ဂျူးလိယက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅၆ -
* ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈ မှ ၅၁ အထိ)
* ဆီဇာ၏ပြည်တွင်းစစ်(ဘီစီ ၅၀ မှ ၄၅ အထိ)}}}}
နာမည် အပြည့်အစုံမှာ '''ဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာ''' (အင်္ဂလိပ် ဘာသာ - [[Gaius Julius Caesar]]) ဖြစ်သည်။ သို့သော် မျိုးရိုး အမည်နှင့် ကိုယ်ပိုင် အမည်တို့ ပေါင်းစပ်ထားသော '''ဂျူးလိယက် ဆီဇာ''' (Julius Caesar) ဟူသ့်ဟူသည့် အမည်ကို ပို၍ လူသိ များသည်။ '''ဂျူးလိယက်ဆီဇာ'''သည် ရောမသမ္မတနိုင်ငံ ပျက်သုန်းခြင်း([[en|The fall of the Roman Republic]])နှင့် ရောမဧကရာဇ်နိုင်ငံတော် ပေါ်ပေါက်လာခြင်း([[en|The Rise of the Roman Empire]])တို့တွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သူလည်း ဖြစ်သည်။ ဂျူးလိယက် ဆီဇာသည် သူ၏အမည်ကို ဂျာမန် ဘာသာတွင် ([[Kaiser]])အဖြစ်လည်းကောင်း၊ ဆလပ်ဗ်ဘာသာတွင် ([[Tsar]])အဖြစ်လည်းကောင်း၊အစ္စလာမ်ကမ္ဘာမှ ဘာသာစကားများတွင်([[Qaysar]])ဟူ၍လည်းကောင်း ဧကရာဇ်များ အဆင့်အမြင့်ဆုံးအုပ်ချုပ်သူများကို ရည်ညွှန်းသည့် စကားလုံးအဖြစ် အသုံးပြုရ‌‌လောက်အောင်ပင် နိုင်ငံရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်လှသူ ဖြစ်သည်။<ref>https://www.britannica.com/biography/Julius-Caesar-Roman-ruler</ref>ထို့အပြင် သမိုင်းပညာရှင်အများအပြားကလည်း ဂျူးလိယက် ဆီဇာကို ထက်မြက်သော စစ်ဗိုလ်ချုပ်အဖြစ်လည်း လက်ခံထားကြ၏။<ref>Tucker, Spencer (2010). Battles That Changed History: An Encyclopedia of World Conflict. ABC-CLIO. p. 68.
Froude, Jam</ref>ဆီဇာသည်ကား စစ်ရေးနှင့်နိုင်ငံရေးတွင်သာကျွမ်းကျင်သည်မဟုတ် စာပေဖက်တွင်လည်း ထူးချွန်သူဖြစ်သည်။ ဂေါလ်([[Gaul]])နယ်ကို သိမ်းသွင်းစဉ်([[Conquest of Gaul]]) တိုက်ယင်းခိုက်ယင်းမအားလပ်သည့်ကြားမှ လက်တင်ဘာသာဖြင့် သူရေးသားခဲ့သော မှတ်တမ်းများ(ဥပမာ[[Commentāriī dē Bellō Gallicō]]) သည်လည်း ရိုးရှင်းပြတ်သားသောကြောင့် လက်တင်ဘာသာကို လေ့လာသင်ယူလိုသူတိုင်းလက်စွဲအဖြစ်ပင် ယ​နေ့တိုင် လေ့လာနေကြရလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)</ref>သို့သော်လည်း ရောမသမ္မတနိုင်ငံတော် ပျက်စီးခြင်းတွင် အဓိကကျသူ ဖြစ်သောကြောင့် အာဏာရှင် ဒီမိုကရေစီ၏ရန်သူ စသည်ဖြင့်လည်း သတ်မှတ်ခံရသူဖြစ်သည်။<ref>ကျော်စွာ ၁၀၀ -ဒေါက်တာသန်းထွန်း</ref>