ရောဘီ ဝီလျမ်စ်: တည်းဖြတ်မှု မူကွဲများ

added contents
အရေးမကြီး fixed ref
စာကြောင်း ၄၁ -
'''ရောဘတ် ပီတာ ဝီလျမ်စ် ({{lang-en|Robert Peter Williams}})''' (မွေးဖွား : ၁၉၇၄-ဖေဖော်ဝါရီ-၁၃) သည် အင်္ဂလိပ်လူမျိုး အဆိုတော်၊ တေးရေးသူနှင့် ဖျော်ဖြေရေးသမားတစ်ဦးဖြစ်သည်။ Take That ပေါ့ပ်ဂီတအဖွဲ့တွင် ၁၉၈၉မှ ၁၉၉၅အထိ အဖွဲ့ဝင်ဖြစ်၍ ထိုအဖွဲ့အဖြစ်စတင် ကျော်ကြားခဲ့သည်။ သို့သော် ၁၉၉၇မှစတင်ကာ တစ်ကိုယ်တော်အဆိုသမားဘဝဖြင့် စီးပွားရေးအရ ပို၍များစွာ အောင်မြင်ခဲ့သည်။ ဝီလျမ်စ်၏ တစ်ကိုယ်တော်သီချင်း(၇)ပုဒ်သည် ယူကေ၌ အဆင့်တစ်ရသော သီချင်းများဖြစ်ကာ စုစုပေါင်း အခွေ(၁၂)ခွေမှ (၁၁)ခွေသည် ယူကေဂီတဇယား၌ အဆင့်(၁) ရသောတေးအယ်လ်ဘမ်များဖြစ်ခဲ့သည်။ ထိုတေးအခွေများမှ (၆)ခွေသည် ယူကေ၏ ထိပ်တန်းရောင်းအားကောင်းသော အခွေ(၁၀၀) စာရင်း၌ပါဝင်ခဲ့ပြီး Close Encounters ဖျော်ဖြေရေးခရီးစဉ်၏ လက်မှတ်စုစုပေါင်း (၁.၆)သန်းကို တစ်ရက်အတွင်း ရောင်းချရသဖြင့် ၂၀၀၆ခုနှစ်၌ [[ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်|ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်]]၌ ပါဝင်လာခဲ့သည်။<ref>{{cite web|url=http://www.universalmusicmagazine.com/robbie-williams-lanzara-nuevo-album-en-noviembre/ |title=Robbie Williams, lanzará nuevo album en noviembre |publisher=Universal Music Magazine |date= |accessdate=24 April 2014}}</ref>
 
ဝီလျမ်စ်သည် ဘရစ်ဆု (၁၈)ဆုရရှိသော စံချိန်ရှိ၍ ထိုဘရစ်ဆုများတွင် ''အကောင်းဆုံး ဗြိတိသျှ အမျိုးသား အနုပညာရှင်'' (၄)ဆု၊ ဂီတလောကသို့ ထူးချွန်စွာအကျိုးပြုသည့်ဆု (၂)ဆု၊ ဗြိတိသျှယဉ်ကျေးမှုအပေါ် ၎င်း၏တာရှည်စွာ အကျိုးသက်ရောက်နိုင်မှုအတွက် ပုဂ္ဂိုလ်ရေးဂုဏ်ပြုဆု (Brits Icon) များရရှိခဲ့သလို ဂျာမန် ''ပဲ့တင်သံ'' ဂီတဆု (ECHO Awards) (၈)ဆု နှင့် ဥရောပဂီတရုပ်သံဆု (MTV) (၃)ဆုလည်းရရှိခဲ့သည်။<ref name="Brits Icon">{{cite news|title=ROBBIE WILLIAMS - BRITs ICON|url=http://www.brits.co.uk/news/robbie-williams-honoured-with-the-brits-icon-award|agency=Brits.co.uk|date=8 November 2016}}</ref><ref name="Brits Winners">{{Cite web |url=https://www.bbc.com/news/entertainment-arts-38624740 |title=Brit Awards 2017: The winners |date=22 February 2017 |website=BBC News |access-date=22 June 2018}}</ref> ၁၉၉၀နှစ်များ၏ အကြီးကျယ်ဆုံးသော အနုပညာရှင်ဟူ၍ မဲပေးရွေးချယ်ခံရပြီးနောက်၂၀၀၄တွင် ယူကေဂီတဂုဏ်ပြုချီးမြောက်မှု (UK Music Hall of Fame) ခံရသည်။ ဗြိတိသျှတေးဓါတ်ပြားလုပ်ငန်း (BPI) က ယူကေ၌ တစ်ကိုယ်တောအနုပညာရှင်အနေဖြင့် ခွေသန်းပေါင်း (၁၉.၉) နှင့် သီချင်းအပုဒ်ရေ (၇.၇)သန်းအတွက် ဝီလျမ်စ်ကို အသိအမှတ်ပြုပေးခဲ့သည်။ <ref>{{cite web|url=http://www.bpi.co.uk/certified-awards.aspx |title=Certified Awards |publisher=Bpi.co.uk |date= |accessdate=24 April 2014}}</ref> ၎င်းအခွေများထဲမှ (၅)ခွေသည် ဩစတေးလျဂီတအယ်လ်ဘမ်ဇယားတွင် အဆင့်(၁)ရရှိခဲ့၍ ကမ္ဘာအနှံ့ရောင်းအား ၇၅သန်းကျော်ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံးအနုပညာရှင်များထဲက တစ်ဦးလည်းဖြစ်ပေသည်။ ယူကေ(သီချင်း)အသံလွှင့်ရမှု ဇယား ၂၀၀၀-၂၀၁၀တွင်လည်း ဝီလီယန်စ်သည် နံပါတ်တစ်အဆင့်ရရှိခဲသည်။ ၂၀၀၃ Knebworth ဂီတဖျော်ဖြေပွဲ (၃)ပွဲသည် လူဦးရေ (၃၇၅,၀၀၀) ကိုလာရောက်စေနိုင်ခဲ့သည်။ ထိုအချိန်ထိ ယူကေတွင် အများဆုံး လူဦးရေလည်းဖြစ်သည်။ <ref name="Knebworth">{{cite news |title=Fans go wild for Robbie |url=http://news.bbc.co.uk/1/hi/entertainment/3116113.stm |agency=BBC |date=17 June 2018}}</ref> ၂၀၀၄၌ စတို့ကောန်ထရန့်တ်မြို့(Stoke-on-Trent) လွတ်လပ်မှုဆုရခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားလမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့ကြ၍ လမ်းများကို ဝီလျမ်စ်ကို အစွဲပြု၍ ၎င်းနာမည်ပေးခဲ့ကြသည်။
 
Take That အဖွဲ့မှ ဆယ့်ငါးနှစ်ကြာ အနားယူခဲ့ပြီး ထိုအဖွဲ့နှင့် ၂၀၁၀-ဇူလိုင်-၁၅ တွင် ပြန်လည်ပေါင်းစည်း၍ တေးသီချင်းများတွဲဖက်ရေးကာ Progress အမည်ဖြင့် အဖွဲ့အခွေကို ဖြန့်ချိခဲ့၍ ယူကေဂီတဇယားသမိုင်းတွင် ဒုတိယမြောက်အမြန်ဆုံးရောင်းချရသည့် အခွေတစ်ခွေဖြစ်သည်။<ref>{{cite web|url=http://uk.news.yahoo.com/22/20101121/tuk-uk-britain-music-charts-fa6b408.html|title=Yahoo News UK & Ireland – Latest World News & UK News Headlines|date=20 April 2011|publisher=Uk.news.yahoo.com|archiveurl=https://web.archive.org/web/20101124175807/http://uk.news.yahoo.com/22/20101121/tuk-uk-britain-music-charts-fa6b408.html|archivedate=24 November 2010|url-status=dead|accessdate=24 April 2014}}</ref> ထိုအခွေနှင့်ပတ်သက်၍ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှု ခရီးစဉ်ပွဲတွင် ဝီလျမ်စ်၏ တစ်ကိုယ်တော်တေး (၇)ပုဒ်ပါဝင်ကာ ၂၄နာရီအတွင်း လက်မှတ် (၁.၃၄)သန်းရောင်းချရပြီး ယူကေသမိုင်း၌ အများဆုံးရောင်းရသည့် ဂီတပွဲဖြစ်ခဲ့သည်။ ၂၀၁၁နှောင်းပိုင်း၌ ဝီလျမ်စ်သည် တစ်ကိုယ်တော်လုပ်ငန်းကို အရုံစိုက်ရန် အဖွဲ့မှ ခေတ္တထွက်ခွာခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် Gary Barlowမှ ပြောကြားခဲ့သည်။ ထိုခွဲခွာခြင်းသည် အခင်မင်မပျက်ဖြစ်ပြီး အနာဂတ် Take That အဖွဲ့သို့ ပြန်လာမည်ဆိုပါက ကြိုဆိုကြောင်းလည်းပြောဆိုသွားခဲ့သည်။ <ref>[https://www.telegraph.co.uk/news/celebritynews/8842756/Robbie-Williams-quits-Take-That-again-after-10m-comeback.html "Robbie Williams quits Take That again after 10m Comeback"]. ''The Telegraph'', {{Nonspecific|date=September 2014}}</ref> ထိုအချိန်မှစ၍ ရုပ်မြင်သံကြားအစီအစဉ်သုံးခု၌ အဖွဲ့နှင့်အတူ ပါဝင်ဖျော်ဖြေခဲ့ပြီး<ref>{{Citation|last=Glorious Gooner|title=Robbie/Take That flood and Back For Good Troxy|date=12 November 2016|url=https://www.youtube.com/watch?v=yd2IpQRDTQ8|access-date=21 March 2019}}</ref><ref>{{Citation|last=BBC|title=Take That perform 'The Flood' - Let It Shine 2017 - BBC One|date=25 February 2017|url=https://www.youtube.com/watch?v=ZzSgpsw04O8|access-date=21 March 2019}}</ref><ref>{{Citation|last=Life Unscripted|title=TAKE THAT with Robbie Williams - X Factor UK FINAL 2018|date=2 December 2018|url=https://www.youtube.com/watch?v=Qu8wu8WOQ4Y|access-date=21 March 2019}}</ref> Barlow နှင့်လည်း လုပ်ငန်းအတော်တော်များ တွဲဖက်လုပ်ကိုင်ခဲ့ရာ<ref>{{Cite news|url=https://www.telegraph.co.uk/culture/music/music-news/9517147/Robbie-Williams-and-Gary-Barlow-team-up-for-single.html|title=Robbie Williams and Gary Barlow team up for single|date=3 September 2012|access-date=21 March 2019|issn=0307-1235}}</ref> ဝက်စ်အန့်ဒ် ဇာတ်ရုံ၏ The Band ဂီတဖျော်ဖြေရေးလုပ်ငန်းလည်း အပါအဝင်ဖြစ်သည်။ <ref>{{Cite web|url=https://www.nme.com/news/music/robbie-williams-38-1266084|title=Robbie Williams scores first UK Number One single in eight years with 'Candy'|last=Crossan|first=Jamie|date=4 November 2012|website=NME|access-date=21 March 2019}}</ref>