နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၃ -
နယ်သာလန်နိုင်ငံသည် ရော်တာဒမ်မြို့မှ [[အီရက်ဇမတ်]]နှင့် [[ဗာရွတ် ဆပင်နိုဇာ|ဆပင်နိုဇာ]]ကဲ့သို့သော ဒဿနိကပညာရှင်များ ပေါ်ထွန်းရာ မြေလည်း ဖြစ်သည်။ ဒေးကား၏ အရေးပါသော အတွေးအခေါ်များသည်လည်း နယ်သာလန်နိုင်ငံ၌ ၎င်း လေဒင့်တက္ကသိုလ်တွင် ပညာသင်စဉ်တွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရာစုနှင်များစွာအတွင်း ထိုတက္ကသိုလ်တွင် ပထဝီပညာရှင် ဂျိမ်း ဟတ်တန်(James Hutton)၊ ဗြိတိသျှဝန်ကြီးချုပ် ဂျွန် စတူးအတ် (John Stuart)၊ အမေရိကန်သမ္မတ [[ဂျွန် ကွင်စီ အဒမ်စ်]]၊ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်များ ဖြစ်ကျသော ဟန်းဒရစ် လိုရန်ဇ်(Hendrik Lorentz) နှင့် အန်ရီကို ဖာမီ(Enrico Fermi) တို့ ပညာသင်ကြားခဲ့ကြသည်။ ဒတ်ခ်ျ သိပ္ပံပညာရှင် ခရစ္စတင်းယန်း ဟေဂန်(Christiaan Huygens)(၁၆၂၉–၁၆၉၅) သည် [[စနေဂြိုဟ်|စေတန်ဂြိုဟ်]]၏ ဂြိုဟ်ရံလဖြစ်သော [[တိုက်တန် (ဂြိုဟ်ရံလ)|တိုင်တန်လ]]ကို ရှာဖွေတွေ့ရှိခဲ့ပြီး အလင်းသည် လှိုင်းသဏ္ဍန်ဖြင့် သွားသည်ဟု ယုံကြည်စွာ ငြင်းဆိုခဲ့သူ ဖြစ်သည်။ ထို့ပြင် ချိန်သီးနာရီကို တီထွင်ခဲ့ပြီး သင်္ချာညီမျှခြင်းများကို အသုံးပြုခဲ့သော ပထမဆုံးသော ရူပဗေဒပညာရှင်လည်းဖြစ်သည်။ အန်တိုနီ ဗန် လေဗင်ဟုပ်(Antonie van Leeuwenhoek) သည် မိုက်ခရိုစကုပ်ဖြင့် ကြည့်၍မြင်နိုင်သော ဆဲလ်တစ်လူံတည်းရှိသော သက်ရှိများ အကြောင်းကို ပထမဆုံး တွေ့ရှိ ဖော်ထုတ်ခဲ့သူ ဖြစ်သည်။
 
ဒတ်ခ်ျရွှေခေတ်တွင် အခြားသော အနုပညာလက်ရာများနှင့်အတူ ယော့ ဗန် ဒန် ဗွန်ဒယ်(Joost van den Vondel) နှင့် ပီတာ ကော်နယ်လစ်ဇွန် ဟော့(P. C. Hooft) တို့၏ လက်ရာများဖြင့် စာပေသည်လည်း ကျော်ဇောခြင်းအတိ ရှိခဲ့လေသည်။ ၁၉ ရာစုတွင်လည်း မူတာတူလီ(Multatuli) ရေးသည့် ယခုအခါ အင်ဒိုနီးရှားနိုင်ငံဖြစ်လာသည့် ဒတ်ခ်ျကိုလိုနီနယ်များတွင် ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့သည်တို့ကို ရေးသားခဲ့သော စာများသည်လည်း ထင်ရှားသည်။ ၂၀ ရာစုတွင် ထင်ရှားသော စာရေးဆရာများတွင် ဂေါ့ဒ်ဖရီး ဘိုးမန်း(Godfried Bomans)၊ ဟာရီ မူလစ်ခ်ျ(Harry Mulisch)၊ ယန် ဝေါကာ(Jan Wolkers)၊ ဆိုင်မွန် ဗက်ဒေ့(Simon Vestdijk)၊ ဟယ်လာ ဟာဆယ်(Hella S. Haasse)၊ ဆီး နိုတီဘွန်း(Cees Nooteboom)၊Gerard Reve နှင့် ဝီလျံ ဖရက်ဒရစ် ဟားမန်း(Willem Frederik Hermans) တို့ ပါဝင်သည်။ ဂျူးလူမျုးတို့ မျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်းတွင် အသတ်ခံခဲ့ရသော အာနယ်ဖရန့်ခ်၏[[အာနယ်ဖရန့်ခ်]]၏ Diary of a Young Girl သည် ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဒတ်ခ်ျဘာသာမှ အခြားသော ထင်ရှားသော ဘာသာတို့ဖြင့် ပြန်ဆိုထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။
 
ဒတ်ခ်ျရိုးရာဗိသုကာလက်ရာများကို အမ်စတာဒမ်မြို၊ လေဒင့်မြို့(Leiden)၊ ဒဲ့ဖ်မြို့(Delft)တို့တွင် ကောင်းစွာ ထိန်းသိမ်းထားပြီး တူးမြောင်းများတစ်လျှောက်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုမှအဆောက်အဦများကို တွေ့မြင်နိုင်သည်။ သစ်ဖြင့်ဆောက်လုပ်ထားသော ကျေးလက်ဗိသုကာလက်ရာများကို ဇာအမ်ဒမ်မြို့(Zaandam) နှင့် မာကန်ရွာ(Marken) တို့တွင် တွေ့နိုင်သည်။ ဒတ်ခ် အဆောက်အဦများ၏ ပုံတူလက်ရာများကို [[ဂျပန်နိုင်ငံ]]၊ [[နာဂါဆာကီမြို့]]ရှိ Huis Ten Bosch ပန်းခြံတွင် တွေ့ရှိနိုင်သည်။ ဟော်လန်ရွာငယ်ပုံစံကို [[တရုတ်နိုင်ငံ]]၊ ရှန်ယန်းမြို့တွင် တည်ဆောက်ပြီးစီးလျက်ရှိသည်။ [[လေရဟက်စက်|လေရဟတ်]]၊ ကျူးလစ်ပန်း၊ သစ်သားရှူးဖိနပ်၊ ဒဲ့ဖ် အိုးထည်များနှင့် ဆေးခြောက်ပင် (cannabis) တို့သည် နယ်သာလန်နိုင်ငံကို လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည်များအကြားတွင် ရေပန်းစားသော အ‌ကြောင်းအရာများ ဖြစ်သည်။