ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၂၅ -
ထိုဝတ္ထုသည် ကလေးသူငယ်များ ရွေးချယ်သည့် ဗြိတိသျှစာပေဆုများနှင့် အမေရိကန်မှ အခြားစာပေဆုပေါင်းများစွာကို ဆွတ်ခူးရယူနိုင်ခဲ့သည်။ ဤစာအုပ်သည် ၁၉၉၉ ခုနှစ်၊ ဩဂုတ်လတွင် '''နယူးယောက်တိုင်းမ်သတင်းစာ၏ ရောင်းအားအကောင်းဆုံး ရသစာအုပ်များစာရင်း''' တွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့၍ ၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များအထိတိုင် ထိုစာရင်းတွင် ထိပ်ဆုံးနေရာနီးနီး ရပ်တည်နေနိုင်ခဲ့လေ၏။ ဘာသာစကားပေါင်းများစွာသို့ ပြန်ဆိုထားသည့်အပြင် [[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး (ရုပ်ရှင်)|ရုပ်ရှင်ဇာတ်ကား]] ဖန်တီးပြသရာတွင်လည်း အထူးအောင်မြင်ခဲ့ပေသည်။
ဝေဖန်သုံးသပ်ရေးအများစုကမူ ထိုစာအုပ်ကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ရိုးလင်း၏ စိတ်ကူးယဉ်နိုင်စွမ်း၊ ရိုးရှင်း၍ ပါးနပ်သပ်ရပ်သော ဇာတ်လမ်းဆင်ပုံတို့ကို များစွာချီးကျူးခဲ့သည်။ သို့သော် နောက်ပိုင်းအခန်းများတွင်မူ အလျင်လိုမှု အနည်းငယ်ပါဝင်သည်ဟု သုံးသပ်ကြလေသည်။ သူမ၏ အရေးအသားကို သူမကိုယ်တိုင်နှစ်သက်အားကျသော စာရေးဆရာများထဲမှ တစ်ဦးဖြစ်သည့် ဂျိန်း အော်စတန် (Jane Austen) ၊ ဟယ်ရီပေါ်တာစာအုပ်များမတိုင်ခင် ကလေးစာပေအပေါ် အတော်လွှမ်းမိုးနိုင်ခဲ့သည့် ရိုးလ် ဒါးလ်ချ် (Roald Dahl) ၊
''ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး'' စာအုပ်သည် အချို့သော ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တို့တွင် လက်မခံနိုင်စရာ ကိစ္စများ ဖြစ်စေခဲ့သလို ၊ နိုင်ငံအချို့တွင် ပိတ်ပင်ခံခဲ့ရသည်။ ၎င်းဝတ္ထုသည် စုန်းကဝေမှော်အတတ်များကို ကြော်ငြာဖြန့်ဝေပေးသည်ဟု စွပ်စွဲခြင်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော် အချို့ဘာသာရေးဆိုင်ရာ ဝေဖန်ရေးများကမူ ဤစာအုပ်များသည် ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံမှု၏ စွမ်းအားများ၊ လူတို့၏ မိမိကိုယ်ကို ခံယူဆုံးဖြတ်ရန် နည်းလမ်းကောင်းများ စသည်တို့ အပါအဝင် အရေးပါလှသော အဓိကအချက်အလက်များ ပါဝင်နေကြောင်း ဆိုကြပါသည်။ ဤ ဟယ်ရီပေါ်တာ စာအုပ်အတွဲသည် အလွန်အောင်မြင်၍ ပညာသင်ကြားမှု နည်းပညာ၊ လူမှုဗေဒနယ်ပယ်နှင့် ဈေးကွက်စီးပွားရေးဆိုင်ရာများတွင် ရင်းမြစ်တစ်ခုအဖြစ် ဖော်ပြသုံးစွဲကြလေသည်။
|