ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
{{cleanup|date=16-12-17}}
တစ်ချိန်က အလွန် နာမည်ကြီးခဲ့သော [[ဂျာမနီနိုင်ငံ]]ကြီးသည် [[ဒုတိယကမ္ဘာစစ်]]ပြီးခေတ်တွင် [[ဂျာမနီနိုင်ငံ၊ ပြည်ထောင်စုသမ္မတ|ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ]]နှင့် [[ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ]]ဟူ၍ ဂျာမန် နှစ်နိုင်ငံဟူ၍ ဂျာမန်နှစ်နိုင်ငံ ကွဲသွားလေသည်။
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံကို ၁၉၄၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တည်ထောင်ကြောင်း ကြေငြာခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံ၏ ဖွဲ့စည်းတည်ထောင်ခြင်းကို တရားဝင် အတည်ဖြစ်ခဲ့သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၅၉၇၆ (၁၉၉၀ ခုနှစ်ခန့်မှန်း) ရှိသည်။ ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၁၅ဝဝဝဝဝ ခန့်ရှိသည်။ မြို့တော်မှာ ဗွန်းမြို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ဗာဗေးရီယား၊ ဗားဒင်ဗင်တင်ဗတ်၊ ဗရီမင်း၊ ဟမ်းဗတ်၊ဟက်ဆီ၊ ဆက္ကဆွန်နီအောက်ပိုင်း၊ ရိုင်းဝက်စဖေးလီယား၊ မြောက်ပိုင်း ရှလဲတွစ် ဟိုလစတိုင် ပြည်နယ်များ ပါဝင်၍ ၁၉၅၇ ခုနှစ်တွင် ဆားလန်းနယ်ကိုပါ ထည့်သွင်းလိုက်သည်။ မြေမျက်နှာပြင် အနေအထားမှာ မြောက်ဘက်တွင် မြေဩဇာကောင်းသော စိုက်ပျိုးရေး နယ်မြေများ တည်ရှိပြီး အလယ်ပိုင်းတွင် သစ်တောများ ရှိလေသည်။ တောင်ဘက်ပိုင်းတွင်မူ တောတောင်များ ထူထပ်သည်ကို တွေ့ရသည်။
ဒုတိယကမ္ဘာစစ်ပွဲကြီး အပြီးတွင် ဂျာမနီနိုင်ငံသည် မဟာမိတ် တပ်ပေါင်းစုထံ ခြွင်းချက်မရှိ လက်နက်ချခဲ့ရသော စစ်ရှုံးနိုင်ငံ ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ အစပြု၍ [[အမေရိကန်ပြည်ထောင်စု]]၊ [[ဗြိတိန်နိုင်ငံ]]နှင့် [[ပြင်သစ်နိုင်ငံ]]တို့က ပူးတွဲ၍ ဂျာမနီနိုင်ငံ စစ်ရှုံးကြောင်း ကြေငြာ၍ ယင်းလေးနိုင်ငံ ပါဝင်သော မဟာမိတ်နိုင်ငံများက ဂျာမနီနိုင်ငံ တစ်နိုင်ငံလုံးကို အပိုင်းကြီးလေးပိုင်းခွဲ၍ ဇုံနယ်ကြီးများ သတ်မှတ်ကာ စစ်အုပ်ချုပ်ရေးမှူးများက အုပ်ချုပ်ခဲ့ကြသည်။ မဟာမိတ်နိုင်ငံများသည် နောင်အခါ သဘောထား မညီညွတ် ဖြစ်လာကြသည်။ သို့ဖြစ်၍ ၁၉၄၉ ခု စက်တင်ဘာလတွင် ဂျာမနီနိုင်ငံကို နှစ်ခြမ်းခွဲလိုက်သည်။
အနောက်အုပ်စုဟုလည်း ခေါ်ကြသော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ အုပ်ချုပ်ခဲ့သော ဇုံနယ်ကြီးသုံးနယ်ကို ပူးပေါင်းလိုက်သည်။ အနောက်ဂျာမနီ နိုင်ငံဟုလည်း ခေါ်တွင်သော အနောက်အုပ်စု၏ ဩဇာမကင်းသည့် ထိုအပိုင်းသည် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ ဖြစ်လာသည်။ စစ်အုပ်ချုပ်ရေးကိုလည်း ရုပ်သိမ်းခဲ့၍ အခြားချုပ်ချယ်မှုများကိုလည်း တစတစ ရုပ်သိမ်းခဲ့ရာ ၁၉၅၅ ခု မေလ ၅ ရက်နေ့မှစ၍ လုံးဝလွတ်လပ်မှုကို ရရှိခဲ့သည်။
နိုင်ငံကြီး တစ်ခုလုံးကိုသာ နှစ်ခြမ်းခွဲလိုက်သည်မဟုတ်၊ ဂျာမနီမြို့တော်ဟောင်း ဘာလင်ကိုလည်း နှစ်ခြမ်းခွဲလိုက်ကြသည်။ သို့ဖြင့် အနောက်ဘာလင်နှင့် အရှေ့ဘာလင်ဟူ၍ ဖြစ်လာရာ အရှေ့ဘာလင်သည် ရုရှဩဇာ မကင်းသော အရှေ့ဂျာမနီနိုင်ငံ (ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ)၏ မြို့တော် ဖြစ်သွားသည် အနောက်ဂျာမနီ မြို့တော်အဖြစ် ဗွန်းမြို့ကို မြို့တော်အဖြစ် ထားရှိသည်။ ၁၉၄၈ ခုနှစ်များအတွင်းက ရုရှတို့က အနောက်ဘာလင်သို့ ရိက္ခာမသွင်းနိုင်အောင် အဆက်အသွယ်များ ဖြတ်ထား၍ အနောက်အုပ်စု အာဏာပိုင်များက အနောက်ဘာလင် မြို့သူ မြို့သားများအတွက် လေကြောင်းမှ စားနပ်ရိက္ခာများ ချပေးခဲ့ရသည်။ ၁၉၆၁ ခု ဩဂုတ်လတွင် အရှေ့ဂျာမန်သားတို့က အရှေ့နှင့် အနောက်ဂျာမန်ကို ပိုင်းခြားသော ၂၆၁/၂ မိုင် နယ်နိမိတ် တံတိုင်းကြီးကို ဆောက်လုပ်ခဲ့ကြ၍ အရှေ့နှင့် အနောက်ဘာလင် ကူးသန်းဆက်သွယ်ရေးမှာ အလွန်တင်းကြပ်ခဲ့လေသည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ ပထမဆုံး သမ္မတမှာ သီအိုဒေါ်ဟိုက် ဖြစ်သည်။ ၁၉၄၉ ခု ၁၉၅၄ ခုနှစ်အထိ သမ္မတအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ပထမဆုံး ဝန်ကြီးချုပ်သည် ဒေါက်တာအဒင်းနွာ ဖြစ်သည်။ အဒင်းနွာသည် လေးကြိမ်တိုင်တိုင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ၍ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာသော ဝီလီဗရန့်သည် အနောက်အုပ်စုနှင့် အရှေ့အုပ်စုနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့လေသည်။
ဝီလီဗရန့်၏ လက်ထက်တွင် ရုရှနှင့် ပိုလန်နိုင်ငံတို့ ချစ်ကြည်ရေး စာချုပ်များ ချုပ်ဆိုသည်။ ၁၉၇၁-၇၂ ခုနှစ်များတွင် အရှေ့နှင့် အနောက်ဘာလင် ကူးသန်း ဆက်သွယ်ရေး လွယ်ကူပြေပြစ်အောင် ဆောင်ရွက်သည်။ ဝီလီဗရန့်၏ လက်ထက်တွင်ပင် ဂျာမန် ပြည်ထောင်စုသမ္မတနိုင်ငံသည် ကုလသမဂ္ဂသို့ ဝင်ခွင့်ရခဲ့သည်။
ဝီလီဗရန့် နုတ်ထွက်သောအခါ သူ၏နေရာကို ဆက်ခံသူမှာ ဟဲလမွတ်ရှမစ် ဖြစ်သည်။ ရှမစ်၏လက်ထက်တွင် သန်းကြွယ်သူဌေးကြီးများအား ပြန်ပေးဆွဲခြင်း၊ လေယာဉ်အပိုင်စီးခြင်းစသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများကြောင့် ရှမစ်၏ အစိုးရမှာ ခေါင်းခဲရလျက် ရှိလေသည်။
ဒုတိယကမ္ဘာစစ်ပြီးခေတ်မှစ၍ ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံသည် အံ့ဖွယ်ကောင်းလောက်အောင်ပင် စီးပွားရေးတွင် တိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက စက်မှုလုပ်ငန်းများ အလွန်ထွန်းကား တိုးတက်သော နယ်မြေများသည် အနောက်ဂျာမနီနိုင်ငံအခြမ်းတွင် ပါမလာခဲ့ချေ။ ၁၉၄၈ ခု မေလတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတို့သည် အနောက်ဂျာမနီနိုင်ငံကို ထူထောင်လိုက်ကြစဉ်က ငွေကြေးစနစ်သစ် တစ်ခုကိုပါ တီထွင်လိုက်သည်။ ယင်းငွေကြေး စနစ်သစ်သည် အလွန်ကောင်းမွန် ခိုင်ခံ့သောစနစ်ဖြစ်၍ စီးပွားရေး စီမံကိန်းများကလည်း ကောင်းမွန်သဖြင့် အနောက်ဂျာမနီနိုင်ငံသည် ဤမျှတိုးတက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသည် ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းများနှင့် သံမဏိတူးဖော်ခြင်း လုပ်ငန်းများကို အခြားနိုင်ငံများထက် အဆပေါင်းများစွာ ကျော်လွန်၍ ထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းကြောင့် ကမ္ဘာကျော်ခဲ့ရသည်။
နိုင်ငံရေးနှင့် စီးပွားရေးအရ အနောက်ဥရောပတိုက်ရှိ နိုင်ငံများနှင့်၎င်း၊ ဂျာမန် ဒီမိုကရက်တစ်နိုင်ငံနှင့် ဥရောပတိုက် အရှေ့ပိုင်းရှိ နိုင်ငံများနှင့်၎င်း မဟာမိတ် ပြုလုပ်၍ ဆက်ဆံခဲ့လေသည်။<ref>စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)</ref>
ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံသည် ၁၉၈၁ ခုနှစ်တွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို များစွာရင်ဆိုင်ခဲ့ရသည်။ နျူးကလီးယားဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် အဏုမြူဒုံးကျည်များ မထားရှိရေး ဆန္ဒပြမှုများ ဖြစ်သည်။
နိုင်ငံ၏မြောက်ပိုင်း အယ်ဘေမြစ်ဝရှိ ဘရုတ်ဒေါ့မြို့တွင် နျူးကလီးယားစွမ်းအင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် ဝန်ကြီးချုပ် ရှမစ်က စီစဉ်သည်ကို လူငါးသိန်းကျော်က ၁၉၈၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ဆန္ဒပြကန့်ကွက်ကြသည်။
အဏုမြူအန္တရာယ် သတိပေးသည့် ပညာရှင်များအစည်းအဝေးကို ဟမ်းဘတ်မြို့၌ ကျင်းပသည်။ စက်တင်ဘာလ ၂ဝ ရက်နေ့တွင်ပြုလုပ်သည့် ထိုအစည်းအဝေးသို့ နယ်သာလန်၊ ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတို့မှ ဆရာဝန်များ၊ သိပ္ပံပညာရှင်များ စုစုပေါင်း ၁၅ဝဝ တက်ရောက်၍ အဏုမြူဆန့်ကျင်ရေး ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။
အမေရိကန်လုပ် ပါရှင် ၂ ဒုံးကျည်နှင့် ခရုစ်ဒုံးကျည်များကို [[နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)|မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့]] (နေတိုး) နိုင်ငံများ၌ ချထားရန် အနောက်ဥရောပနိုင်ငံများသည် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလတွင် သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီချက်အရ ဒုံးကျည်စုစုပေါင်း ၅၇၂ ခုအနက် ၂ဝ၄ ခုကို အနောက်ဂျာမနီနိုင်ငံ၌ လည်းကောင်း၊ ၉၆ ခုကို ဗြိတိန်နိုင်ငံ၌လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ချထားရန်သဘောတူကြသည်။ အမေရိကန်ဒုံးကျည် ထားရှိမှုကို အကြောင်းအမျိုးမျိုးကြောင့် အနောက်ဂျာမနီအပါအဝင် ဒတ်ချ် (နယ်သာလန်) နိုင်ငံနှင့် ဗြိတိန်ပြည်သူတို့က မလိုလားကြချေ။ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဘွန်းမြို့တော်၌ နျူးကလီးယားဆန့်ကျင်ရေး ဆန္ဒပြပွဲကျင်းပရာ လူနှစ်သိန်းခွဲခန့် တက်ရောက်သဖြင့် ဒုတိယကမ္ဘာစစ်အပြီးတွင် အကြီးဆုံးသော ဆန္ဒပြပွဲကြီးဖြစ်လေသည်။ ဆန္ဒပြပွဲသို့ ချီတက်သူများတွင် အထူးရထား ၄၂ စင်း၊ ဘတ်စကား ၃ဝဝဝ ဖြင့် လာရောက်သူများ ပါဝင်သည်။ နယ်သာလန်၊ ဒင်းမတ်၊ နော်ဝေ၊ ဗယ်လဂျီယံနှင့် ဩစတြီးယားနိုင်ငံတို့မှ လူ ၁ဝဝဝဝ ခန့်လည်း ရောက်ရှိလာကြသည်။ ဆိုဗီယက်လိုလားသော အနောက် ဂျာမန်ကွန်မြူနစ်ပါတီ(ဒီကေပီ)ဝင်များ၊ မတ်ဝါဒ အဖွဲ့ဝင်များကလည်း ပူးပေါင်းချီတက်ကြသည်။ ထိုဆန္ဒပြပွဲတွင် ဆိုဗီယက်ဒုံးကျည်များအား ကန့်ကွက်မှု မပါပေ။
အကျယ်အဝန်း။ ။၉၅၈၁၅ စတုရန်းမိုင်။
Line ၁၃၂ ⟶ ၃၅:
နောက်ပိုင်း၌ ကျင်းပသော ဆန္ဒပြပွဲများတွင်မူ ဆိုဗီယက်လုပ် အက်စအက်စ ၂ဝ တာလတ်ပြေးဒုံးကျည် ထားရှိမှုကိုပါ ကန့်ကွက်ကြသည်။ ဝါဆောစာချုပ်အဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံ များ၌ ချထားသည့် ဆိုဗီယက်ဒုံးကျည် အရေအတွက်မှာ ၃၂ဝ ဖြစ်သည်။
အဏုမြူဆန့်ကျင်ရေးဆန္ဒပြပွဲများအပြင် အိုးအိမ်မရှိသူတို့၏ အကြမ်းဖက်မှု၊ ဆန္ဒပြမှုတို့ကိုလည်း ဝန်ကြီးချုပ်ရှမစ်အစိုးရက ရင်ဆိုင်ခဲ့ရသည်။ ဘရီမင်မြို့တွင် အိုးမဲ့အိမ်မဲ့တို့က အစိုးရပိုင် အိုးအိမ်အဆောက်အအုံများပေါ်သို့ အတင်းအဓမ္မတက်၍ နေထိုင်ကြသည်ကို ရဲအဖွဲ့က လူစုခွဲ၍ ဆွဲထုတ်ကြရသည်။ မြို့ တော်ခန်းမကို ဆန္ဒပြသူတို့က ခဲနှင့်ပေါက်သဖြင့် ရဲကမျက်ရည်ယိုဗုံးနှင့် ရေပိုက်များကို သုံးရလေသည်။ ဟမ်းဘတ်နှင့် အနောက်ဘာလင်တွင်လည်း အလားတူဆန္ဒပြကြသည်။ မိမိတို့၏ စားဝတ်နေရေး မဖူလုံမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်သူများနှင့်အတူ မျိုးချစ်စိတ်ဓာတ် အစွဲအလမ်းသန်မှု၊ နိုင်ငံရေးစိတ်ပြင်းထန်မှုတို့ဖြင့် အကြမ်းဖက် တိုက်ခိုက်သူများလည်း တပါတည်းပေါ်ထွက်လာသည်။ ၁၉၈၁ ခု နိုဝင်ဘာလတွင် ဟမ်းဘတ်မြို့နေ သစ်တောဌာနဝန်ထမ်း ဟိန်းရစ်လင့်ကေးထံမှ သေတ္တာအလုံး ၉ဝ နှင့် ထည့်ထားသော လက်ပစ်ဗုံး၊ သေနတ်၊ ကျည်ဆန်တို့ကို ရရှိလေသည်။ ထိုလက်နက်များကို မြို့စွန်မြို့ဖျား ၃၃ နေရာခွဲ၍ လျှို့ဝှက်သိုလှောင်ထားရာမှ ဖမ်းဆီးရရှိခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ အကြမ်းဖက်သမိုင်းတွင် အများဆုံးတွေ့ရှိရသော ဤလက်နက်များဖြင့် လင့်ကေး၏ဂိုဏ်းသည် ဒုစရိုက်မျိုးစုံကို ကျူးလွန်ကြရာ ၁၉၈ဝ ပြည့်နှစ်တွင် ၁၅၃၃ မှုကို အရေးယူ အပြစ်ပေးရလေသည်။ ၁၉၈၁ ခုနှစ်တွင် ကာကွယ်ရေးဌာနအတွက် မတ်ငွေသန်း ၄ဝ၅ဝဝ (ဒေါ်လာ ၂ဝ၂၅ဝ သန်း)သုံးရန် အကြံပြုသည်။ ၁၉၈ဝ ပြည့်နှစ်တွင် မတ်ငွေ သန်း ၃၈၈ဝဝ သုံးခဲ့၍ ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးလာရန် ဖြစ်သော်လည်း ကက်ဘိနက်အဖွဲ့က ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးရန် ဆုံးဖြတ်သည်။ အေဝက်စ်ခေါ် ကြိုတင်ထောက်လှမ်းရေး လေယာဉ်များကို နေတိုးအဖွဲ့အတွက်ဝယ်ယူရာ၌ အနောက်ဂျာမနီက ၂၈ ရာခိုင်နှုန်းထည့်ဝင်ရသည်။
၁၉၇ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဝီလီဗရန့် အစပျိုးခဲ့ပြီးနောက် ၁၉၇၂ ခုနှစ်တွင် အကောင်အထည်ပေါ်ခဲ့သော အော့စပိုလစ်တစ်ခေါ် အရှေ့နှင့် သဟဇာတဖြစ်စွာဆက်ဆံရေးမူကို မစ္စတာရှမစ်အစိုးရသည် ဆက်လက်ကျင့်သုံးခဲ့သဖြင့် အရှေ့နှင့်အနောက် ခေါင်းဆောင်အချင်းချင်း အတုံ့အပြန်သွားလာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
၁၉၈၁ ခုနှစ် နှစ်ဦးပိုင်းတွင် ဝန်ကြီးချုပ် မစ္စတာရှမစ်သည် မော်စကိုသို့သွားရောက်ခဲ့ပြီး ဆိုဗီယက်သမ္မတ ဗရက်ဇညက်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်သမ္မတ ဗရက်ဇညက်သည် ဘွန်းမြို့သို့ လာရောက်ခဲ့သည်။ ဘွန်းတွင် သုံးရက်ကြာနေထိုင်ပြီး မစ္စတာရှမစ်နှင့် ဆွေးနွေးကြရာ၌ ဒုံးကျည်များချထားခြင်းကိစ္စအပြင် ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ရေးနှင့် စီးပွားရေးကိစ္စများ ပါဝင်သည်။ ဆိုက်ဗေးရီးယားအနောက်ပိုင်းမှ ဥရောပအနောက်ပိုင်းသို့ ပိုက်လိုင်းကြီးများသွယ်၍ သဘာဝဓာတ်ငွေ့များ ပို့မည့်လုပ်ငန်းကြီးမှာ ဒေါ်လာသန်း ၁၅ဝဝဝ ကုန်မည်ဖြစ်၍ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ သန်း ၁ဝ၅ဝဝ ကို အနောက်ဂျာမနီက ၂၅ နှစ်ဝယ်မည်ဟု နှစ်ဘက်စာချုပ်ချုပ်ကြသည်။
ပိုက်လိုင်းသွယ်ရေး၌ လိုအပ်သော ကုန်ကြမ်းကုန်ချောပစ္စည်းများ၊ ကျွမ်းကျင်မှုပညာရပ်များကို ပြည်ထောင်စုသမ္မတဂျာမနီက ရောင်းချပါဝင်သွားရမည်ဖြစ်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများ အလုပ်ရရှိကြမည်သာမက တိုင်းပြည်၏ စက်မှုလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများကိုပါ အထောက်အကူပြုမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတဂျာမနီနှင့် အရှေ့ဂျာမနီခေါ် ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဂျီဒီအာ)တို့၏ ဆက်ဆံရေးမှာလည်း ယခင်နှစ်ကကဲ့သို့ ကောင်းမွန်လျက်ရှိသည်။ အရှေ့ဘာလင်သို့ မစ္စတာရှမစ် သွားမည့်ခရီးစဉ်ကို ပိုလန်အရေးအခင်းကြောင့် ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ရသည်။
နှစ်နိုင်ငံ၌ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသမားအချင်းချင်း လဲလှယ်ခြင်းပြုခဲ့သည်။ မစ္စတာဗရန့် လက်ထက်တွင် နာမည်ကြီးခဲ့သော အရှေ့ဂျာမနီသူလျှို ဂီလွန်းအပါအဝင် အကျဉ်းသမားများကို အနောက်ဂျာမနီက လွှတ်ပေးသကဲ့သို့ အပြန်အလှန်အားဖြင့် အနောက်ဂျာမနီလူမျိုး ၄၃ ဦးကိုလည်း အရှေ့ဂျာမနီက လွှတ်ပေးခဲ့သည်။
<ref>စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)</ref>
ဝန်ကြီးချုပ် ဟဲလမွတ်ရှမစ်သည် ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။ အမေရိကန်သမ္မတ ရေဂင်နှင့်တွေ့ဆုံပြီး ဆိုဗီယက်ပြည်ထောင်စုမှ ဆက်သွယ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ပိုလန်နိုင်ငံအရေးအခင်း စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ တဖန် ပြင်သစ်နိုင်ငံသို့ ဇန္နဝါရီလ ၁၃ ရက် နေ့တွင် ရောက်ရှိလာရာ ပြင်သစ်သမ္မတ မီးထရောင်းနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စများ ဆွေးနွေးခဲ့သည်။ ပိုလန်အရေးအခင်းနှင့် စပ်လျဉ်း၍ မိမိတို့နှစ်နိုင်ငံအတွင်း ကွဲလွဲချက်များမရှိကြောင်း၊ စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန်အတွက် ပိုလန်အစိုးရအားပြောကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နှစ်ရက်ကြာ ကျင်းပသော ၃၉ ကြိမ်မြောက် ပြင်သစ်-ဂျာမနီထိပ်သီး ညီလာခံသို့ ဝန်ကြီးချုပ် ရှမစ်တက်ရောက်ခဲ့သည်။
ဝန်ကြီးချုပ် ရှမစ်၏ မူဝါဒနှင့် ဆောင်ရွက်ချက်များအပေါ်
|