည်။ ၁၉၂၁ ခုနှစ်နှင့် ၁၉၂၂ ခုနှစ် များတွင် အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ အတော်ပင် ဆိုးရွားခဲ့သည်။ ထိုအချိန်တွင် ဖက်ဆစ်တို့၏ မတရား ဖိနှိပ်ခြင်း ခံနေကြရသော ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့သည် တနိုင်ငံလုံးတွင် သပိတ်မှောက်မှုများ ပေါ်ပေါက်အောင် လှုံဆော်ခဲ့ရာ အောင်မြင်ခဲ့ကြလေသည်။ အစိုးရတွင် ပြည်လုံးကျွတ်သပိတ်ကြီးကို ဖြိုခွင်းရန် အစွမ်းမရှိသည့်အဖြစ်ကို အခွင့်ကောင်းယူကာ အင်အားစုပြီးဖြစ်သော ဖက်ဆစ်တို့သည် သပိတ်သမားများကို အပြင်းအထန် နှိပ်ကွပ်ပြီးလျှင် တစ်နိုင်ငံလုံးကို ဖက်ဆစ်အာဏာဖြင့် လွှမ်းမိုးလိုက်လေသည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် မူဆိုလီနီ၏အမိန့်အရ လေးသောင်းခန့်ရှိသော ရှပ်နက် တပ်ဖွဲ့ဝင်တို့သည် နေပယ်မြို့တွင် ညီလာခံကြီးတစ်ခု ကျင်းပပြီးနောက် မြို့တွင်းသို့ လှည့်လည် အင်အားပြကာ ရောမ မြို့တော်သို့ လက်နက်စွဲကိုင်၍ ချီတက်ခဲ့ကြလေသည်။ ဖက်ဆစ်များ ရောမမြို့တော်အတွင်းသို့ ရောက်သည်နှင့် တပြိုင်နက် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် မူဆိုလီနီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်၍၊ အစိုးရအဖွဲ့ ဖွဲ့စည်းရန် လွှဲအပ်လေသည်။ အုပ်ချုပ်ရေး အာဏာကို ရရှိသည်နှင့်တပြိုင်နက် မူဆိုလီနီသည် သူ၏အာဏာများကို ပျံ့နှံ့လွှမ်းမိုးစေလေတော့သည်။ နိုင်ငံတွင်း၌ ပြောင်းလဲမှုများစွာ ပြုလုပ်စီမံ၍၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း လုံးဝအာဏာပိုင်အဖြစ် ကြိုးကိုင်လေသည်။ ၁၉၂၅ ခုနှစ်တွင် မူဆိုလီနီသည် အီတလီတနိုင်ငံလုံး၏ အချုပ်အခြာအာဏာကို အရယူလိုက်၏။ ဘုရင်နှင့်ဒီမိုကရေစီ စနစ်များလည်း ပျောက်ကွယ်လျက် အုပ်ချုပ်မှုအကြံပေးနှင့် ဥပဒေပြုလုပ်ငန်းများကို ဖက်ဆစ် ကောင်စီအဖွဲ့ကြီးက ဆောင်ရွက်သွားသည်။ မူဆိုလီနီအား သတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း၊ မအောင်မြင်ရုံသာမက မူဆိုလီနီအား ပို၍ပင် ထင်ရှားလာစေလေသည်။ ၁၉၄၃ ခုနှစ်တွင် မူဆိုလီနီသည် သူ၏စနစ်သစ်များအရ ဥပဒေပြုလွှတ်တော်ကို ပြန်လည်ဖွဲ့စည်းခဲ့၏။ လွှတ်တော်သို့ တက်ရောက်ရန် ကိုယ်စားလှယ်များကို ရှေးကကဲ့သို့ နယ်ပယ်အလိုက်မဟုတ်စေပဲ၊ အလုပ်အကိုင်အလိုက်ရွေးချယ်ခြင်းဖြစ်၏။ အလုပ်အကိုင်အလိုက် ဖွဲ့စည်းထားသော တရားဝင်အဖွဲ့အစည်းပေါင်း ၂၂ ခုကို အသိအမှတ်ပြု၍ ထိုအဖွဲ့ ၂၂ ဖွဲ့မှ ကောင်စီဝင်များ ပါဝင်သော အမျိုးသားကောင်စီကို ပြည်သူ့လွှတ်တော်အတွက် အစားထိုးခြင်းပင် ဖြစ်သည်။ မူဆိုလီနီသည် အီတလီနိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံတစ်ခု ဖြစ်စေရန်၊ လူဦးရေ တိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စက်မှုလက်မှု ထွန်းကားရေးတို့ကို အာဏာဖြင့် စီမံဆောင်ရွက်ခဲ့လေသည်။ လယ်ယာစိုက်ပျိုးရေးတွင် ယခင်က မြေလပ်များကို တစ်ကွက်မကျန် ထွန်ယက်စိုက်ပျိုးစေ၍ ရေမိုးမလုံလောက်သော ဒေသများတွင် ဆည်မြောင်းများဖောက်လုပ်စေ၏။ ကျောက်မီးသွေး ရှားပါးမှုကြောင့် တောင်ကျရေအားဖြင့်လည်သော စက်ရုံများကို တည်ဆောက်ကာ ကုန်ပစ္စည်းထုတ်လုပ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်စေ လေသည်။ ဤသို့လျှင် အီတလီနိုင်ငံတွင် တိုးတက်မှု များစွာရှိခဲ့သော်လည်း၊ ကုန်ရိုင်းအထွက် နည်းပါးသောကြောင့် ဝယ်ယူသုံးစွဲရလေရာ အဝင်နှင့်အထွက် မျှတရုံသာ ရှိ၍ စီးပွားရေး တိုးတက်မှုမှာ ထင်သလောက် ခရီးမရောက်နိုင်ခဲ့ချေ။ ထိုသို့ရှိစဉ်ပင် မူဆိုလီနီသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို တိုးချဲ့ လိုက်ပြန်သဖြင့် အီတလီနိုင်ငံမှာ အကြွေးထူသော နိုင်ငံတစ်ခု ဖြစ်လာလေသည်။ ထိုအခါတွင် မူဆိုလီနီသည် ကုန်ရိုင်းများစွာ ထွက်မည့် အာဖရိကတိုက်တွင် နယ်ချဲ့ရန် စီစဉ်ရလေတော့သည်။ ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် အီတလီစစ်တပ်များသည် အာဖရိကအရှေ့ပိုင်းရှိ အီသီအိုးပီးယားနိုင်ငံကို တိုက်ခိုက်လေသည်။
 
==== [[ဒုတိယ ကမ္ဘာစစ်]] ====
အီသီအိုးပီးယားနိုင်ငံသည် နိုင်ငံပေါင်းချုပ်အသင်းဝင် နိုင်ငံတစ်ခုဖြစ်၍ အီတလီတို့၏ ကျူးကျော်စော်ကားမှုကို နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ တိုင်တန်းလျက်၊ လိုအပ်သည့် အကာအကွယ်များကို တောင်းခံခဲ့၏။ သို့ရာတွင် ထိရောက်သော အကာအကွယ် တစ်စုံတစ်ရာ မရရှိသောကြောင့် အီသီအိုးပီးယားနိုင်ငံသည် အီတလီ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ အီသီအိုးပီးယားနိုင်ငံကို ရရှိပြီးနောက် မူဆိုလီနီ၏ နယ်ချဲ့ခြေလှမ်းသည် သွက်လက်ခဲ့လေသည်။ စပိန်သူပုန်အရေးတွင် မူဆိုလီနီသည် ဂျာမနီအာဏာရှင် [[ဟစ်တလာ]]နှင့်ပူးပေါင်း၍ သူပုန်တို့အား လူအားလက်နက်အားဖြင့် ကူညီခဲ့လေသည်။ ဤသို့ ဂျာမနီနှင့်ပူးပေါင်းမိသောအခါ၊ အရှေ့တိုင်းမှ အင်အားကြီးမားလာသော ဝါဒတူ[[ဂျပန်နိုင်ငံ]]နှင့်လည်း စကားကမ်းလှမ်းကား အီတလီ၊ ဂျာမနီနှင့် ဂျပန် သုံးနိုင်ငံတို့သည် ကွန်မြူနစ် ဆန့်ကျင်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်။ ၁၉၃၆ ခုနှစ်တွင် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကို အနိုင်အထက် သိမ်းယူပြီးနောက် ဗော်လကန်နိုင်ငံများအထိ လွှမ်းမိုးရန် ကြံစည်ဆဲတွင် [[ဒုတိယ ကမ္ဘာစစ်|ဒုတိယကမ္ဘာစစ်]]ကြီး ဖြစ်ပွားခဲ့လေ သည်။
[[ အယ်လဗေးနီးယားနိုင်ငံ-။]]
 
၁၉၃၉ ခုနှစ် စက်တင်ဘာလတစ်ရက်နေ့တွင် [[ပိုလန်နိုင်ငံ]]ကို ဂျာမန်စစ်တပ်များက ဝင်ရောက်တိုက်ခိုက်သာအခါတွင် မူဆိုလီနီသည် ထောက်ခံအားပေးခြင်း မပြုသေးဘဲ၊ စေ့စပ်ရေးအတွက် ကြိုးစားခဲ့လေသည်။ ကမ္ဘာစစ်ကို အချိန်ဆွဲထားလိုသေးသော ပြင်သစ်နှင့်အင်္ဂလိပ်တို့ကလည်း မူဆိုလီနီ၏ စေ့စပ်ရေးကို သဘောတူကာ ဂျာမန်စစ်တပ်များကို ပိုလန်နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် တောင်းဆိုကြလေသည်။ သို့ရာတွင် အာဏာရှင်ဟစ်တလာသည် စေ့စပ်ရေးကို လျစ်လျူရှုလိုက်သဖြင့် မူဆိုလီနီသည် ဝါဒတူ ဟစ်တလာဘက်သို့ လိုက်ပါ၍ အင်္ဂလိပ်နှင့်ပြင်သစ်တို့အား ဒုတိယကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
[[ ကမ္ဘာစစ်၊ ဒုတိယ။]]
 
ဤသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မူဆိုလီနီသည် အာဖရိကတိုက်မြောက်ပိုင်းနှင့် အီတလီ အနောက်မြောက်နယ်စပ်တွင် စစ်မျက်နှာဖွင့်ခဲ့လေသည်။ ပထမတွင် မဟာမိတ်တပ်များ အသင့်ပြင်ဆင်ပြီး မရှိသေးသည်နှင့် အာဖရိကစစ်မျက်နှာတွင် အီတာလျံတို့ အရေးသာလျက်ရှိသော်လည်း ၁၉၄ဝ ပြည့်နှစ် ကုန်လောက် တွင် မဟာမိတ်တို့ အင်အားတောင့်တင်းလာသောကြောင့် အီတာလျံတို့ အရေးရှုံးနိမ့်ကာ ဆုတ်ခွာခဲ့ရလေသည်။ ဤသို့ရှိစဉ် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကိုဖြတ်၍ ဂရိနိုင်ငံသို့ ချီတက်တိုက်ခိုက်လေသည်။ ဂရိစစ်မျက်နှာတွင်လည်း ဂျာမန်စစ်တပ်များက ကူညီမှသာအီတာလျံတို့ ထင်တိုင်းပေါက်ကာ ယူဂိုစလားဗီးယားနိုင်ငံ တစ်ပိုင်းတစ်စနှင့် ဂရိနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဆန်းစတွင်ကား အီတာလျံတို့သည် စစ် မျက်နှာတိုင်းတွင် အရှုံးကြီး ရှုံးနေသဖြင့် ဂျာမနီနိုင်ငံက ကူညီခဲ့ရလေသည်။ အာဖရိကတိုက်မြောက်ပိုင်းသို့ ဂျာမန်စစ်ကူတစ်သိန်းကျော်ပို့သဖြင့် မဟာမိတ် တို့ ဒုတိယအကြိမ် နောက်ဆုတ်ရပြန်၏။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဂျာမန်နှင့် ဣတာလျံ စစ်တပ်များသည် အီဂျစ်နယ်စပ်ကိုပင် ဖြတ်ကျော်နိုင်ခဲ့ပေသည်။ သို့သော် မကြာမီ အာဖရိကတိုက် မြောက်ပိုင်းစစ်မျက်နှာတွင် ဗြိတိသျှစစ်တပ်များသည် အင်အားတောင့်တင်းလာပြန်သောကြောင့် အီသီအိုးပီးယားနိုင်ငံကိုပင် ပြန်လည်သိမ်းယူလိုက်ကြလေသည်။ ထိုအချိန်လောက်မှစ၍ အီတလီ၏ စစ်အခြေအနေမှာ တဖြည်းဖြည်း နိမ့်၍ ဆင်းခဲ့သောကြောင့် နေရာတိုင်းတွင် ဂျာမနီကို အားကိုအားထား၍ အင်အားဖြည့်တင်းခဲ့သော်လည်း အရေးနိမ့် မြဲ နိမ့်လျက်သာရှိခဲ့ရာ၊ ၁၉၄၃ ခုနှစ် မေလတွင် အာဖရိကတိုက်မြောက်ပိုင်းမှ ဝင်ရိုးတန်းစစ်တပ်များ စစ္စလီကျွန်းအထိ ဆုတ်ခွာခဲ့ကြရလေသည်။ ထိုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် မဟာမိတ်စစ်တပ်များက စစ္စလီကျွန်းကို တက်ရောက်တိုက်ခိုက်သောအခါ အီတာလျံဖက်ဆစ်ကောင်စီအဖွဲ့ကြီးတွင် အပြင်းအထန် အခြေအတင် ပြောဆိုပြီးနောက် မူဆိုလီနီကို ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍ အကျဉ်းချထားခဲ့ပြီးလျှင် မာရှယ်ဗဒေါ့လျိုအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ကြလေသည်။ ထိုအခါ ဟစ်တလာသည် မူဆိုလီနီအား အချုပ်မှ ခိုးယူကယ်တင်ကာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အီတလီမြောက်ပိုင်း၌ ဖက်ဆစ်သမ္မတအစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ရန် ကူညီခဲ့လေသည်။ ဗဒေါ့လျိုအစိုးရသည် မဟာမိတ်တို့ဖြင့် စစ်ပြေငြိမ်းရန် စေ့စပ်သော်လည်း နောက်ကျခဲ့ပြီ ဖြစ်သောကြောင့် ၁၉၄၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ခြွင်းချက်မရှိ လက်နက်ချလိုက်ရလေတော့သည်။ အုပ်ချုပ်ရေးကို ဗဒေါ့လျိုအား ပြန်လည်ပေးအပ်သော်လည်း ၁၉၄၄ ခုနှစ်တွင် ဗဒေါ့လျိုရာထူးမှ နုတ်ထွက်လိုက်သဖြင့် ဆိုရှယ်လစ်ခေါင်းဆောင်ကြီး အီဗနိုဗိုနိုမီသည် ဝန်ကြီးချုပ် ဖြစ်လာလေသည်။ အီတလီနိုင်ငံမြောက်ပိုင်းကို ဂျာမန်တို့ ကြိုးကိုင်သော မူဆိုလီနီ၏ ရုပ်သေးအစိုးရက အုပ်ချုပ်နေခဲ့သေးသည်။ ၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တို့သည် အီတလီမြောက်ပိုင်းသို့ တိုက်စစ်ဆင်၍ ချီတက်ခဲ့လေသည်။ မဟာမိတ်တို့အား လိုလားသည့် အီတာလျံလူမျိုးများစွာက ဟစ်တလာနှင့် မူဆိုလီနီတို့၏ စစ်တပ်နောက်ပိုင်းမှနေ၍ အနှောက်အယှက်ပေးကာ မဟာမိတ်စစ်တပ်များကို ကူညီခဲ့ကြ၏။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင် မူဆိုလီနီသည် သူ၏ဇနီး၊ သူ၏အစိုးရအဖွဲ့ဝင်တို့နှင့်အတူ ဆွစ်ဇာလန်သို့ ထွက်အပြေး နယ်စပ်ရှိ ကိုးမိုအိုင်အနီးတွင် ကွန်မြူနစ်ပါတီဝင်များကမိသဖြင့် အားလုံးကို ပစ်သတ်လိုက်လေသည်။ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသော်လည်း အီတလီနိုင်ငံတွင်မူကား ပြည်တွင်းရေးများ ရှုပ်ထွေးလျက်ပင် ရှိသေး၏။ ပြည်တွင်းရေး အရှုပ်အထွေးများအတွင်း ဗိုနိုမီ၏အစိုးရအဖွဲ့ နုတ်ထွက်လိုက်ရာ ဖါရုချီပါရီသည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ကာ အစိုးရအဖွဲ့ဖွဲ့၍ အုပ်ချုပ်လေသည်။ ထိုအစိုးရအဖွဲ့ လက်အောက်တွင်လည်း ပြည်တွင်းရေး တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆူပူလှုပ်ရှားလာသဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့ဝင် အခြားသောနိုင်ငံရေးအဖွဲ့ များ၏ ကိုယ်စားလှယ်များ ရာထူးမှ နုတ်ထွက်ကြသဖြင့်လည်းကောင်း ဝန်ကြီးချုပ်ပါရီလည်း ရာထူးမှ နုတ်ထွက်ရပြန်လေသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အယ်ဆီဒီ ဒါဂက်စပါရီဆိုသူ ဝန်ကြီးချုပ်အဖြစ်နှင့် ညွှန်ပေါင်းအစိုးရအဖွဲ့တစ်ခု ထပ်မံ ဖွဲ့စည်းခဲ့ပြန်လေသည်။ ဒီမိုကရေစီစနစ်အရ ဖွဲ့စည်း အုပ်ချုပ်ခဲ့သော်လည်း အီတလီနိုင်ငံတွင် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် ဘုရင်အသစ်ရလျှင် အီတလီနိုင်ငံသားတို့က ဘုရင့်အစိုးရကို ထောက်ခံကြလိမ့်မည်ဟု မြှော်လင့်ကာ ၁၉၄၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ထီးနန်းစွန့်ပြီးလျှင် သူ၏သားတော်ဟမ်းဗတ်အား ဒုတိယဟမ်းဗတ် အဖြစ် ထီးနန်းဆက်ခံစေသည်။ သို့ရာတွင် ထိုနှစ်အတွင်း ကျင်းပသော လူထုဆန္ဒခံယူပွဲတွင် သမ္မတအစိုးရ တည်ထောင်လိုသူများက အနိုင်ရသွားလေရာ ဒုတိယဟမ်းဗတ်ဘုရင်သည်လည်း နန်းသက် ၃၅ ရက်ခန့်မျှနှင့် ထီးနန်းမှ ဆင်းရလေတော့သည်။ အရိချို ဒါနိကိုလာသည် အီတလီနိုင်ငံ၏ ပထမဆုံး ယာယီသမ္မတဖြစ်၏။ ၁၉၄၈ ခုနှစ်တွင် အိုင်နိုဒီအား သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြလေသည်။ သမ္မတ၏သက်တန်းမှာ ခုနစ်နှစ် ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
၁၉၃၀

တည်းဖြတ်မှုများ