ယူနိုက်တက်ကင်းဒမ်းနိုင်ငံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာကြောင်း ၅၄၆ -
ပြည့်နှစ် ဧပြီလတွင် နော်ဝေး၊ ဟော်လန်၊ ဗဲလဂျီယမ်
နိုင်ငံများအတွင်းသို့ လည်းကောင်း၊ မေလတွင် ပြင်သစ်
နိုင်ငံတွင်းသို့လည်းကောင်း ဂျာမနီတို့သည်
တိုက်နည်းဖြင့် ဝင်ရောက်တိုက်ခိုက်လေ၏။ ထိုအခါ ဗြိတိန်
တွင် ချိန်ဘာလိန် အစိုးရနုတ်ထွက်ရ၍ ဝင်စတန် ချာချီ ဝန်ကြီး
ချုပ်
သူ ဖြစ်၏။ ချာချီက စစ်ကြီးကို အောင်မြင်နိုင်အောင် နိုင်ငံတော် လူထုတို့သည် သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် အရင်းခံကာ တိုက်ခိုက်ရမည်ဖြစ်ကြောင်းဖြင့် လူထုစိတ်ကို နှိုးဆွကာ အရိုးကြေကြေ၊ အရေခမ်းခမ်း တိုက်ကြရန် မိန့်ခွန်းများ ပြောကြား လှုံ့ဆော်ပေး၏။
ဗြိတိန်လူထုကလည်း စစ်အောင်မြင်ရေးကိုသာ အဓိကထားကာ ဆောင်ရွက်ပေးလိုစိတ်များ ဖြစ်ပေါ်လာကြလေသည်။ အစိုးရသည် လူအား၊ ပစ္စည်းအား လိုသလောက် သိမ်းယူနိုင်ခွင့် အာဏာ ရခဲ့လေသည်။ ဗြိတိန်ကို ကာကွယ်ရန် ပြည်စောင့် တပ်သားပေါင်း တစ်သန်း ခုနစ်သိန်းကျော်မျှ ဖွဲ့စည်းထားခဲ့၏။ ထိုနှစ် ဇွန်လတွင် ပြင်သစ်နိုင်ငံသည် ဂျာမန်တို့လက်အောက် ကျရောက်သွား၍ အီတလီက ဂျာမနီဘက်မှ စစ်ပွဲသို့ ဝင်ရောက်လာလေသည်။ ထိုကြောင့် ဗြိတိန်သည် တစ်ဦးတည်း စစ်ပွဲတွင် နွှဲရလေ၏။
ဂျာမန်လေတပ်သည် ဂရိတ်ဗြိတိန်နှင့် မြို့ကြီးများစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခဲ့၏။ သို့သော် ဘုရင့် ရေတပ်မတော် စောင့်ရှောက်နေသမျှ အင်္ဂလန်ပြည်ဘက်သို့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်၍ မကူးဝံ့ပေ။ ၁၉၄၁ ခုနှစ် ဇွန်လတွင်ကား ဂျာမနီသည် ဆိုဗီယက် ယူနီယံကိုလည်း ကျူးကျော်တိုက်ခိုက် ပြန်သည်။ ထိုအခါ ချာချီက ဗြိတိန်နှင့် ဆိုဗီယက်တို့ မဟာမိတ် ဖွဲ့ပြီးကြောင်း ကြေငြာလေ၏။
၁၉၄၁ ခုနှစ်တွင် ကမ္ဘာ့အရှေ့ပိုင်း၌ ဂျပန်သည် အင်္ဂလိပ်နှင့် အမေရိကန်ပိုင်ပြည်နယ်များကို ကျူးကျော် တိုက်ခိုက်လာရာ တိုက်ခိုက်ခြင်းခံရသော ပြည်နယ်များထဲတွင် မြန်မာ နိုင်ငံလည်း အပါအဝင် ဖြစ်လေသည်။ ထိုအခါ အမေရိကန် ပြည်ထောင်စုသည် ဗြိတိန်၏ မဟာမိတ်အဖြစ် စစ်ထဲသို့ ဝင်လာ၏။ ၁၉၄၂ ခုနှစ် လောက်တွင် မြန်မာနိုင်ငံကဲ့သို့သော ဗြိတိသျှပိုင် ပြည်နယ်များနှင့် အမေရိကန်ပိုင် ပြည်နယ်များကို ဂျပန်က သိမ်းပိုက်လိုက်လေသည်။ အိန္ဒိယနိုင်ငံနှင့် ဩစတြေးလျနိုင်ငံကြီးများကိုလည်း ဂျပန်က ခြိမ်းခြောက်လာလေ သည်။
ဂျာမန်များကား ဥရောပတွင်သာ မရပ်သေးဘဲ အာဖရိက တိုက်ရှိ အီဂျစ်နိုင်ငံကို ထိပါးလာပြန်သည်။ ရုရှ နိုင်ငံ အနောက်ပိုင်း ဒေသပေါင်းများစွာကိုလည်း ဂျာမနီတို့က သိမ်းပိုက်နိုင်လေသည်။ ဗြိတိန်နှင့် စစ်ပွဲများ ရှိရာ ဒေသ များသို့ လက်နက်ရိက္ခာ တင်ပို့သော သင်္ဘောပေါင်းများစွာကို ဂျာမန် ရေငုပ်သင်္ဘောများက နစ်မြှုပ် ဖျက်ဆီးပစ်လေသည်။
ယင်းသို့ဖြင့် ဂျာမန်နှင့် ဂျပန်တို့ အတော်ပင် အရေးသာလျက် ရှိခဲ့လေ၏။ သို့သော် ဗြိတိန်နှင့် အမေရိကန်မဟာမိတ်တို့သည် ဖက်ဆစ်နိုင်ငံများအပေါ် တဖြည်းဖြည်း တန်ပြန် တိုက်ခိုက်နိုင်လာလေ၏။ မဟာမိတ်တို့သည် ဖက်ဆစ်ပိုင် အာဖရိကမြောက်ပိုင်းနယ်များနှင့် အီတလီနိုင်ငံတွင်းသို့ ချီတက် တိုက်ခိုက်လာကြလေသည်။ ၁၉၄၄ ခုနှစ် ဇွန်လတွင်ကား မဟာမိတ်တပ်များသည် ပြင်သစ်နိုင်ငံတွင်းသို့ ချဉ်းနင်း ဝင်ရောက်နိုင်ခဲ့ကြ၏။
ထိုနှစ်အကုန်လောက်တွင် မဟာမိတ်တို့သည် ဂျာမန်တို့၏ နယ်မြေများပေါ်သို့ ရောက်အောင်ပင် ချီတက် တိုက်ခိုက် အောင်မြင်နေကြ၍ နောက်ဆုံး ၁၉၄၅ ခုနှစ် မေလတွင် ဂျာမန်တို့ လက်နက်ချရလေ၏။ ထိုအချိန် တွင် အရှေ့ဘက်၌ ဂျပန်ကား အလျှော့မပေးသေးချေ။ ထိုကြောင့် မဟာမိတ်တပ်များသည် ဂျပန်တို့ကို ဖိ၍ တိုက်ကြရပြန်လေသည်။ ထိုနှစ် ဩဂုတ်လတွင် မဟာမိတ်တို့ အဏုမြူဗုံးကို သုံးလေသည်။ ထိုလ မကုန်မီပင် မဟာမိတ်တို့ထံ ဂျပန်တို့က အညံ့ခံလေသည်။
ဂရိတ်ဗြိတိန်နိုင်ငံသည် စစ်အောင်မြင်ရေးအတွက် အလွန် တရာ အနစ်နာခံကာ တိုက်ခိုက်ခဲ့သည်။ ကုန်ကြမ်းများအတွက် အခြားနိုင်ငံတို့ကို အားကိုးနေရသော ဗြိတိန်သည် ထိုစဉ်အခါက အတော်ပင် အကြပ်အတည်း တွေ့ခဲ့ရ၏။ နွားစားကျက်များကို ဂျုံ၊ လယ်ကွင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးကွင်းများအဖြစ် ပြောင်းလဲ လုပ်ကိုင်ကြရသည်။ အလှအပအတွက် သီးသန့်ထားသော မြက်ခင်းများ၊ ဥယျာဉ်ကြီးများ၊ အမဲလိုက်ရန် တောအုပ်များကို ရှင်းလင်းသုတ်သင်၍ စားစရာအတွက် စိုက်ပျိုးလုပ်ကိုင်ကြရ၏။
အစားအသောက်နှင့် အဝတ်အစားများကိုလည်း ကြပ်တည်း ချွေတာစွာ ရာရှင်စနစ်ဖြင့် ပေးရလေသည်။ လူတိုင်း စေ့ငှအောင် ရရှိသော်လည်း နွားနို့၊ ဥ၊ အမဲသားငါးနှင့် သစ်သီးများ အလွန် ရှားပါးလေသည်။ အထည်စက်ရုံများကလည်း စစ်သုံး ပစ္စည်းများသာ လုပ်ကိုင်လေ၏။ ဇိမ်ခံပစ္စည်းများအပေါ် အကောက်ခွန်နှုန်း မြှင့်ထား၍ အမြတ်တော်ကြေးများကိုလည်း နှစ်ဆမက တိုးထားလေ၏။ ယောကျာ်း၊ မိန်းမမဟူ အမှုထမ်း နိုင်သူမှန်သမျှ စစ်တပ်နှင့် စစ်တပ်အတွက် ကူညီပေးသည့် ဌာနများတွင် ဝင်ရောက် ဆောင်ရွက်ပေးကြရလေသည်။
စစ်ပြီး ဗြိတိန်နှင့် လေဘာအစိုးရ။ ။ ၁၉၄၅ ခုနှစ် ဥရောပစစ်ကြီးအပြီးတွင် ဗြိတိန် ရွေးကောက်ပွဲ
ကျင်းပရာ လေဘာပါတီက အနိုင်ရ၍ လေဘာအစိုးရ ဗြိတိန်
ကို အုပ်ချုပ်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း
|