ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

No edit summary
→‎မွန်မြန်မာသွေးစည်းညီညွတ်ရေး: အလောင်းစည်သူမင်းသည် ကျန်စစ်သားမင်း၏သားတော်မဟုတ်ပေ။ ေြမးတော်သာြဖစ်ပေသည်။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၈ -
 
== မွန်မြန်မာသွေးစည်းညီညွတ်ရေး ==
အနော်ရထာဘုရင် ကွယ်လွန်ပြီး ၎င်း၏သား၎င်း၏မြေးတော် စောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီးနောက် မကြာမီ မြန်မာနိုင်ငံတောင်ပိုင်းရှိ မွန်လူမျိုးတို့၏ ပြင်းထန်ကြီးမားသည့် အုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်၍လာသည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင်သည့် မွန်တို့သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့ ချီတက်လာကြပြီးလျှင် အမျှော်အမြင် နည်းပါးသည့် စောလူးမင်းအား ဖမ်းဆီးကွပ်မျက် နိုင်ခဲ့ကြသည်။
 
ယင်းသို့ မွန်လူမျိုးများ၏ ပုန်ကန်ထကြွမှု ကို မြန်မာရာဇဝင်များ၌ ပြည်တော်သာကျွန်းစစ်ပွဲဟု ရေးသားဖေါ်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့သည် အထက်မြန်မာနိုင်ငံ အင်းဝအထိ ချီတက်တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်းနှင့်အတူ မြန်မာနိုင်ငံအား စည်းလုံးသိမ်းသွင်းရာတွင် ပါဝင်ခဲ့သည့် မြန်မာလူမျိုး အကြီးအကဲတစ်ဦးဖြစ်သူ ကျန်စစ်သားသည် အခြားမြန်မာအကြီးအကဲများနှင့်အတူ ပုဂံပြည်နှင့် အထက်မြန်မာနိုင်ငံတလွှား၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည်၊ လယ်တွင်းနယ်များနှင့် မိတ္ထီလာနယ်များတွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့်ကာ ငရမန်ကန်းအား တန်ပြန်တိုက်ခိုက်၍ နောက်ဆုံး ပုဂံအနီး မြင်းကပါစစ်ပွဲတွင် ငရမန်ကန်းတို့အား အောင်လိုက်နိုင်ပြီး စောလူးမင်း၏ ဦးခေါင်းမှ လွင့်စင်ကျသွားသည့် ပုဂံမင်းဆက်၏ မကိုဋ်သရဖူအား ကျန်စစ်သားသည် ပြန်လည်ထိမ်းသိမ်း လိုက်နိုင်သည်။