ကွီဗက်မြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

"{{Infobox ကမ္ဘာ့အမွေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
(ကွဲပြားမှု မရှိ)

၀၉:၂၉၊ ၂၃ မတ် ၂၀၂၀ က နောက်ဆုံး တည်းဖြတ်မူ

ကွီဗက်မြို့ဟောင်း သည် ကနေဒါနိုင်ငံ ကွီဗက်ပြည်နယ် ကွီဗက်စီးတီးတွင် တည်ရှိသော သမိုင်းဝင် ရပ်ကွက်တစ်ခု ဖြစ်သည်။ အထက်မြို့ (ပြင်သစ်: အော့တ်ဗေးလ်) နှင့် အောက်မြို့ (ပြင်သစ်: ဘတ်စ်ဘေးလ်) ဟူသော နေရာနှစ်ခု ပါဝင်ပြီး ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ထားသော နေရာ ဖြစ်သည်။ ကွီဗက်မြို့ဟောင်းသည် ဗြုစ်-ကွီဗက်-ကက်ပ်-ဘလန့်-ကောလင်း ပါလီမန် ရပ်ကွက်၏ တစိတ်တပိုင်းဖြစ်ပြီး လာ စိုက်-လီမွိုင်လို မြို့နယ် အတွင်းတွင် တည်ရှိသည်။

ကွီဗက်မြို့ဟောင်း၏ သမိုင်းဝင်ရပ်ကွက်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ကနေဒါ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv, iv
ကိုးကား ၃၀၀
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ထိုအရပ်အား အများအားဖြင့် မြို့ဟောင်း၊ ကွီဗက်မြို့ဟောင်း ဟု ခေါ်ဝေါ်လေ့ ရှိကြသည်။[၁] တစ်ခါတစ်ရံတွင် လက်တင်ရပ်ကွက်ဟုလည်း ခေါ်လေ့ရှိသော်လည်း လက်တင်ရပ်ကွက်ဆိုသည်မှာ လာဗဲတက္ကသိုလ်၏ မူလနေရာ ဖြစ်ခဲ့သော ဆီမီနဲ ဒီ ကွီဗက် အရပ် ပတ်ဝန်းကျင်ကို ခေါ်ဆိုကြခြင်း ဖြစ်သည်။


ကိုးကား ပြင်ဆင်ရန်

  1. Fodor's Travel Publications, Inc.; Fodor's (2013)။ Fodor's Montreal and Quebec City 2013။ Fodor's Travel။ p. 10။ ISBN 978-0-89141-939-6