ရေကူးခြင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၂၁ -
လူတို့သည် ဖျံ၊ ငါးတို့ကဲ့သို့ မွေးကတည်းက ရေတွင် ကြီးပြင်းလာကြသူများ မဟုတ်သဖြင့် ရေနက်ထဲတွင် အလိုအလျောက် အချိန်ကြာမြင့်စွာ နေနိုင်ရန် လွန်စွာခဲယဉ်း၏။ ထိုအတွက် လူတိုင်းလူတိုင်းပင် ရေကူးခြင်းအတတ်ကို တမင်တကာ သင်ကြားလေ့ကျင့်မှ တတ်မြောက်နိုင်သည်။ သို့ရာတွင် မြင်း၊ ခွေး အစရှိသော တိရစ္ဆာန်များသည် လူတို့ကဲ့သို့ပင် ရေထဲ၌ ကျက်စားသော သတ္တဝါများ မဟုတ်ကြသော်လည်း ရေကူးခြင်းကို မသင်ဘဲနှင့် အလိုအလျောက် တတ်မြောက်နေကြသည်ကို အံဩစွာ တွေ့ရှိရသည်။ ထိုအချက်ကို လက်တွေ့ သဘောပေါက်ကာ သိရှိလိုပါက မွေးကတည်းက တစ်ကြိမ်တစ်ခါမျှ ရေမကူးဘူးသေးသော ခွေးကလေး တစ်ကောင်ကို ယူပြီးလျှင် ရေချိုးကန်တစ်ခုတွင် ရုတ်တရက် နှစ်လိုက်ပြီးနောက် ချက်ခြင်းပြန်၍ မထားလိုက်ပါ။ ထိုအခါ ခွေးကလေး၏ ခြေထောက်လေးချောင်းသည် ရေကူးနေသကဲ့သို့ လေထဲတွင် လှုပ်ရှားနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုထက်သေချာ လိုသေးလျှင် ထိုခွေးကလေးကို ရေကူးကန်ထဲသို့ ပစ်ချလိုက်ပါ။ ထိုအခါ ခွေးကလေးသည် ကမ်းစပ်သို့ ကျွမ်းကျင်စွာ ကူးခတ်ရောက်ရှိသွားသည်ကို အံ့ဩစွာ တွေ့မြင်ရပေမည်။
ခွေးကလေးသည် ရေကူးမသင်ဘဲနှင့် အဘယ်ကြောင့် အလိုအလျောက် တတ်မြောက်နေသနည်းဆိုသော် ယင်း၏ ကိုယ်ခန္ဓာအနေအထားသည် ကုန်းပေါ်တွင် လမ်းလျှောက်သည့် အခါ၌၎င်း၊ ရေထဲတွင် ရေကူးသည့်အခါ၌၎င်း ထူး၍ ပြောင်းလဲခြင်း မရှိသောကြောင့် ဖြစ်လေသည်။ လူတို့ကား လမ်းလျှောက်သည့်အခါ ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်လျှောက်ရ၍၊ ရေကူးသည့်အခါတွင်ကား မှောက်လျက်ဖြစ်စေ၊ ပက်လက်ဖြစ်စေ ကိုယ်ကို အလျားလိုက်ထားကာ ကူးခတ်ရသောကြောင့်
ဖြစ်၏။ သို့ဖြစ်၍ ရေကူးတတ်ရန် တမင်တကာ သင်ကြားလေ့ကျင့်ယူကြရလေသည်။ ရေတစ်ခါမျှ မကူးဘူးသော သူငယ်တစ်ယောက်သည် ပထမအကြိမ် ရေသို့ ဆင်းလိုက်သောအခါ ရေထဲတွင် ကိုယ်ကို မတ်တည်နေစေရန်သာ ကြိုးစားနေပေလိမ့်မည်။ ရေသည် နက်၍ ထောက်မမှီခဲ့သော် ဆွဲမိ ဆွဲရာ ဆွဲကိုင်အားပြုကာ ကိုယ်ကို မတ်မတ်တည်နေစေရန် ဆက်လက် ကြိုးစားနေပေလိမ့်မည်။ ထိုသို့ မတ်မတ်တည် နေရန် ကြိုးစားလေ အနစ်မြန်လေ ဖြစ်မည်ကား မလွဲချေ။ စင်စစ်မှာ ထိုသူငယ်သည် သူ၏ကိုယ်ကို ရေပေါ်တွင် သစ်တုံးကဲ့သို့ အလျားလိုက် ဖြစ်စေရန်သာ ကြိုးစားသင့်ပေသည်။ ထိုအလေ့အကျင့်ကို ရရှိနိုင်စေရန် မကြောက်မရွံ့ သင်ယူလိုက်လျှင် ရေကူးတတ်ရန် မခဲယဉ်းလှတော့ချေ။
==ရေကြောက်တတ်သလား==
Line ၄၈ ⟶ ၃၀:
မထားမိရန် သတိပြုလျက် မကြောက်မရွံ့သာ ပြုလုပ်ပါ။ ထိုအခါ လက်ဖျားကလေးများဖြင့် အသာအယာဖေးမထားသည်မှ တစ်ပါး ကိုယ်ခန္ဓာတစ်ခုလုံးကို ရေတွင်ဖော့ထားနိုင်သည်ကို တွေ့လာပေလိမ့်မည်။ ထိုသို့ ပြုလုပ်နိုင်လျှင် ရေကူးစတင် လေ့ကျင့်ရန် သင့်လျော်ပြီ ဖြစ်သဖြင့် ရေထဲတွင် မည်ကဲ့သို့ ခြေနှင့်လက်များ လှုပ်ရှားရမည်ကိုသာ သင်ယူရန် လိုတော့သည်။ ဤအဆင့်တွင် ရေကူးသင်သူ တိုင်းလိုပင် စိတ်တုန် လှုပ်ကာ ရွံ့သွားတတ်ကြပေသည်။ စင်စစ်မှာလည်း ရေကူးအတတ်သည် နှုတ်ပြော လွယ်သလောက် လက်တွေ့လုပ်ရာတွင် ခက်ခဲသည်မှာ ယုံမှားဖွယ် မရှိချေ။
ရေကူးသင်ရာတွင် စံနစ်တကျ မှန်ကန်စွာ အသက်ရှုတတ် ရန်မှာ လွန်စွာအရေးကြီး၏။ ရေကူးသမားသည် ပါးစပ်မှ လေကို ရှူသွင်း၍ နှာခေါင်းမှဖြစ်စေ၊ ပါးစပ်မှဖြစ်စေ၊ သို့မဟုတ် နှစ်ခုစလုံးမှဖြစ်စေ လေကို ရှူထုတ်လေ့ရှိကြ၏။ လေကိုလျင်မြန်စွာ လေးလေးပင်ပင် ရှူသွင်း၍ ခပ်ညင်းညင်း ထုတ်တတ်ရန်မှာ ရေကူးသင်သူတို့အတွက် အရေးကြီးသော အချက်တစ်ခု ဖြစ်ပေသည်။
ထိုနည်းကို ကျင့်သားရစေရန် ခါးအထိ နက်သော ရေထဲသို့ ဆင်းပြီးလျှင် လေကို ပါးစပ်မှ အားပါးတရ ပထမ ရှူသွင်းလိုက်ပါ။ ထိုနောက်ကုန်း၍ ဒူးနှစ်ဘက်ကို လက်နှင့်ထောက်ထားပြီးလျှင် မျက်နှာကို ရေထဲနှစ်လျက် အသက်အောင့်ကာ တစ်မှ တစ်ဆယ်အထိ ရေတွက်ပါ။ ထိုနောက် မျက်နှာကိုဖော်၍ အသက်ရှုထုတ် လိုက်ပါ။ ထိုနည်းအတိုင်း ကျင့်သားရလာ၍ တစ်မှ ဆယ့်ငါးအထိ ရေအောက်တွင် မခဲယဉ်းဘဲ အသက်အောင့်နေနိုင်လာလျှင် ရေအောက်တွင်ပင် အသက်ရှူထုတ်ရန် ဆက်လက်၍ လေ့ကျင့်ပေးပါ။ ထိုမှတစ်ဖန် ကျင့်သား ရလာပြန်လျှင် မျက်နှာကို ရေမှမဖော်တော့ဘဲ ခေါင်းကို ဘေးသို့စောင်းကာ အသက်ရှူသွင်း၊ ရေအောက်တွင် လေရှူ
ထုတ်၊ ပြီးလျှင် အခြားတစ်ဖက်သို့ စောင်းကာ လေရှူသွင်း စသော အလေ့အကျင့်ကို ထပ်တလဲလဲ ပြုလုပ်ပေးခဲ့သော် ရေကူးရာတွင် မှန်ကန်စွာ အသက်ရှူတတ်လာမည် ဖြစ်၏။
ကမ်းစပ်ရေတိမ်တွင် ကိုယ်ကို ဖော့ထားနိုင်ခြင်းနှင့် အသက်ရှူခြင်းတို့ကို လေ့ကျင့်ပြီးသောအခါ ခြေခတ်ခြင်း၊ လက်ယက်ခြင်းတို့ကို တစ်ဆင့်တက်၍ လေ့ကျင့်နိုင်ပြီ ဖြစ်၏။ ရေထဲတွင် ခြေခတ်ခြင်းကို လေ့ကျင့်ရန် အကောင်းဆုံးနည်းမှာ ကမ်းစပ်တွင် ကိုင်တွယ်စရာတန်းတစ်ခု ပြုလုပ်ထား၍ အလျားမှောက်ကာ ထိုတန်းကို တံတောင်ဆစ်ကွေးချ၍ လက်နှင့် ကိုင်ထားပြီးလျှင် ခြေထောက်များကို ဆန့်တန်းကာ အထက်အောက် တစ်ဖက်တစ်လှည့်စီ လှုပ်ရှားပုတ်ခတ်ပေးခြင်းပင် ဖြစ်၏။ထိုသို့ လေ့ကျင့်သောအခါ ခြေထောက်များ၏အနေအထားသည် ရေကူးသည့်အခါတွင်ရှိမည့် အနေအထားတိုင်း ဖြစ်နေရန်လိုပေသည်။ ထိုသို့ ရေထဲတွင် မှောက်လျက် ခြေခတ်တတ်လာသည့်အခါ လက်နှင့် တန်းကိုမကိုင်ဘဲ ရေကူးခြင်းကို စတင် လေ့ကျင့်နိုင်ပေသည်။ စတင်ကူးသည့်အခါ လက်နှစ်ချောင်းကို ရှေ့သို့ ဆန့်တန်းလျက် လက်ဖဝါးနှစ်ဘက်ကို ထိစေပြီးလျှင် လက်ချောင်းများကို စုထားရလေသည်။ ခြေထောက်နှစ်ချောင်းကိုလည်း ဆန့်တန်း၍ ဖနောင့်နှစ်ခုကို ထိထားပြီးလျှင် ခြေဖျားများကို ဘေးဘက်သို့ အတန်ငယ် ကားနေစေရလေသည်။ ထိုနောက် ဆန့်ထားသော လက်နှစ်ချောင်းကို ခွဲကာ လက်ဖဝါးကို ဘေးသို့ လှည့်ပေး၍ နောက်ဘက်သို့ ပခုံးနှင့် တစ်ပြေး ညီညာလာသည့်တိုင်အောင် ယက်ပေးရလေသည်။ နောက်တစ်ကြိမ် ယက်ရန် လက်ဖဝါးနှစ်ဘက်ကို မျက်နှာ အောက်သို့ ပြန်၍ သိမ်းယူလိုက်သည့်အခါ ခြေထောက်များကို ဖနောင့်ချင်း ထိကပ်ထားရင်း ကွေးယူလိုက်ရလေသည်။ ထိုနောက်မှ တစ်ဖန်ဘေးဘက်သို့ ကန်ထုတ်ဆန့်တန်းလိုက်ပြီးလျှင် ချက်ခြင်းပြန်၍ စုပေးလိုက်ရလေသည်။ ဤနည်းမှာ ဖားကူးကူးနည်းပင် ဖြစ်၏။ ဖားကူးကူးနည်းဖြင့် ရေကူးတတ်လာသောအခါ အခြားကူးနည်းများကို အလွယ်တကူ သင်ယူ
နိုင်ပေမည်။ ဖားကူးကူးနည်းအပြင် အခြားလွယ်ကူသော ရေကူး
နည်းတို့မှာ ပက်လက်ဖားကူး ကူးနည်းနှင့် ဘေးတိုက် လက်
Line ၁၁၁ ⟶ ၅၁:
ရလေသည်။
သို့သော် ဤရေကူးနည်းသည် လွန်စွာပင်ပန်းသောနည်း ဖြစ်သည့်အပြင် ခန္ဓာကိုယ်၏ အတက်အကျ လှုပ်ရှားမှုများကြောင့် ကြည့်၍ မကောင်းလှချေ။
ရေကူးတတ်လာသည်နှင့် တစ်ပြိုင်နက် ရေကူးနည်း
Line ၁၆၄ ⟶ ၁၀၂:
အစရှိသဖြင့် ကစားနည်းအမျိုးမျိုး ရှိလေသည်။
==အသက်ကယ်ဆယ်ခြင်း==
ရေနစ်သေဆုံးကြသည့် သတင်းများကို ရံဖန်ရံခါ ကြားကြ
|