ဓာတု အင်ဂျင်နီယာ ဘာသာရပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး add 1 pic/ အစောပိုင်း ကဏ္ဍတွေပြင်တာ မှားလားမသိဘူး၊ မကျွမ်းကျင်လို့ မထိတော့ပါဘူး။
စာကြောင်း ၁ -
[[Image:Colonne distillazione.jpg|thumb|right|250px| ဓါတုအင်ဂျင်နီယာများသည် သန့်စင်စက်ရုံများကို ဒီဇိုင်းရေးဆွဲ၊ တည်ဆောက်၊ မောင်းနှင်လည်ပတ်ကြသည်။ ပုံတွင် ပေါင်းခံစနစ်ဖြင့် ခွဲခြားသော ဒေါင်လိုက်သဏ္ဍန်ရှိသော စက်များ။]]
'''ဓာတုအင်ဂျင်နီယာပညာရပ်''' ({{Lang-en|Chemical engineering}}) ဆိုသည်မှာ ဓာတုကုန်ပစ္စည်းများအား စက်ပစ္စည်းများကို ဒီဇိုင်းပြုလုပ်၍ အကြီးစားထုတ်လုပ်ခြင်းပညာရပ်၊ စွမ်းအင်များရရှိစေရန် တီထွင်ကြံဆမှုပညာရပ် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုပညာရပ်တို့ကို လေ့လာသော အင်ဂျင်နီယာနယ်ပယ်ကြီးတစ်ခုပင်ဖြစ်သည်။ ဓာတုအင်ဂျင်နီယာပညာရပ်သည် အခြားသောအင်ဂျင်နီယာပညာရပ်များကဲ့သို့ပင် သဘာဝသိပ္ပံပညာရပ်များကို အသုံးချ၍ တီထွင်ဖန်တီးမှုများလုပ်ဆောင်လျက် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ဆောင်ကြိုးစားရသောပညာရပ်တစ်ခုပင်ဖြစ်သည်။ ဓာတုဗေဒပညာရပ်များ နှင့် ဓာတုအင်ဂျင်နီယာပညာ၏ ကွဲပြားချက်မှာ ဓာတုဗေဒပညာရှင်များသည် ဓာတ်ခွဲခန်းများတွင် ဓာတုပစ္စည်းများ၏သဘောသဘာဝအခြေအနေများ၊ ဂုဏ်သတ္တိများ၊ ဓာတုပစ္စည်း တစ်ခုနှင့်တစ်ခုတို့၏အပြန်အလှန်သက်ရောက်မှုများကို ဖန်ထည်ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်ကိရိယာများအသုံးပြု၍ လေ့လာကြသည်။ ဓာတုအင်ဂျင်နီယာများကမူ ဓာတုဗေဒပညာများ၏ လေ့လာတွေ့ရှိမှုများကို အခြေခံ၍ စက်မှုပညာ၊ လျှပ်စစ်ပညာ၊ အလိုအလျောက်ထိန်းချုပ်မှုပညာတို့အပြင် စီမံခန့်ခွဲမှုပညာတို့ကိုပါ ပေါင်းစပ်အသုံးပြုစေလျက် ကုန်ပစ္စည်းများအား အကြီးစားထုတ်လုပ်သည်။