ယူကလစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by 136.228.173.213 (talk) to last revision by Dr Lotus Black. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉ -
| known_for = {{Br separated entries|ယူကလစ် ဂျီဩမေတြီ ([[:en:Euclidean geometry|Euclidean geometry]])|ယူကလစ်၏ ''အခြေခံများ'' ([[:en:Euclid's Elements|Euclid's ''Elements'']])}}
}}
'''ယူကလစ်''' ({{lang-en|Euclid}} {{IPAc-en|ˈ|juː|k|l|ɪ|d}}; {{lang-grc-gre|Εὐκλείδης|Eukleidēs}}) သည် အခြား ပညာလိုလားသူများနှင့်အတူ အက်သင်းမြို့ရှိ ပလေးတို၏ တပည့်များထံ၌ ပညာရပ်များကို ဆည်းပူးခဲ့ဖူးသူ ဖြစ်သည်။ အီဂျစ်နိုင်ငံ၏ ပထမ [[တော်လမီဘုရင်များ|တော်လမီ]]ဘုရင်(ဘီစီအီး ၃ဝ၆-၂၈၃) လက်ထက်တွင် [[အယ်လက်ဇန္ဒြှီးယားအလက်ဇန္ဒရီးယား]]မြို့သည် ကမ္ဘာ့ပညာရှင်ကြီးများ စုဝေးရာဌာန တစ်ခု ဖြစ်ခဲ့လေသည်။ ထင်ရှားသည့် ဆရာအမြောက်အမြား ထိုမြို့သို့ ကျောင်းများ တည်ထောင်ရန် သွားရောက်ကြရာတွင် ဂရိလူမျိုး ယူကလစ် အမည်ရှိ ပုဂ္ဂိုလ်လည်း ပါဝင်သည်။ ဤသို့ ယူကလစ်သည် ဂရိလူမျိုးဖြစ်၍ အယ်လက်ဇန္ဒြီးယား တွင် နေထိုင် စာပေ သင်ကြားပို့ချခဲ့သည် ဟူသည်တို့က လွဲ၍ သူ၏အကြောင်းကို မည်မည်ရရ မသိခဲ့ကြပေ။
 
ယူကလစ်သည် ထိုခေတ် ပညာတတ်များကဲ့သို့ပင် [[ဂီတ]]၊ [[အနုပညာ]]၊ မြင်မှုပညာနှင့် အခြားပညာရပ်များတွင် ကျွမ်းကျင်လေသည်။ သို့သော် သူစိတ်အဝင်စားဆုံး ပညာရပ်မှာ [[သင်္ချာ]]ဖြစ်သည်။ သူ၏ တပည့်များအား ကြမ်းပြင်ပေါ်၌ [[သဲ]]များကိုဖြူးကာ တုတ်တစ်ချောင်းဖြင့် [[ဂျီဩမေတြီ]]ပုံများကို ဆွဲ၍ အဆိုမှန်များနှင့် သက်သေပြချက်များကို ရှင်းပြလေ့ရှိသည်။ ယူကလစ်နှင့် ဂျီဩမေတြီကို ခွဲခြား၍ မဖြစ်နိုင်ချေ။ သူရေးသားခဲ့သော စာအုပ်များအနက် လူသိ အများဆုံးဖြစ်သော ယူကလစ်၏ ''အခြေခံများ'' ဟု ဘာသာပြန်ဆိုနိုင်မည့် အဲလီးမင့်ကျမ်း ([[:en:Euclid's Elements|Elements]]) ကို နှစ်ပေါင်း ၂ဝဝဝ ကျော် တိုင်အောင် [[ကျောင်းသုံးစာအုပ်]]အဖြစ် အသုံးပြုခဲ့ကြသည်။ ထိုအဲလီးမင့်ကျမ်းသည် ၁၃ တွဲရှိရာ၊ ပထမ ၄တွဲနှင့် ဆဋ္ဌတွဲ လောက်ကိုသာ လေ့လာသူများသည်။ ထိုအဲလီးမင့်ကျမ်းကို ဘာသာ အမြောက်အမြားသို့ ပြန်ဆိုထားကြသည်။