ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎မွန်မြန်မာသွေးစည်းညီညွတ်ရေး: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၄ -
ကျန်စစ်သားသည် ပုဂံထီးနန်းအား သိမ်းပိုက်ပြီးနောက် မွန်-မြန်မာ စစ်ပွဲကြောင့် ဒုက္ခပင်လယ်ဝေလျက် မြို့ပျက်၊ ရွာပျက်၊ အိုးပျက်၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့်ကလျား ဖြစ်နေသည့် ပြည်သူပြည်သားများအတွက် အလေးထား၍ တိုင်းပြည်အား အရေးတကြီး ပြန်လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ရွှေစည်းခုံကျောက်စာ အထောက်အထားအရ။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ၊ မိတကွဲ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ၏ ဝဲဘက်လက်ဖြင့် ဝတ်စားတန်ဆာပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေအံ့သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့။ ဟု ရေးထိုး ထားသည့် ကျန်စစ်သားသည် မြန်မာလူမျိုး အကြီးအကဲတစ်ဦး အနေဖြင့်လည်းေကာင်း၊ မြန်မာနိုင်ငံတနိုင်ငံလုံး၏ ခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့်လည်းေကာင်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေးတော်ပုံကို လေးလေးနက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။
 
ကျန်စစ်သားသည် မွန်တို့အား မြန်မာတို့နှင့်ဗမာတို့နှင့် တူညီမျှတသော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲများအား မြန်မာနိုင်ငံ၏ပုဂံပြည်၏ အထွေထွေ ကုန်ထုတ်လုပ်ငန်း ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် အစဉ်အလာကို လည်းလေးစားမှု ပြခဲ့သည်။
 
မြန်မာနိုင်ငံ ကမ္ဗည်းကျောက်စာဌာနမှ စုဆောင်းရှာဖွေ စာရင်းပြုလုပ်ထားသည့် ကျန်စစ်သားနှင့် သက်ဆိုင်သည့် ရှေးဟောင်း ကျောက်စာများသည်၊ များသောအားဖြင့် မွန်စာ၊ မွန်အက္ခရာများဖြင့် ရေးထိုးထားသည်ကိုသာ တွေ့ရှိရသည်။ မွန်မြန်မာမွန်ဗမာ သွေးစည်းညီညွတ်ရေးကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန်စစ်သားသည် ဆောင်ရွက် လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။
 
တနိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ကာလဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ရောင်းဝယ်ဖောက်ကားခြင်း အထူးသဖြင့် တရုတ်ပြည်၊ အိန္ဒိယနိုင်ငံတောင်ပိုင်းတို့နှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။