နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၅ -
ဒတ်ခ်ျရွှေခေတ်တွင် အခြားသော အနုပညာလက်ရာများနှင့်အတူ ယော့ ဗန် ဒန် ဗွန်ဒယ်(Joost van den Vondel) နှင့် ပီတာ ကော်နယ်လစ်ဇွန် ဟော့(P. C. Hooft) တို့၏ လက်ရာများဖြင့် စာပေသည်လည်း ကျော်ဇောခြင်းအတိ ရှိခဲ့လေသည်။ ၁၉ ရာစုတွင်လည်း မူတာတူလီ(Multatuli) ရေးသည့် ယခုအခါ အင်ဒိုနီးရှားနိုင်ငံဖြစ်လာသည့် ဒတ်ခ်ျကိုလိုနီနယ်များတွင် ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့သည်တို့ကို ရေးသားခဲ့သော စာများသည်လည်း ထင်ရှားသည်။ ၂၀ ရာစုတွင် ထင်ရှားသော စာရေးဆရာများတွင် ဂေါ့ဒ်ဖရီး ဘိုးမန်း(Godfried Bomans)၊ ဟာရီ မူလစ်ခ်ျ(Harry Mulisch)၊ ယန် ဝေါကာ(Jan Wolkers)၊ ဆိုင်မွန် ဗက်ဒေ့(Simon Vestdijk)၊ ဟယ်လာ ဟာဆယ်(Hella S. Haasse)၊ ဆီး နိုတီဘွန်း(Cees Nooteboom)၊Gerard Reve နှင့် ဝီလျံ ဖရက်ဒရစ် ဟားမန်း(Willem Frederik Hermans) တို့ ပါဝင်သည်။ ဂျူးလူမျုးတို့ မျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်းတွင် အသတ်ခံခဲ့ရသော အာနယ်ဖရန့်ခ်၏ Diary of a Young Girl သည် ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဒတ်ခ်ျဘာသာမှ အခြားသော ထင်ရှားသော ဘာသာတို့ဖြင့် ပြန်ဆိုထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။
 
ဒတ်ခ်ျရိုးရာဗိသုကာလက်ရာများကို အမ်စတာဒမ်မြို၊ လေဒင့်မြို့(Leiden)၊ ဒဲ့ဖ်မြို့(Delft)တို့တွင် ကောင်းစွာ ထိန်းသိမ်းထားပြီး တူးမြောင်းများတစ်လျှောက်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုမှအဆောက်အဦများကို တွေ့မြင်နိုင်သည်။ သစ်ဖြင့်ဆောက်လုပ်ထားသော ကျေးလက်ဗိသုကာလက်ရာများကို ဇာအမ်ဒမ်မြို့(Zaandam) နှင့် မာကန်ရွာ(Marken) တို့တွင် တွေ့နိုင်သည်။ ဒတ်ခ် အဆောက်အဦများ၏ ပုံတူလက်ရာများကို [[ဂျပန်နိုင်ငံ]]၊ [[နာကာဆာကီမြို့]]ရှိ Huis Ten Bosch ပန်းခြံတွင် တွေ့ရှိနိုင်သည်။ ဟော်လန်ရွာငယ်ပုံစံကို [[တရုတ်နိုင်ငံ]]၊ ရှန်ယန်းမြို့တွင် တည်ဆောက်ပြီးစီးလျက်ရှိသည်။ [[လေရဟတ်စက်လေရဟက်စက်|လေရဟန်လေရဟတ်]]၊ ကျူးလစ်ပန်း၊ သစ်သားရှူးဖိနပ်၊ ဒဲ့ဖ် အိုးထည်များနှင့် ဆေးခြောက်ပင် (cannabis) တို့သည် နယ်သာလန်နိုင်ငံကို လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည်များအကြားတွင် ရေပန်းစားသော အ‌ကြောင်းအရာများ ဖြစ်သည်။
 
နယ်သာလန်နိုင်ငံတွင် တင်းကျပ်သည့် လူမှုရေးဆိုင်ရာ ရှည်လျားသော သမိုင်းများရှိ‌ခဲ့သော်ငြား ယနေ့အခါတွင် မူယစ်ဆေးနှင့် သက်ဆိုင်သော မူဝါဒ၊ ညင်သာစွာ သေဆုံးခြင်းအား တရားဝင် ခွင့်ပြုပေးမှုတို့ကြောင့် လွတ်လပ်သော လစ်ဘရယ်နိုင်ငံတစ်ခုအဖြစ် ဆို၍ ရနေပြီဖြစ်သည်။ ၃၀၀၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လိင်တူခြင်း လက်ထပ်ထိန်းမြှားခြင်းအား တရားဝင်ခွင့်ပြုပေးခဲ့ပြီး လိင်တူလက်ထပ်ခြင်းအား ခွင့်ပြုပေးခဲ့သည့် ပထမဆုံးသောနိုင်ငံဖြစ်လာခဲ့သည်။<ref>{{cite news|url=http://transcripts.cnn.com/TRANSCRIPTS/0104/01/sm.10.html|title=Same-Sex Marriage Legalized in Amsterdam|date=1 April 2001|work=[[CNN]]|accessdate=၂၀ ဧပြီ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20160303221411/http://transcripts.cnn.com/TRANSCRIPTS/0104/01/sm.10.html|archivedate=3 March 2016}}</ref>