ဘာသာဗေဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
→‎(ဃ) ရုပ်ပြောင်းဝိဘတ်သွယ် ဘာသာစကား: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၉ -
===(ဃ) ရုပ်ပြောင်းဝိဘတ်သွယ် ဘာသာစကား===
 
ရုပ်ပြောင်းလဲခြင်း နှစ်မျိုးရှိသည်။ အချို့စကားလုံးတို့သည် အတွင်းပြောင်းလဲနည်းဖြင့် ပြောင်းလဲကြသည်။ အချို့ကား နောက်ဆက်ပစ္စည်း ပြောင်းလဲနည်းဖြင့် ပြောင်းလဲကြသည်။ ဆီမစ်တစ်ဘာသာစကားများသည် အတွင်းပြောင်းလဲနည်းဖြင့် ရုပ်ပြောင်းကြသည်။ ယင်းတို့၌ ဓာတုသည် ဗျည်းသုံးလုံးဖြစ်၍ ထိုဗျည်းများ အတွင်းသို့သရများကို ထည့်ခြင်းဖြင့် လိုအပ်သော စကားလုံးများကို ရသည်။ အင်ဒို-ဥရာပဘာသာဥရောပဘာသာ စကားများသည် နောက် ဆက်ပစ္စည်းကြောင့် ရုပ်ပြောင်းကြသည်။ ထိုဘာသာစကားမျိုး၌ ဓာတုသည် သရကိုမှီ၍ အသံတစ်ချက်တည်း ထွက်သော ပင်ရင်းစကားလုံးဖြစ်သည်။ သက္ကတနှင့် ပါမ္ဗိဘာသာတို့သည် ဤသို့ရုပ်ပြောင်းသော ဘာသာစကားများ ဖြစ်ကြသည်။ ပုံစံမှာ သိခြင်းအနက်ရသည့် ဗုဓ် ဟူသော ဓာတုနှင့် တ ဟူသော နောက်ဆက်ပစ္စည်းတို့ပေါင်းစပ်ကြရာ ဗုဒ္ဓဟူသော တည်ပုဒ်ကိုရသည်။ တည်ပုဒ်ဟူသည်မှာ ဓာတုနှင့် နောက်ဆက်ပစ္စည်း တို့ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဗုဒ္ဓဟူသော တည်ပုဒ်မှ၊ ဗုဒ္ဓေါ ( ဘုရားသည် )၊ ဗုဒ္ဓဿ ( ဘုရား၏ )၊ ဗုဒ္ဓ ( ဘုရား၌ ) အစရှိသော နာမ်ဝိဘတ်သွယ်သည့် စကားလုံးများကိုရသည်။ ဤနည်းအားဖြင့် နောက်ဆက် ပစ္စည်း ပြောင်းလဲခြင်းဖြင့် လိုအပ်သော စကားလုံးရရှိသည့် ဘာသာစကားမျိုးကို ဝိဘတ်သွယ် ဘာသာစကားဟူ၍လည်း ခေါ်ဝေါ်သည်။
 
ယင်းကဲ့သို့ဘာသာစကား ၄ မျိုး ၄ စားခွဲခြားထားသော်လည်း ဘာသာစကား တစ်မျိုးသည် ဖော်ပြ သော ၄ မျိုး ၄ စားအနက် တစ်မျိုး၌ ပါဝင်ပြီးလျှင် အခြားတစ်မျိုးနှင့် မသက်ဆိုင်တော့ဟူ၍ မမှတ်ယူရာ။ တစ်မျိုး၌ ပါဝင်သော်လည်း အခြားတစ်မျိုး၌လည်း ပါဝင်သော လက္ခဏာများကို ရံဖန်ရံခါ တွေ့ရသည်။ ပုံစံပြရ လျှင် မြန်မာစကားသည် ခွေး၊ အိပ်ကဲ့သို့စကားတစ်လုံး၊ အသံတစ်ချက် ထွက်သောစကားလုံးများကြောင့် မြန်မာ ဘာသာစကားသည် ဧကဝဏ္ဏဖြစ်သည်ဟု ဆိုအပ်သည်။ သို့သော် လူများ ဟူသော စကားလုံးတွင် သီးခြား စကား လူ နှင့် သီးခြားစကားများကို ပူးတွဲထားသဖြင့်၊ မြန်မာဘသာသည် ပူးတွဲဘာသာစကားဟု ဆိုအပ်ပြန်သည်။ ယင်းသည်ကို ထောက်၍ ဘာသာစကားသည် အစဉ်တည်မြဲသော အရာမဟုတ်ပေ။ စိတ်ကူး စိတ်သန်းကို ဖော်ပြခြင်း ဖြစ်သည့်အတိုင်း စိတ်သွားတိုင်း ပြောင်းလဲတတ်သော သတ္တိရှိကြောင်း သိသာပေသည်။