ညစ်ညမ်းခြင်းများ: တည်းဖြတ်မှု မူကွဲများ

၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၂ နှစ်
အရေးမကြီး
robot Modifying: fi:Saastuminen; cosmetic changes
No edit summary
အရေးမကြီး (robot Modifying: fi:Saastuminen; cosmetic changes)
'''ညစ်ညမ်းခြင်း'''
 
ညစ်ညမ်းခြင်း ဆိုသည်မှာ ညစ်ညမ်းမှုဖြစ်စေသောအရာများကို ပတ်ဝန်းကျင်ဆီသို့ စသွင်းလာခြင်းဖြင့်[[ ဂေဟဗေဒ|ဂေဟစနစ်]] (ဆိုလိုသည်မှာ သဘာဝတရား သို့မဟုတ် ဇီဝရုပ်သက်ရှိများ) အားတည်ငြိမ်မှုမရှိစေခြင်း၊ ဖရိုဖရဲဖြစ်ခြင်း၊ အန္တရာယ် သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ ဖြစ်စေခြင်းဖြစ်သည်။ညစ်ညမ်းခြင်းသည် ဓာတုပစ္စည်းများ သို့မဟုတ် ဆူညံသံ၊ အပူ သို့မဟုတ် အလင်းကဲ့သို့သော စွမ်းအင်ပုံစံမျိုးဖြင့် တည်ရှိနိုင်သည်။ ညစ်ညမ်းစေသောပစ္စည်းများ၊ ညစ်ညမ်းခြင်း၏ လိုအပ်ချက်များသည် ပြင်ပပစ္စည်းများ သို့မဟုတ် စွမ်းအင်များ၊ သို့မဟုတ် သဘာဝအလျောက် ဖြစ်ပွားသောအရာများ ဖြစ်နိုင်သည် - [[သဘာဝ]]အလျောက် ဖြစ်ပွားပါက၊ ၎င်းတို့သည် သဘာဝအဆင့်များကို ကျော်လွန်ပါက ညစ်ညမ်းစေသော အရာများအဖြစ် သဘောထားခြင်း ခံရသည်။ ညစ်ညမ်းခြင်းကို ယေဘုယျအားဖြင့် ပင်ရင်းတစ်နေရာတည်း သို့မဟုတ် ပင်ရင်းတစ်နေရာတည်းမှ မဟုတ်သောညစ်ညမ်းခြင်းဟူ၍ အဆင့်ခွဲခြား သတ်မှတ်ထားသည်။ Blacksmith Institute (ဘလက်(ခ်)စမစ် တက္ကသိုလ်) မှကမ္ဘာ့အဆိုးဝါးဆုံး ညစ်ညမ်းသည့်နေရာများ စာရင်းတစ်ခုကို နှစ်စဉ်ထုတ်ပြန်သည်။ ၂၀၀၇ ထုတ်ဝေခြင်းများတွင် ထိပ်ပိုင်းဆယ်နေရာအဖြစ် နာမည်စာရင်း အဆိုပြုခြင်းခံရသည်များမှာ [[Azerbaijan]] (အယ်ဇာဘိုင်ဂျန်)၊ [[China]] (တရုတ်)၊ [[India]] (အိန္ဒိယ)၊ [[Peru]] (ပီရူး)၊ [[Russia]] (ရုရှ)၊ [[Ukraine]] (ယူက ရိန်း) နှင့် [[Zambia]] (ဇမ်းဘီးယား) တို့တွင် တည်ရှိသည်။
 
== ညစ်ညမ်းခြင်းပုံစံများ ==
[[imageFile:Canal-pollution.jpg|right|thumb]]
ညစ်ညမ်းခြင်း အဓိကပုံစံများကို တစ်ခုချင်းစီနှင့် ဆက်စပ်သော သီးခြားညစ်ညမ်းစေသည့်ပစ္စည်းများနှင့်အတူ အောက်တွင် စာရင်းပြုစုထားသည် -
 
၁။လေထုညစ်ညမ်းခြင်း - ဓာတုပစ္စည်းများနှင့် အမှုန်အမွှားများကို လေထုအတွင်းသို့ ထုတ်လွှတ်ခြင်း။ ဘုံဖြစ်သော ဓာတ်ငွေ့နှော ညစ်ညမ်းစေသည့်အရာများတွင် စက်ရုံနှင့် မော်တော်ယာဉ်များမှ ထုတ်လွှတ်သော [[carbon monoxide]] (ကာဗွန် မိုနောက်ဆိုဒ်)၊ [[sulfur dioxide]] (ဆာလဖာဒိုင် အောက် ဆိုဒ်)၊ chlorofluorocarbons (CFCs) (ကလိုရိုဖလူရိုကာဗွန်များ) ဖြင့်ဓါတ်ပြုသောဓာတု ozone (အိုဇုန်း) နှင့် မီးခိုးမြူတို့သည် [[nitrogen oxides]] (နိုက်ထရိုဂျင်အောက်ဆိုဒ်) များနှင့် [[hydro carbons]] (ဟိုက်ဒရိုကာဗွန်များ) တို့သည် နေရောင်ခြည်နှင့် ဓါတ်ပြုရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမှုန်အမွှားပစ္စည်းများ သို့မဟုတ် ဖုန်မှုန့်အနုစားများကို ၎င်းတို့၏ အလွန်သေးငယ်သောတိုင်းတာ သည့်မီတာ အရွယ်အစား PM10 မှ PM2.5 ဖြင့်သွင်ပြင်လက္ခဏာကို ဖော်ပြသည်။
 
၂။ရေထုညစ်ညမ်းခြင်း - စွန့်ပစ်ပစ္စည်းများနှင့် ညစ်ညမ်းမှုဖြစ်စေသည့် အရာများကို မျက်နှာပြင်တွင် စီးဆင်းနေသည့်ရေ အတွင်းသို့ ထုတ်လွှတ်ခြင်း၊ မြစ်ကြောင်း ရေနုတ်မြောင်းစံနစ်အတွင်းသို့ စွန့်ထုတ်ခြင်း၊ မြေအောက်ရေ အတွင်းသို့စိမ့်ဝင်စေခြင်း၊ အရည်ယိုဖိတ်ခြင်းများ၊ စွန့်ပစ်ရေ ထုတ်လွှတ်ခြင်းများ၊ ရေထဲတွင် မြေသြဇာဓာတ်အလွန်များခြင်း နှင့်အမှိုက်သရိုက် စွန့်ပစ်ခြင်းများကြောင့် ဖြစ်ပေါ်စေသည်။
 
၃။မြေကြီးညစ်ညမ်းမှုဖြစ်ခြင်း သည်ယိုဖိတ်ခြင်း သို့မဟုတ် မြေအောက်ယိုစိမ့်မှုတို့မှ ဓာတုပစ္စည်းများကို ထုတ်လွှတ်သောအခါ ဖြစ်ပွားသည်။ အရေးပါဆုံးသော မြေကြီးကို ညစ်ညမ်းမှုဖြစ်စေသည့်အရာများမှာ hydrocarbons (ဟိုကျဒရိုကာဗှနျမြား)၊ heavy metals (မာကွောသော သတ်ထုမြား)၊ MTBE၊[8] herbicides (ပေါင်းသတ်ဆေးများ) နှင့် pesticides (ပိုးသတ်ဆေးမြား) နှင့် chlorinated hydrocarbons (ကလိုရင်းပါ၀င်သော ဟိုက်ဒရိုကာဗွန်မြား) ဖွစျကွသညျ။
 
၄။အမှိုက်သရိုက်များစွန့်ပစ်ခြင်း
၅။ရေဒီယိုသတ္တိကြွ ညစ်ညမ်းခြင်း - အဏုမြူစွမ်းအင် ထုတ်လုပ်ခြင်းနှင့် [[အဏုမြူ လက်နက်|အဏုမြူလက်နက်များ]] သုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းကဲ့သို့သော အဏုမြူ[[ရူပဗေဒ|ရုပဗေဒ]]တွင် ၂၀ ရာစု လှုပ်ရှားမှုများမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ alpha (အယ်(လ်)ဖာ ဒြပ်မှုန် ထုတ်လွှတ်သည့်အရာများ နှင့် ပတ်ဝန်းကျင်ရှိ အက်တီနိုက်များ ကိုကြည့်ပါ။)
 
၆။အသံညစ်ညမ်းခြင်း - ယာဉ်လမ်းကြောဆူညံသံ၊ လေယာဉ်ဆူညံသံ၊ စက်ရုံများမှဆူညံသံနှင့် မြင့်မားသော ပြင်းအားရှိအသံလှိုင်းဖြင့် ရေအောက်ဝတ္ထုတို့၏ တည်နေရာကို ရှာဖွေသောကိရိယာ တို့ပါ၀င်သည်။
 
၇။အလင်းညစ်ညမ်းခြင်း - အလင်းကျူးကျော်ဝင်ရောက်မှု၊ အလွန်အကျွံ အလင်းရောင်ပေးခြင်းနှင့် [[နက္ခတ္တဗေဒ]]နှင့်ဆိုင်သော ၀င်ရောက်စွက်ဖက်ခြင်းတို့ပါ၀င်သည်။
 
၈။အမြင်ညစ်ညမ်းခြင်း - မိုးပျံလျှပ်စစ်ဓါတ်အားလိုင်းများ၊ မော်တော်ကားလမ်းဘေးရှိ ကြေငြာဆိုင်း ဘုတ်များ၊ အမြင်မတင့်တယ်သော မြေမျက်နှာသွင်ပြင်များ (ကမ်းမြောင်နေရာ၌ ဓာတ်သတ္တုတူးဖော် ခြင်းမှစ၍)၊ အမှိုက် သို့မဟုတ် အစိုင်၊ အခဲ၊ အဖတ်ကဲ့သို့သော စည်ပင်သာယာ စွန့်ပစ်ပစ္စည်းများကို ဟင်းလင်းပြင်၌ သိမ်းဆည်းထားခြင်းတို့ကို ရည်ညွှန်းနိုင်သည်။
 
၉။အပူဓါတ်ဆိုင်ရာညစ်ညမ်းခြင်း - ဓာတ်အားပေးစက်ရုံတစ်ခုတွင် ရေကို အအေးပေးရာ၌သုံးသော အရည်အဖြစ် သုံးခြင်းကဲ့သို့သော လူသားတို့၏ လုပ်ဆောင်မှုကြောင့် သဘာဝရေအစုအဝေးများ အတွင်းတွင် အပူချိန် ပြောင်းလဲခြင်းဖြစ်သည်။
 
== ညစ်ညမ်းစေသော ပစ္စည်းများ ==
 
ညစ်ညမ်းစေသော ပစ္စည်းဆိုသည်မှာ လေ၊ ရေ သို့မဟုတ် မြေကြီးကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းတစ်ခု ဖြစ်သည်။ ညစ်ညမ်းစေသော ပစ္စည်းတစ်ခု၏ ပြင်းထန်မှုကို အဆုံးအဖြတ်ပေးသည့် အချက်သုံးချက်မှာ- ၎င်း၏ ဓါတုဗေဒသဘာဝ၊ ပြင်းအားနှင့် ဆက်လက်တည်ရှိနေခြင်းတို့ဖြစ်သည်။
 
== လေထုညစ်ညမ်းခြင်း ==
လေထုညစ်ညမ်းခြင်းသည် သဘာဝနှင့်လူသားတို့ပြုလုပ်သော အရင်းအမြစ်များ နှစ်ခုစလုံးမှ ဖြစ်ပွားသည်။ ယင်းသို့ဖြစ်သည့်တိုင်အောင် လောင်ကျွမ်းခြင်း၊ ဆောက်လုပ်ရေး၊ ဓာတ်သတ္ထုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စစ်ပွဲများမှ ကမ္ဘာတစ်ဝန်းလုံးတွင် လူတို့ပြုလုပ်သော ညစ်ညမ်းစေသည့်ပစ္စည်းများသည် လေထုညစ်ညမ်းခြင်း ညီမျှခြင်းတွင် ပို၍ပို၍ အရေးပါလာသည်။
မော်တော်ယာဉ်များမှ ထုတ်လွှတ်သော အခိုးအငွေ့များသည် လေထုညစ်ညမ်းခြင်းကို အဓိကဖြစ်စေသော အကြောင်းတရားများအနက် တစ်ခုဖြစ်သည်။တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ရုရှ၊ မက္ကဆီကိုနှင့် ဂျပန်တို့သည် လေထုညစ်ညမ်းခြင်းအတွက် ထုတ်လွှတ်နေသော ကမ္ဘာ့ဦးဆောင်နိုင်ငံများဖြစ်သည်။
နှစ်စဉ် ၄၀၀ မီလီယံ မက်ထရစ်တန်ခန့်ရှိသော အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်လေ့ရှိသည်။အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းပင် ၂၅၀ မီလီယံ မက်ထရစ်တန်ခန့်ကို ထုတ်လုပ်သည်။အမေရိ ကန်သည် ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်သာရှိသော်လည်း အကြမ်းအားဖြင့် ကမ္ဘာ့CO2 ([[ကာဗွန်ဒိုင်အောက်ဆိုဒ်]]) ထုတ်လွှတ်သည့် ပမာဏ၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လွှတ်ပြီး၊ ကမ္ဘာ့စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သည့် ပမာဏ၏ အကြမ်းဖျဉ်းအားဖြင့် 30 ရာခိုင်နှုန်းကို ထုတ်လုပ်သည်။၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်သည့် နိုင်ငံဖြစ်ခဲ့သည်။
 
== ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ==
၂၀၀၇ ဖေဖော်ဝါရီတွင် နိုင်ငံပေါင်း ၁၃၀ ကျော်မှ သိပ္ပံပညာရှင် ၂,၅၀၀ ၏အလုပ်ကို ကိုယ်စားပြုသည့် Inter -governmental Panel on Climate Change (IPCC) (ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအဆင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) ၏အစီရင်ခံစာတွင် လူသားများသည် ၁၉၅၀ ခုနှစ်ကတည်းကစ၍ ကမ္ဘာကြီးပူနွေးလာမှု အတွက် အဓိကအကြောင်းတရားဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။ လူသားများတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းများကို ဖြတ်တောက်ရန်နှင့် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်များကို ရှောင်ရှားရန် နည်းလမ်းများရှိသည်ဟု အဓိကကျသော ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ခုမှ သုံးသပ်ထားသည်။ သို့သော်၊ ရာသီဥတုကို ပြောင်းလဲရန် ဆယ်စုနှစ်များအတွင်းတွင် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော ရှေးရုပ်ကြွင်းလောင်စာများမှ အသွင်ကူးပြောင်းခြင်း ဖြစ်ပွားရန်လိုအပ်သည်ဟု UN's Intergovernmental Panel on Climate Change (IPCC) ([[ကုလသမဂ္ဂ]] ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအဆင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ၏ ယခုနှစ်အတွက် နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
 
== မြေကြီး ညစ်ညမ်းခြင်း ==
တွေ့နေကျဖြစ်သော မြေကြီး ညစ်ညမ်းမှုဖြစ်စေသည့်အရာအချို့မှာ chlorinated hydrocarbons (CFH) (ကလိုရင်းပါ၀င်သော ဟိုက်ဒရိုကာဗွန်များ)၊ အကြီးစားသတ္ထုများ (chromium (ခရိုမီယမ်)၊ cadmium (ကဒ် ဒမီယမ်)-- ပြန်လည်အားသွင်းနိုင်သည့် ဓာတ်ခဲများ တွင်တွေ့ရသည်။ ခဲပါသော သုတ်ဆေးများတွင် တွေ့ရ သော [[ခဲ]]၊ [[လေယာဉ်ဆီ]] နှင့်အချို့သော တိုင်းပြည်များတွင် အသုံးပြုနေဆဲဖြစ်သော [[ဓာတ်ဆီ]]၊ MTBE၊ [[zinc]] ([[ဇင့်]])၊ arsenic (အာဆင်းနစ်/အဆိပ်)[[စိန်]]နှင့် [[benzene]] (ဘင်(န်)ဇင်း) တို့ဖြစ်သည်။ စက်ရုံများမှ ဘေးထွက် ပစ္စည်းများကို [[ဓာတ်မြေသြဇာ]]အဖြစ် ပြန်လည်အသုံးပြုနိုင်ရန်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် အလေ့အထသည် မြေကြီးအား သတ္ထုဓာတ်မျိုးစုံဖြင့် ညစ်ညမ်းမှုဖြစ်စေသည့် ရလဒ်ကိုရရှိကြောင်း ၂၀၀၁ ခုနှစ်တွင် သတင်းအစီရင်ခံစာ အစဉ်လိုက်များကို စုစည်းထားသည့် Fateful Harvest (ကြမ္မာငင်သော အကျိုး ဆက်) စာအုပ်တွင် ဖော်ပြထားသည်။ သာမန်စည်ပင်သာယာ အမှိုက်သရိုက်ဖို့မြေများသည် မြေကြီးပတ်ဝန်းကျင် (ရံဖန်ရံခါ မြေအောက်ရေ) အတွင်းသို့ ဓာတုပစ္စည်း အမြောက်အမြားဝင်ရောက်စေသည့် အရင်းအမြစ်ဖြစ်ပြီး အမှိုက်အမျိုးအစားမျိုးစုံ၊ အထူးသဖြင့် ထိုနေရာများတွင် တရားမဝင်စွန့်ပစ်သည့်ပစ္စည်းများ ကိုလက်ခံခြင်း သို့မဟုတ် ၁၉၇၀ မတိုင်မီ အမှိုက်သရိုက်ဖို့မြေများသည် U.S ([[အမေရိကန်ပြည်ထောင်စု]]) သို့မဟုတ် [[EU]] (ဥရောပ သမဂ္ဂ) မှ ထိန်းကွပ်မှု အနည်းငယ်သာရှိခြင်းတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သော ထုတ်လွှတ်ခြင်းများဖြစ်သည့် [[TCDD]] ကဲ့သို့သော dioxins (ဒိုင်အောက်စင်) ဟုရိုးရှင်းစွာ အများအားဖြင့် ခေါ်ဆိုသည့် [[polychlorinated dibenzodioxins]] (ပေါ်လီကလိုရီနိုတ် ဒိုင်ဘင်ဇိုဒိုင်အောက်စင်) များထုတ်လွှတ်ခြင်းတို့ရှိသည်။
 
== ညစ်ညမ်းခြင်း၏အကျိုးဆက်များ ==
ညစ်ညမ်းခြင်းသည် သဘာဝဘေးအန္တရာယ်တစ်ခု၏ အကျိုးဆက်ဖြစ်နိုင်သည်။ ဥပမာ- [[ဟာရီကိန်း]]များသည် မိလ္လာအညစ်အကြေးကြောင့် [[ရေ]]ညစ်ညမ်းခြင်းနှင့် [[သင်္ဘော]]များ သို့မဟုတ် [[မော်တော်ယာဉ်]]များ ပေါက်ကွဲ ထွက်ခြင်းကြောင့် ရေနံဓါတုပစ္စည်းများ ယိုဖိတ်ခြင်းတို့နှင့် သက်ဆိုင်လေ့ရှိသည်။ [[ကမ်းလွန်ရေနံတူးစင်]]များ သို့မဟုတ် ရေနံချက်စက်ရုံများ ပါ၀င်သည့်အရာများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုံးရှုံးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခြင်းမှာ ဖြစ်နေကျဖြစ်သည်။ အဏုမြူစွမ်းအင် ထုတ်လုပ်သည့်စက်ရုံများ သို့မဟုတ် ရေနံတင်သင်္ဘောများကဲ့သို့သော ညစ်ညမ်းမှုဖြစ်စေသည့် အရင်းအမြစ်များ မတော်တဆမှုဖြစ်ပွားပါက ပျံ့နှံ့ပြီး အန္တရာယ်ဖြစ်စေမည့် အလားအလာရှိသော လွှတ်ထုတ်ခြင်းများကို ထုတ်လုပ်နိုင်သည်။
အသံညစ်ညမ်းမှု ဖြစ်စေသည့် အမှုကိစ္စတွင် အဓိကဖြစ်သော အရင်းအမြစ်မှာ မော်တော်ယာဉ်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အလိုမရှိသော ဆူညံသံများအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်သည်။
 
<ref>http://en.wikipedia.org/wiki/Pollution</ref>
== ကိုးကား ==
<references/>
 
* [http://www.oehha.ca.gov/prop65/prop65_list/Newlist.html OEHHA proposition 65 list]
* [http://ntp.niehs.nih.gov/ National Toxicology Program]
{{Stub}}
 
[[Category:ညစ်ညမ်းခြင်းများ]]
[[Category:ကမ္ဘာ]]
 
[[af:Besoedeling]]
[[ar:تلوث]]
[[bn:দূষণ]]
[[bg:Замърсяване]]
[[bn:দূষণ]]
[[ca:Contaminació]]
[[cs:Znečištění]]
[[de:Umweltverschmutzung]]
[[en:Pollution]]
[[et:Saastumine]]
[[es:Contaminación]]
[[eo:Poluo]]
[[es:Contaminación]]
[[et:Saastumine]]
[[eu:Kutsadura]]
[[fa:آلودگی]]
[[fi:Saastuminen]]
[[fo:Dálking]]
[[fr:Pollution]]
[[gl:Contaminación]]
[[gan:污染]]
[[gl:Contaminación]]
[[gu:પ્રદૂષણ]]
[[he:זיהום הסביבה]]
[[ko:오염]]
[[hi:प्रदूषण]]
[[hr:Zagađenje]]
[[hu:Környezetszennyezés]]
[[id:Pencemaran]]
[[is:Mengun]]
[[it:Inquinamento]]
[[ja:公害]]
[[he:זיהום הסביבה]]
[[kn:ಮಾಲಿನ್ಯ]]
[[ko:오염]]
[[lt:Teršimas]]
[[hu:Környezetszennyezés]]
[[mk:Загадување]]
[[mr:प्रदूषण]]
[[ms:Pencemaran]]
[[nl:Milieuverontreiniging]]
[[jann:公害Ureining]]
[[no:Forurensning]]
[[nn:Ureining]]
[[oc:Pollucion]]
[[pl:Zanieczyszczenie środowiska]]
[[pt:Poluição]]
[[ro:Poluare]]
[[qu:Sallqa waqlliy]]
[[ro:Poluare]]
[[ru:Загрязнение]]
[[simple:Pollution]]
[[sl:Onesnaženje]]
[[sr:Контаминација]]
[[fi:Saaste]]
[[sv:Miljöförstöring]]
[[tl:Polusyon]]
[[ta:சூழல் மாசடைதல்]]
[[te:కాలుష్యం]]
[[th:มลพิษ]]
[[tl:Polusyon]]
[[tr:Çevre kirliliği]]
[[uk:Забруднення]]
[[wa:Mannixhance]]
[[zh:污染]]
[[Category:ညစ်ညမ်းခြင်းများ]]
[[Category:ကမ္ဘာ]]
{{Stub}}
၉၁၆၁

တည်းဖြတ်မှုများ