ဂမ်ဘီယာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်)
စာကြောင်း ၈၈ -
၁၅၈၈ ခုနှစ်တွင် ပေါ်တူဂီ ထီးနန်းကို ဆက်ခံသူ ခရာတို၏ ပရိုင်ရော် ဘွဲ့ခံ အန်တိုနီယို မှ ဂမ်ဘီယာမြစ်ပေါ်တွင် တစ်ဦးတည်း ရောင်းဝယ်ခွင့်ကို အင်္ဂလိပ် ကုန်သည်တို့အား ရောင်းချခဲ့သည်။ [[ပထမ အဲလိဇဘက် ဘုရင်မကြီး]] ထံမှ စာလွှာများက ထိုခွင့်ပြုချက်ကို အတည်ပြုပေးခဲ့သည်။ ၁၆၁၈ တွင် ပထမမြောက် ဂျိမ်းဘုရင်မှ အင်္ဂလိပ် ကုမ္ပဏီတစ်ခုအား ဂမ်ဘီယာနှင့် ဂိုးလ်ကို့စ် (ယခု [[ဂါနာနိုင်ငံ]]) တို့နှင့် ကုန်သွယ်နိုင်ရန် ခွင့်ပြုချက် ပေးခဲ့သည်။ ၁၆၅၁ ခုနှစ်နှင့် ၁၆၆၁ ခုနှစ်ကြားတွင် ဂမ်ဘီယာ၏ အချို့သော အစိတ်အပိုင်းများသည် ပိုလန်-လစ်သူယေးနီးယား ဓနသဟာယ တိုင်းပြည်တစ်ခု ဖြစ်ပြီး ယနေ့ခေတ် [[လတ်ဗီးယားနိုင်ငံ]] ဖြစ်သော ကိုးလန်းနှင့်ဆယ်မီဂယ်လီးယား အလယ်ခေတ်တိုင်းပြည်၏ အုပ်စိုးမှု အောက်တွင် ရှိခဲ့ကာ ထိုဒေသတို့အား ဂျက်ကော့ဗ် ကက်တလာ မင်းသားမှ ဝယ်ယူခဲ့သည်။<ref>{{Cite journal|last=Yevstratyev|first=O|date=2018|title=Chronological Dating of the Duchy of Courland's Colonial Policy|url=https://www.lvi.lu.lv/lv/LVIZ_2018_files/3_numurs/O_Yevstratyev_Chronological_LVIZ_2018_3.pdf|journal=Latvijas Vēstures Institūta Žurnāls|volume=3|pages=34–72|access-date=22 February 2019|archive-url=https://web.archive.org/web/20190223074148/https://www.lvi.lu.lv/lv/LVIZ_2018_files/3_numurs/O_Yevstratyev_Chronological_LVIZ_2018_3.pdf|archive-date=23 February 2019|url-status=live|df=dmy-all}}</ref>
 
၁၇ ရာစု နှောင်းပိုင်း နှင့် ၁၈ ရာစု တလျှောက်လုံးတွင် ဗြိတိသျှ အင်ပိုင်ယာနှင့် ပြင်သစ်အင်ပိုင်ယာတို့သည် ဆီနီဂေါမြစ်နှင့် ဂမ်ဘီယာမြစ်တို့ ရှိရာဒေသတွင် နိုင်ငံရေး နှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် တစ်ဦးထက် တစ်ဦး သာလွန်စေရန် ဆက်တိုက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဗြိတိသျှအင်ပိုင်ယာသည် ၁၇၅၈ ခုနှစ်တွင် ဆီနီဂေါနိုင်ငံအား သိမ်းပိုက်ပြီးနောက် နယ်စား ဩဂတ်စတပ် ကပ်ပဲလ် ဦးဆောင်သော နယ်မြေရှာဖွေရေးအဖွဲ့သည် ဂမ်ဘီယာသို့ ရောက်ရှိ သိမ်းပိုက်ခဲ့သည်။ ၁၇၈၃ ပထမ ဗာဆိုင်းစာချုပ် ချုပ်ဆိုပြီးနောက် ဂရိတ်ဗြိတိန်မှ ဂမ်ဘီယာမြစ်ကို ရရှိခဲ့သော်လည်း ပြင်သစ်တို့က မြစ်၏ မြောက်ဘက်ကမ်းရှိ ဗြိတိသျှနယ်မြေ ပတ်လည်ဝိုင်းရံထားသော အယ်လ်ဘရီဒါခေါ် ဒေသ သေးသေးလေးတစ်ခုအား ဆက်လက် ထိန်းသိန်းထားခဲ့သည်။ ၁၈၅၆ ခုနှစ်တွင် ယူနိုက်တက် ကင်းဒမ်းသို့ နောက်ဆုံး လွှဲပြောင်းပေးခဲ့သည်။
 
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလုပ်ကိုင်သော ကျွန်ရောင်းဝယ်ရေး လုပ်ကိုင်နေစဉ် ရာစုနှစ် ၃ ခု အတွင်းတွင် ထိုဒေသမှ လူပေါင်း ၃ သန်းအထိကို ကျွန်အဖြစ် ဖမ်းယူ ခေါ်ဆောင်သွားခဲ့ကြသည်။ အတ္တလန္တိတ် သမုဒ္ဒရာ ကျော်ဖြတ် ကျွန်ရောင်းဝယ်ရေး မစတင်မီက လူမျိုးစု အချင်းချင်းကြားတွင် ဖြစ်သော စစ်ပွဲများ သို့မဟုတ် မွတ်စလင်ကုန်သည်များမှ ကျွန်မည်မျှ ခေါ်ဆောင်သွားသည်ကို မည်သူမျှ အတိအကျ မသိနိုင်ပေ။ ထိုသို့ ကျွန်အဖြစ် ခေါ်ဆောင်သွားသူ အများစုမှာ အခြား အာဖရိက လူမျိုးများမှ ဥရောပသားများသို့ ရောင်းချသူများ ဖြစ်ကြသည်။ အချို့မှာ လူမျိုးစု စစ်ပွဲများမှ အကျဉ်းသားများဖြစ်ပြီး အချို့မှာ အကြွေးမဆပ်နိုင်၍ ရောင်းချခံရသူများ ဖြစ်ကာ အခြားသူ အများစုမှာ ပြန်ပေးဆွဲ ခေါ်ဆောင်ခြင်း ခံရသူများ ဖြစ်သည်။<ref>Park, Mungo ''Travels in the Interior of Africa'' [http://www.gutenberg.org/etext/5305 v. II, Chapter XXII – War and Slavery] {{Webarchive|url=https://web.archive.org/web/20090924192512/http://www.gutenberg.org/etext/5305 |date=24 September 2009 }}.</ref>
 
[[File:James Island and Fort Gambia.jpg|thumb|ဂျိမ်းစ်ကျွန်း နှင့် ဂမ်ဘီယာ ခံတပ် မြေပုံ]]
 
ကုန်သည်များသည် အစကနဦးတွင် လူများအား ဥရောပသို့ အစေခံအဖြစ် ခိုင်းစေရန် တင်ပို့ကြသည်မှာ ၁၈ ရာစုအတွင်း အနောက်အင်ဒီးစ် နှင့် မြောက်အမေရိကတို့တွင် အလုပ်သမား ဈေးကွက် ကျယ်ပြန့်လာသည့် အချိန် အထိ ဖြစ်သည်။ ၁၈၀၇ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းသည် အင်ပိုင်ယာ တဝှမ်းလုံးတွင် ကျွန်ရောင်းဝယ်ရေးကို ဖျက်သိမ်းခဲ့သည်။ သူတို့သည် ဂမ်ဘီယာတွင် ကျွန်ရောင်းဝယ်ရေးကို အဆုံးသတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဗြိတိသျှ တော်ဝင်ရေတပ်၏ အနောက်အာဖရိက တပ်မဟာမှ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ကြားဖြတ် ဖမ်းဆီးခဲ့သော ကျွန်သင်္ဘောများအား ဂမ်ဘီယာသို့ ပြန်လှည့်ခိုင်းပြီး ကျွန်ဖြစ်ခဲ့သူများကို ဂမ်ဘီယာမြစ်ပေါ်ရှိ မက္ကာသီကျွန်းတွင် လွှတ်ပေးခဲ့ကာ ဘဝအသစ်ကို စတင်စေခဲ့သည်။<ref name=xyz>{{cite journal|doi=10.2307/3060072 |jstor=3060072 |title=Guests of the Crown: Convicts and Liberated Slaves on Mc ''Carthy'' Island, the Gambia |journal=The Geographical Journal |volume=160 |issue=2 |pages=136–142 |year=1994 |author=Webb, Patrick }}</ref> ဗြိတိသျှတို့သည် ဘားသပ်စ် စစ်အခြေအစိုက်စခန်း (ယခု ဘန်ဂျူးမြို့) အား ၁၈၁၆ တွင် တည်ထောင်ခဲ့သည်။
 
 
===ဂမ်ဘီယာ ကိုလိုနီနယ်မြေ နှင့် အစောင့်အရှောက်ခံနိုင်ငံ (၁၈၂၁-၁၉၆၅)===
[[File:The National Archives UK - CO 1069-25-4.jpg|thumb|left|ဗြိတိသျှ ဘုရင်ခံ ဂျော့ရှ် ချာဒင် ဒန်တန် (၁၉၀၁-၁၉၁၁) နှင့် သူ၏ အဖွဲ့ ၊၁၉၀၅ခုနှစ်]]
ဂမ္ဗီယာနိုင်ငံသည် ၁၆၆၁ ခုနှစ်ကတည်းက ဗြိတိသျှပိုင် ဖြစ်ခဲ့သည်။ ဗြိတိန်နိုင်ငံ ပထမဂျိမ်းဘုရင် လက်ထက်တွင် စွန့်စားသွားလာသူ ဗြိသိသျှကုန်သည်များသည် ဂမ်ဘီယာမြစ်ဝရှိ စိန့်မေရီ အမည်ပေးခဲ့သော ကျွန်းကလေး တစ်ကျွန်းသို့ ရောက်ရှိပြီး ကူးသန်းရောင်းဝယ်ရေး ဌာနတစ်ခုကို ဖွင့်လှစ် ခဲ့သည်။
 
ဗြိသိသျှကုန်သည်များသည် ဂမ်ဘီယာမြစ်ကြောင်းအတွင်း သို့ ဝင်ရောက်၍ အခြား ဆိပ်ကမ်းမြို့ကလေးများကို တည်ဆောက် ပြန်သည်။ နှစ်ပေါင်း ၂ဝဝ အတွင်း မြစ်တစ်ဖက် တစ်ချက်တွင် ၁ဝ မိုင်ခန့် ရှည်လျား ကျယ်ပြန့်သော မြေရိုင်းများကို ချဲ့ထွင်၍ အလျားမိုင် ၂၈ဝ ခန့်အထိ ပိုင်ဆိုင်လာခဲ့သည်။
 
ဗြိတိသျှအစိုးရသည် ဂမ်ဘီယာနိုင်ငံကို ၁၉ဝ၂ ခုနှစ်တွင် ဩဇာခံ နယ်မြေအဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရသော အစိုးရ ဖြစ်လာပြီး ၁၉၆၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။